ကယားပြည်နယ်

ကယားပြည်နယ် ဆေးဝါးနှင့် ဆေးပစ္စည်းများ ဈေးကွက်စောင့်ကြည့် စစ်ဆေးကြပ်မတ်ရေး အဖွဲ့မှ လွိုင်ကော်မြို့အတွင်းရှိ ဆေးဆိုင်များအား သွားရောက်ကြည့်ရှုစစ်ဆေး

လွိုင်ကော်မြို့အတွင်း ရောင်းချနေသည့် ဆေးဝါးနှင့် ဆေးပစ္စည်းဆိုင်များအား ဈေးကွက်အတွင်း ဈေးနှုန်းအဆမတန်မြှင့်တင်ရောင်းချခြင်း မရှိစေရေးအတွက် ကယားပြည်နယ် ဆေးဝါးနှင့် ဆေးပစ္စည်းများ ဈေးကွက်စောင့်ကြည့်စစ်ဆေးကြပ်မတ်ရေးအဖွဲ့သည် ယနေ့နံနက် ၁၀ နာရီမှစ၍ မြို့ပေါ်ရပ်ကွက် အတွင်းရှိ ဆေးဝါးနှင့် ဆေးပစ္စည်းဆိုင်များအား ကွင်းဆင်း စစ်ဆေး ဆောင်ရွက်ခဲ့သည်။

ကယားပြည်နယ်အစိုးရအဖွဲ့မှ ပရိယတ္တိစာသင်တိုက်များ ၊ ဘုန်းတော်ကြီးကျောင်းများ ၊ သီလရှင်ကျောင်းများသို့ အလှူတော်ငွေများပေးအပ်လှူဒါန်း

  ကယားပြည်နယ်အတွင်းရှိ  ပရိယတ္တိစာသင်တိုက်များ ၊ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင် ကျောင်းများသို့ ၊ ဆွမ်းဟင်းလျာများအတွက် ကယားပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ် လွှတ်တော်ရုံးတို့မှ အလှူတော်ငွေများပေးအပ်လှူဒါန်းခြင်းကို ယနေ့ နံနက် ၉ နာရီ အချိန်က ၊ ကယားပြည်နယ်အစည်းဝေးခန်းမဆောင်၌ ကျင်းပပြုလုပ်ခဲ့သည်။ 

မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်နိုင်ရေး အသိပေးနှိုးဆော်ခြင်းနှင့် ပါးစပ်နှင့် နှာခေါင်းစည်း (Mask) များ အခမဲ့ ဖြန့်ဝေ

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ တတိယလှိုင်း ကူးစက်မှု လျော့ပါးစေရေးအတွက် နိုင်ငံတော်အစိုးရ အနေဖြင့် ဘက်ပေါင်းစုံ၊ ကဏ္ဍပေါင်းစုံမှ ဆောင်ရွက်ပေးလျက်ရှိပြီး တိုင်းဒေသကြီး၊ ပြည်နယ်များ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလှုပ်ငန်းများနှင့် အသိပေးနှိုးဆော်ခြင်း လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ကယားပြည်နယ်၊ မယ်စဲ့မြို့နယ်တွင်လည်း ယနေ့နံနက် ၉ နာရီခွဲက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းခွင်များ၊ မယ်စဲ့-ဟိုစဲ့-ဘီပီ(၁၄)လမ်းမကြီးနှင့် အထက(မယ်စဲ့) ကျောင်းရှေ့တို့၌ ဆောင်ရွက်ခဲ့သည်။

လွိုင်ကော်မြို့ နောင်ယားကန်နှင့် မင်းချောင်းကန်သာသို့ ငါးမျိုးစိုက်ထည့်ခြင်း လုပ်ငန်း ဆောင်ရွက်

ကယားပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနသည် ပြည်နယ်အတွင်း ငါးသယံဇာတများ ထိန်းသိမ်း စေရေး ၊ ငါးမျိုးပြန့်ပွားစေရေး ၊ ငါးထုတ်လုပ်မှုတိုးတက်စေရေးနှင့် ဒေသခံတိုင်းရင်းသား ပြည်သူများ အလုပ်အကိုင်နှင့် ဝင်ငွေရရှိစေရေးအတွက် ရည်ရွယ်၍ ပြည်နယ်အတွင်းရှိ သဘာဝ ရေပြင်များဖြစ်သည့် ရေကန်များ ၊ ချောင်းများနှင့် ဆည်တမံများအတွင်းသို့ ငါးမျိုးများ စိုက်ထည့်ခြင်းကို နှစ်စဉ်ဆောင်ရွက်လျက်ရှိရာ ယခုနှစ်တွင် တတိယအကြိမ်ငါးမျိုးများ စိုက်ထည့်မှုအဖြစ် ယနေ့နံနက် ၉ နာရီတွင် လွိုင်ကော်မြို့နယ် ၊ နောင်ယားကန် တွင် ထိုင်းငါးခုံးမကြီး ငါးသားပေါက်ကောင်ရေ (၂၀၀၀၀) ၊ ရွှေဝါငါးကြင်း ငါးသားပေါက်ကောင်ရေ (၁၀၀၀၀) ၊ ခေါင်းကြီးငါးကြင်း ငါးသားပေါက်ကောင်ရေ (၁၀၀၀၀) ၊ မင်းချောင်းကန်သာတွင် ထိုင်းငါးခုံးမကြီး ငါးသားပေါက်ကောင်ရေ (၅၀၀၀) နှင့် ရွှေဝါငါးကြင်း ငါးသားပေါက်ကောင်ရေ (၅၀၀၀) တို့အား ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကိုကျင်းပခဲ့သည်။

ဘောလခဲမြို့အတွင်းရှိ နိုင်ငံ့ဝန်ထမ်းမျာ၊ လူမှု​ရေးအသင်းအဖွဲ့ဝင်များ၊ အသက်(၆၅)နှစ်အထက် သက်ကြီးရွယ်အိုများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေး

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့တွင် မြို့နယ်တွင်းရှိ နိုင်ငံ့ဝန်ထမ်းမျာ၊ လူမှု​ရေးအ သင်းအဖွဲ့ဝင်များ၊ အသက်(၆၅)နှစ်အထက် သက်ကြီးရွယ်အိုများအားဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့ နံနက် ၈နာရီ အချိန်က မြို့နယ်ပြည်သူ့ ဆေးရုံတွင်ပြုလုပ်ခဲ့သည်။

ဖားဆောင်းမြို့တွင်းရှိ အသက်(၆၅)နှစ်အထက် သက်ကြီးရွယ်အိုများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေး

ကယားပြည်နယ်၊ဘောလခဲခရိုင်၊ဖားဆောင်းမြို့နယ်တွင် မြို့နယ်တွင်းရှိ အသက်(၆၅)နှစ် အထက် သက်ကြီးရွယ်အိုများအားဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်း ကိုယနေ့နံနက်၈နာရီ အချိန်က မြို့နယ်ပြည်သူ့ဆေးရုံကြီးတွင် ပြုလုပ်သည်။

ဖားဆောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် မြို့ပေါ်ရပ်ကွက်နှင့်ကျေးရွာများသို့ အသိပညာပေးနှိုးဆော်

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံမှုများ လျော့နည်းစေရေးနှင့် ကာကွယ်ထိန်းချုပ်နိုင်ရေးလုပ်ငန်းများကို ပြည်သူများ ကျယ်ကျယ် ပြန့်ပြန့် သိရှိနိုင်စေရန်အတွက်အသံချဲ့စက်ဖြင့် အသိပညာပေးနှိုးဆော်ခြင်းလုပ်ငန်းကို အရှိန် အဟုန်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၉ နာရီက မြို့ပေါ်ရပ်ကွက်များဖြစ်သည့် တောင်ပိုင်းရပ်ကွက်၊ မြောက်ပိုင်းရပ်ကွက်နှင့် တောင်ပေါ်ကျေးရွာ၊ စုစည်းကျေးရွာတို့၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဖား​ဆောင်းမြို့နယ်၌ ကိုဗစ်-၁၉ အသိပညာ​ပေးပိုစတာများ ချိတ်ဆွဲခြင်းနှင့် နှာခေါင်းစည်း(Mask)များ အခမဲ့ဖြန့်​ဝေ

ကယားပြည်နယ်​ ဘောလခဲခရိုင် ဖား​ဆောင်းမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်နိုင်ရန်နှင့် ကူးစက်ပြန့်ပွားမှုများအား ထိန်းချုပ်နိုင်ရန် အတွက် နှာ​ခေါင်းစည်း(Mask)များ အခမဲ့ဖြန့်​ဝေ​ပေးခြင်းနှင့် ကိုဗစ်-၁၉ အသိပညာ​ပေးပိုစတာများ ချိတ်ဆွဲခြင်းကို ယ​နေ့နံနက် ၇ နာရီခွဲ အချိန်က မြို့​ပေါ်ရပ်ကွက်ရှိ လူစည်ကားရာ​နေရာများသို့ သွား​​ရောက်ကွင်းဆင်း​ ဆောင်ရွက်ခဲ့ကြသည်။

ရွာသစ်မြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

ကယားပြည်နယ်၊ဘောလခဲခရိုင်၊ရွာသစ်မြို့တွင်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေးကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းက မြို့အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရွာသစ်မြို့၌ ပြည်သူများ ကုန်စည်ပြတ်လတ်မှုမရှိစေရေး ယာဉ်လိုင်းများအား သတ်မှတ်ရက်များအတွင်း သွားလာခွင့်ပြု

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ရွာသစ်မြို့တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး ကော်မတီ စုပေါင်းစစ်ဆေးရေး ဂိတ်၌ ပြည်သူများ စားဝတ်နေရေး အဆင်ပြေချောမွေ့စေရန် ရည်ရွယ်၍ ကုန်စည်စီးဆင်းမှုပြတ်လပ်မှုမရှိစေရေး အိမ်စီးကားများ၊ ကုန်တင်ကားများအား ယနေ့တွင် သွားလာခွင့်ပြုပေးခဲ့ကြောင်း သိရသည်။
Subscribe to ကယားပြည်နယ်