အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံ၊ အဆင့်မြင့်အပ်ချုပ်စက် သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်တွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တစ်ပိုင်တစ်နိုင်စီးပွားရေးလုပ်ငန်းများ တိုးချဲ့လုပ်ကိုင်နိုင်စေရန် ရည်ရွယ်၍ ကြီးမှူးဖွင့်လှစ်သည့် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံ၊ အဆင့်မြင့်အပ်ချုပ်စက်သင်တန်းဆင်းပွဲကို အခမ်းအနားကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်က တောင်ပိုင်းရပ်ကွက်ရှိ မြို့လယ်ဓမ္မာရုံ ကျင်းပပြုလုပ်ခဲ့သည်။