လွိုင်ကော်မြို့နယ်အတွင်း အသက် ၆၅ နှစ်နှင့်အထက် သက်ကြီးရွယ်အိုများအား ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေး
ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးသည့် အသက် ၆၅ နှစ်နှင့်အထက် သက်ကြီးရွယ်အိုများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီမှ စတင်၍ စုရပ် ၄ နေရာခွဲကာ ထိုးနှံပေးခဲ့သည်။