တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိ အား လက်ခံတွေ့ဆုံ

နေပြည်တော်  ဇန်နဝါရီ  ၁၂

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည်          တရုတ်ပြည်သူ့သမ္မတနိုင်ငံ       နိုင်ငံတော်ကောင်စီဝင်နှင့်  နိုင်ငံခြားရေး ဝန်ကြီး မစ္စတာဝမ်ယိအား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ   ဇေယျာသီရိဗိမာန်    ဧည့်ခန်းမဆောင်၌   လက်ခံတွေ့ဆုံသည်။

အဆိုပါ   တွေ့ဆုံပွဲသို့      တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး   (ကြည်း)   မှ    ဒုတိယဗိုလ်ချုပ်ကြီး   ထွန်းထွန်းနောင်နှင့် တပ်မတော်အရာရှိကြီးများ    တက်ရောက်ကြပြီး   တရုတ်ပြည်သူ့သမ္မတနိုင်ငံ       နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေး ဝန်ကြီးနှင့်အတူ    မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး  မစ္စတာချန်းဟိုင်နှင့် အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ခဲ့ကြကြောင်း     တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး၏    သတင်းထုတ်ပြန်ချက်အရ  သိရသည်။

သတင်းစဉ်