ကယားပြည်နယ်ဝန်ကြီးချုပ် နွေရာသီအခြေခံအားကစားသင်တန်းဖွင့်ပွဲတက်ရောက်၊ အခြေခံပညာ Grade-5 နှင့် Grade-9 စာမေးပွဲဖြေဆိုမှုများ ကြည့်ရှုအားပေး
ကယားပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ၂၀၂၅ ခုနှစ်၊ နွေရာသီအခြေခံ အားကစားသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက လွိုင်ကော်မြို့၊ အားကစားနှင့် ကာယပညာသိပ္ပံ(လွိုင်ကော်) စုပေါင်းလေ့ကျင့်ရေးခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ အခြေခံအားကစားသင်တန်းတက်ရောက်မည့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။