ကယားပြည်နယ်ဝန်ကြီးချုပ် အခြေခံပညာကျောင်းများနှင့် အားကစားနှင့်ကာယပညာသိပ္ပံကျောင်း ဖွင့်လှစ်ရန်ပြင်ဆင်နေမှုများအား ကြည့်ရှုစစ်ဆေး
ကယားပြည်နယ်အစိုးရအဖွဲ့သည် အဆင့်မြင့်ပညာ၊ အခြေခံပညာကျောင်းများနှင့် သိပ္ပံကျောင်းများ ဖွင့်လှစ်ရန် ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်က ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည် တာဝန်ရှိသူများနှင့်အတူ အခြေခံပညာအထက်တန်းကျောင်းခွဲ(နမ့်ကွတ်)၊ အမှတ်(၇)အခြေခံပညာအထက်တန်းကျောင်းနှင့် အားကစားနှင့်ကာယပညာသိပ္ပံ (လွိုင်ကော်) ကျောင်းများ ဖွင့်လှစ်ရန် ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှု အခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးသည်။