ဖားဆောင်းမြို့နယ်တွင် ကိုဗစ်−၁၉ရောဂါ ကူးစက်ပြန့်ပွားမှု လျော့ကျစေရန် မြန်မာ၊ ရှမ်း၊ ကယား တိုင်းရင်းသား ဘာသာ များဖြင့် နှိုးဆော်ခြင်းများကို စဉ်ဆက်မပြတ် ဆက်လက်ဆောင်ရွက်
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်တွင် ကိုဗစ်−၁၉ရောဂါ ကူးစက်ပြန့်ပွားမှု လျော့ကျစေရန် ရည်ရွယ်၍ အသိပညာပေး နှိုးဆော်ခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်၈နာရီ အချိန်က တောင်ပေါ်ကျေးရွာတွင် မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့က ပူးပေါင်း၍ မြန်မာ၊ ရှမ်း၊ ကယား တိုင်းရင်းသား ဘာသာများဖြင့် ဆက်လက် ဆောင်ရွက်ခဲ့ကြသည်။