လွိုင်ကော်မြို့၌ ကယားပြည်နယ်အစိုးရအဖွဲ့မှ ယာယီနေရပ်စွန့်ခွာသူပြည်သူများအား ထောက်ပံ့ငွေ၊ ဆောက်လုပ်ရေးပစ္စည်းများနှင့် အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနား ကျင်းပ
ကယားပြည်နယ်အစိုးရအဖွဲ့မှ ယာယီနေရပ်စွန့်ခွာသူပြည်သူများအား ထောက်ပံ့ငွေ၊ ဆောက်လုပ်ရေးပစ္စည်းများနှင့် အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က လွိုင်ကော်မြို့၊ ပြည်နယ်ခန်းမ၌ ကျင်းပခဲ့ရာ ကယားပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်မျိုးတင်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်ကျေးရွာအသီးသီးမှ ရပ်မိရပ်ဖများ၊ ယာယီနေရပ်စွန့်ခွာသူပြည်သူများ တက်ရောက်ခဲ့ကြသည်။