လွိုင်ကော်မြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းတိုက်များနှင့် သီလရှင်ကျောင်းတိုက်များသို့ ဆန် ၊ ဆီ ၊ ဆား ၊ ပဲစသော လှူဖွယ်ဝတ္တုများ ဆက်ကပ်လှူဒါန်းခြင်းအခမ်းအနား ကျင်းပပြုလုပ်
ကယားပြည်နယ်၊ လွိုင်ကော်မြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းတိုက်များနှင့် သီလရှင်ကျောင်းတိုက်များသို့ ဆန် ၊ ဆီ ၊ ဆား၊ ပဲစသောလှူဖွယ်ဝတ္တုများ ဆက်ကပ်လှူဒါန်းခြင်းအခမ်းအနားကို ယနေ့နံနက်(၁၀:၀၀)နာရီအချိန်တွင် ကယားပြည်နယ်အစိုးရအဖွဲ့ရုံး၌ ကျင်းပပြုလုပ်ရာ ပင့်ဖိတ်ထားသော သံဃာတော်များ၊ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ ၊ ဌာနဆိုင်ရာများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။