ဘောလခဲမြို့ Quarantine Center ထားရှိနေရာ အဆောက်အဦဘေးပတ်ဝန်းကျင် စုပေါင်းသန့်ရှင်း ရေးဆောင်ရွက်
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေး Quarantine Center ထားရှိသော အဆောက်အဦ ဘေးပတ်ဝန်းကျင်အား စုပေါင်း သန့်ရှင်းရေးဆောင်ရွက်ခြင်းကို ဘောလခဲမှ ဒေါတမကြီးသွားလမ်း မဘေးရှိ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန FDA ရုံးဝန်းအတွင်း၌ ယနေ့ နံနက်(၇)နာရီ အချိန်က စတင်ဆောင်ရွက်ခဲ့ သည်။