ကယားပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်ဘိုးဘွားရိပ်သာရှိ အဘိုးအဘွားများသို့ ဆေးဝါးနှင့် အာဟာရဖြည့်စားသောက်ဖွယ်ရာများ ပေးအပ်လှူဒါန်း
ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ပြည်နယ်ဘိုးဘွားရိပ်သာတွင် အဘိုးအဘွားများ နေထိုင်စားသောက်မှုပိုမိုအဆင်ပြေစေရေးအတွက် ဧပြီ (၁၀) ရက်နေ့နံနက်က ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှုခဲ့ကြသည်။