လွိုင်ကော်မူလတန်းကြိုကျောင်း၊ ကျောင်းဆင်းဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်းနှင့် ပဒေသာကပွဲပြုလုပ်
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ လွိုင်ကော်မူလတန်းကြိုကျောင်းခန်းမ၌ ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က ကျောင်းဆင်းဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်းနှင့် ပဒေသာကပွဲကို ပြုလုပ်ကျင်းပခဲ့သည်။