ကယားပြည်နယ်အတွင်းရှိ ရေကြီးနစ်မြုပ်ခဲ့သော ငါးမွေးမြူရေးကန်များအတွက် ငါးသားပေါက်များ အခမဲ့ပေးအပ်ပွဲ လွိုင်ကော်မြို့၌ကျင်းပ
ကယားပြည်နယ်အတွင်းရှိ ရေးကြီးနစ်မြုပ်ခဲ့သော ငါးမွေးမြူရေးကန်များအတွက် ငါးသားပေါက်များ အခမဲ့ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နေ့လယ်ပိုင်းက လွိုင်ကော်မြို့ မြို့နယ်ခန်းမ၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်မျိုးတင်၊ ပြည်နယ်တရာသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ ငါးမွေးတောင်သူများ တက်ရောက်ခဲ့ကြသည်။