ကယားပြည်နယ်တွင် ကိုဗစ်-၁၉ ကယားပြည်နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုး ယနေ့ထပ်မံတွေ့ရှိသူ (၃၁) ဦး ရှိပြီး ယနေ့ထိ ဆေးရုံဆင်းခွင့်ရသူ (၄၀၄၂)ဦးရှိကာ ယနေ့သေဆုံးလူနာ(၂)ဦးရှိ
ကယားပြည်နယ်အတွင်းရှိ မြို့နယ်များတွင် Quarantine ထားရှိသူများနှင့် အောက်တိုဘာလ (၂၄)ရက်နေ့အထိ အနံ့ပျောက်၍ လာရောက်ပြသသူများ၊ ၎င်းတို့နှင့်ထိတွေ့ ဆက်စပ်သူ(၈၇) ဦးတို့အား Covid-19 Antigen Rapid Diagnostic Test (RDT) ဖြင့်စစ်ဆေးခဲ့ရာ (၃၁) ဦးမှာ Positive ဖြစ်ပါသဖြင့် ယနေ့ပိုးတွေ့လူနာသစ် (၃၁)ဦး ရှိရာ ၎င်းပိုးတွေ့လူနာများအနက် လွိုင်ကော် ဆေးရုံကြီးတွင် (၁) ဦး၊ လွိုင်ကော်မြို့နယ်ရှိ (PMC)များတွင်(၅)ဦး၊ ဘောလခဲမြို့ တပ်မတော်ဆေးရုံတွင်(၈)ဦး၊ ဘောလခဲ ဆေးရုံတွင်(၂) ဦးနှင့် brought death (၁)ဦး၊ ဘောလခဲမြို့နယ်ရှိ (PMC)များတွင် (၃)ဦး၊ ဖားဆောင်းမြို့နယ်ရှိ (PMC) များတွင် (၂)ဦး၊ မယ်စဲ့မြို့နယ်ဆေးရုံတွင် brought death (၁)ဦး၊ မယ်စဲ့မြို့နယ်ရှိ (PMC) များတွင် (၈)ဦး ထားရှိကုသပေးလျက်ရှိကြောင်း သိရှိရသည်။