ကယားပြည်နယ်ဝန်ကြီးချုပ် လွိုင်ကော်မြို့ သီရိမင်္ဂလာပုံဟော်ကြီး ပရိယတ္တိစာသင်တိုက် အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲအောင်ပွဲနှင့် သိမ်တော်ပြုပြင်ပြီးစီးမှု ရေစက်ချအခမ်းအနားတက်ရောက်
ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ မင်္ဂလာရပ်ကွက်၊ သီရိမင်္ဂလာပုံဟော်ကြီး ပရိယတ္တိစာသင်တိုက်၌ အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲအောင်ပွဲနှင့် သဒ္ဓမ္မဝိပုလသိမ်တော်ပြုပြင်ပြီးစီး၍ ရေစက်ချမင်္ဂလာအခမ်းအနားကို ဇူလိုင် ၁ ရက်နေ့နံနက်က ကျင်းပရာ ကယားပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အလှူရှင်များနှင့်အတူ တက်ရောက်ပူဇော်ခဲ့ကြသည်။