မယ်စဲ့မြို့နယ်တွင် ၂ နှစ်အောက် ကလေးငယ်များအား အာဟာရပြည့်ဝစွာ ရရှိစေရေး အာဟာရမှုန့်များ ဖြန့်ဝေ
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကလေးငယ်များ တစ်ရက်တာ လိုအပ်သော အာဟာရများ ရရှိစေရေးအတွက် Micronutrient Powder (အဏုအာဟာရမှုန့်) များကို ယနေ့ နံနက်က တောင်ပိုင်းရပ်ကွက် ရပ်ကွက်အုပ်ချုပ်ရေးမှူးအိမ်၌ အခမဲ့ဖြန့်ဝေပေးလျက်ရှိသည်။