ကယားပြည်နယ် လွိုင်ကော်မြို့ကျက်သရေဆောင် ဆုတောင်းပြည့် မြို့နာမ်စေတီတော်မြတ်ကြီး၌ ဥပ္ပါတသန္တိပရိတ်တော်ရွတ်ပွားပူဇော်ခြင်းမင်္ဂလာအခမ်းအနား ကျင်းပ
ကယားပြည်နယ်အစိုးရအဖွဲ့မှ ဦးစီး၍ လွိုင်ကော်မြို့ ကျက်သရေဆောင် ဆုတောင်းပြည့် မြို့နာမ်စေတီတော်မြတ်ကြီးအား ဗုဒ္ဓါဘိသေက အနေကဇာတင် လှူပူဇော်ခြင်း၊ ဥပ္ပါတသန္တိ ပရိတ်တော်ရွတ်ပွားပူဇော်ခြင်းနှင့် နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်း အလှူတော်မင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းက မြို့နာမ်စေတီတော် ဓမ္မာရုံအတွင်း၌ ကျင်းပပြုလုပ်ခဲ့ရာ ဆရာတော် သံဃာတော်အရှင်သူမြတ်များ၊ ကယားပြည်နယ်အစိုးရအဖွဲ့ ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။