မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ မဖြစ်ပွားစေရေး ကြိုတင်ကာကွယ်နိုင်ရေးအတွက် Mask တပ်ဆင်မှု ရှိ/မရှိ စစ်ဆေး
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ မဖြစ်ပွားစေရေး ကြိုတင်ကာကွယ်နိုင်ရေး အတွက် လမ်းသွားလမ်းလာ ပြည်သူများအား Mask တပ်ဆင်ခြင်း ရှိ/မရှိကို ယနေ့ နံနက် ၉ နာရီက မယ်စဲ့မြို့နယ် မြောက်ပိုင်းရပ်ကွက် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးရှေ့နှင့် တောင်ပိုင်းရပ်ကွက် မြို့မဘုန်းကြီးကျောင်းရှေ့၌ ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။