မယ်စဲ့မြို့နယ်တွင် နှစ်သစ်ကူးအန္တရာယ်ကင်းပရိတ်ရွတ်ပွဲ ကျင်းပ
ကယားပြည်နယ်၊ မယ်စဲ့ခရိုင်၊ မယ်စဲ့မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့မိမြို့ဖများပူးပေါင်း၍ ပြည်သူများဘေးအန္တရာယ်ကင်းရှင်းစေရန်ရည်ရွယ်၍ ဌာနဆိုင်ရာရုံးများနှင့် ရပ်ကွက်များ၌ နှစ်သစ်ကူးအန္တရာယ်ကင်း ပရိတ်တော်များ ရွတ်ဖတ်ပွဲကို ဧပြီ ၁၇ ရက် (မြန်မာနှစ်ဆန်းတစ်ရက်) ညနေ ၄ နာရီကကျင်းပခဲ့ကြောင်း သိရသည်။