ဘောလခဲမြို့ပြည်သူ့ဆေးရုံတွင် ကိုဗစ်-၁၉ ရောဂါ ပုံမှန်ကာကွယ်ဆေး လုံးဝမထိုးရသေးသူများနှင့် Booster Dose အပိုဆောင်းကာကွယ်ဆေး စတုတ္ထအကြိမ် ဆက်လက်ထိုးနှံပေး
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့နေပြည်သူများ ကိုယ်ဗစ်(၁၉)ရောဂါ ကာကွယ်ဆေး လုံးဝမထိုးရသေးသူများ၊ ပထမအကြိမ်၊ ဒုတိယအကြိမ်၊ တတိယအကြိမ်နှင့် Booster Dose အပိုဆောင်းကာကွယ်ဆေး စတုတ္ထအကြိမ်မြောက် ကိုဗစ်(၁၉)ရောဂါ ကာကွယ်ဆေးထပ်မံထိုးနှံပေးခြင်းကို ယနေ့နံနက် (၉)နာရီအချိန် က ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ဆက်လက်ထိုးနှံပေးလျှက်ရှိသည်။