ကယားပြည်နယ်

(၇၅)နှစ်မြောက်၊ စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများနှင့် ရိုးရာအားကစားပြိုင်ပွဲများကို  လွိုင်ကော်မြို့၌ကျင်းပ

(၇၅)နှစ်မြောက်၊ စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများနှင့် ရိုးရာအားကစား ပြိုင်ပွဲများကို ယနေ့နံနက် ၁၀ နာရီအချိန်က ကယားပြည်နယ် လွိုင်ကော်မြို့ရှိ အခြေခံပညာကျောင်း များ၊ ပြည်နယ်အားကစားကွင်း၊ အားကစားနှင့်ကာယပညာသိပ္ပံကျောင်း အားကစားရုံများ၌ ပျော်ရွှင်စွာ ကျင်းပပြုလုပ်လျက်ရှိသည်။

ပွန်ချောင်းရေတင် ဟင်းသီးဟင်ရွက်စိုက်ခင်းဖြင့် ‌ဒေသခံစိုက်ပျိုးတောင်သူများ အပိုဝင်ငွေရရှိ

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့နယ်တွင်းရှိ ပွန်ချောင်းဘေးတစ်လျှောက် နှုန်းတင်မြေနုများပေါ်တွင် ဒေသခံစိုက်ပျိုးတောင်သူများမှ တစ်ပိုင်တစ်နိုင်စိုက်ခင်း များဖြင့် အပိုဝင်ငွေများရရှိ၍ အဆင်ပြေလျက်ရှိသည်။

ဖားဆောင်းမြို့၌ (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် အကြိုဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲ၊ နံရံကပ်စာစောင်ပြပွဲကျင်းပ

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဦးစီးဌာနတို့ပူးပေါင်း၍ (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို ဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့်နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက်(၉)နာရီအချိန်က (ကထက)ဖားဆောင်းကျောင်းပညာရတနာခန်းမဆောင်၌ ကျင်းပပြုလုပ်ခဲ့သည်။

(၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို အားကစားပြိုင်ပွဲကျင်းပ 

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်၊ မြောက်ပိုင်းရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်းတွင် (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့အကြိုကျောင်းတွင်း ဘောလုံးကန်ပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ ပြေးခုန်ပစ်အားကစားပြိုင်ပွဲများကို ယမန်နေ့နံနက်(၉)နာရီက အဆိုပါကျောင်း၀န်းအတွင်း၌  ကျင်းပခဲ့သည်။

ကယားပြည်နယ်၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၉/၂ဝ၂၂)ကျင်းပ

ကယားပြည်နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့်ဆောင်ရွက်မည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၉/၂၀၂၂)ကို ယနေ့နံနက်ပိုင်းက ကယားပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့များ တက်ရောက်ခဲ့ကြသည်။

(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါး၊ ပြိုင်ပွဲများကျင်းပ

ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ အမှတ်(၁)၊ အခြေခံပညာအထက်တန်းကျောင်း ပညာရတနာခန်းမဆောင်၌ ယမန်နေ့နံနက် ၉ နာရီအချိန်က ၂၀၂၃ ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် အထက်တန်းအဆင့် စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါး ပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့သည်။

(၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်  စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါး၊ ပြိုင်ပွဲကျင်းပ

ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း ပညာရတနာခန်းမဆောင်၌ ဒီဇင်ဘာလ ၂၇ ရက်နေ့ နံနက် ၉ နာရီ အချိန်က ၂၀၂၃ ခုနှစ်၊ ( ၇၅) နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် အထက်တန်းအဆင့် စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါး ပြိုင်ပွဲကျင်းပ ပြုလုပ်ခဲ့သည်။

သီး​​မွှေးတစ်သျှူးငှက်​ပျောစိုက်ခင်း အောင်မြင်ဖြစ်ထွန်း​​နေမှု ကွင်းဆင်းစစ်​ဆေး

ကယားပြည်နယ်၊​ ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ် မြို့နယ်အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာနမှ ​တောင်​ပေါ်​ကျေးရွာတွင် စိုက်ပျိုးထားရှိသည့် သီး​မွေးတစ်သျှူးငှက်​ပျောစိုက်ခင်း​အောင်မြင်ဖြစ်ထွန်းမှုအား ယ​နေ့နံနက် ၉ နာရီအချိန်က မြို့နယ်အုပ်ချုပ်​​ရေးမှူး ဦးသက်မြင့်ဦး ဦး​ဆောင်သည့် စိုက်ပျိုး​ရေးကြီးကြပ်မှု​ကော်မတီဝင်များက ကွင်းဆင်းကြည့်ရှုခဲ့​ကြောင်း သိရသည်။

မယ်စဲ့မြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အကြို ဟောပြောပွဲ ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကျင်းပ

ကယားပြည်နယ်၊  မယ်စဲ့ခရိုင်၊ မယ်စဲ့မြို့နယ်၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အကြိုဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကို ယနေ့မွန်းလွဲ   ၂ နာရီခွဲက မယ်စဲ့မြို့ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

လွိုင်ကော်မြို့၌ အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်းဆိုင်ရာဆွေးနွေးပွဲ အခမ်းအနားကျင်းပ

အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်းဆိုင်ရာဆွေးနွေးပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက လွိုင်ကော်မူလတန်းကြိုကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to ကယားပြည်နယ်