ကယားပြည်နယ်ဝန်ကြီးချုပ် မြို့သန့်ရှင်းသာယာရေးလုပ်ငန်းများ ဆောင်ရွက်မှုကြည့်ရှုအားပေး၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါပိုးစီကျေးရွာတွင် ပြန်လည်ဝင်ရောက်နေထိုင်သည့် ပြည်သူများအား အိမ်ဆောက်ပစ္စည်းများနှင့် ထောက်ပံ့ငွေများပေးအပ်
ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် မြို့သန့်ရှင်းသာယာလှပရေးလုပ်ငန်းများကို အစဉ်တစိုက် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်က ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည် ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါလျက် လွိုင်ကော်မြို့၊ ထေးငှားလျားကန်နှင့် ကန်ပတ်ဝန်းကျင်သန့်ရှင်းသာယာရေးဆောင်ရွက်နေမှု ကြည့်ရှုအားပေးပြီး ဒီးမော့ဆိုမြို့နယ်၊ ဒေါပိုးစီကျေးရွာနေ ပြည်သူများနှင့်တွေ့ဆုံ၍ အိမ်ဆောက်ပစ္စည်းများ၊ ထောက်ပံ့ငွေများပေးအပ်သည်။