Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကာလတွင် ရုပ်ရှင်လုပ်ငန်းများ ပြန်လည်လည်ပတ်နိုင်ရေးနှင့်စပ်လျဉ်း၍ ဦးဆ

နေပြည်တော် ဇူလိုင် ၂၈

Coronavirus Disease 2019(COVID-19)ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသား အဆင့်ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကာလတွင် ရုပ်ရှင်လုပ်ငန်းများ ပြန်လည် လည်ပတ်နိုင်ရေးနှင့်စပ်လျဉ်း၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမြင့်ထွေး၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ  ဦးညီညီထွန်းလွင်၊ မင်္ဂလာ ရုပ်ရှင်ရုံများအုပ်စုဥက္ကဋ္ဌ ဦးဇော်မင်းတို့နှင့် ယနေ့နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော် သမ္မတအိမ်တော် အစည်းအဝေးခန်းမ၌ Video Conferencing စနစ်ဖြင့် ချိတ်ဆက် တွေ့ဆုံ၍ လက်တွေ့အခြေအနေများကို အပြန်အလှန် ဆွေးနွေးသည်။

ရှေးဦးစွာ Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ ဥက္ကဋ္ဌ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က နှုတ်ခွန်းဆက် စကားပြောကြားရာတွင် ယခုအခါတွင် ကိုဗစ်နှင့် ပတ်သက်ပြီး ပြည်သူများပေါ့ဆ လာသည်ကို ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက များစွာစိုးရိမ်နေပါကြောင်း၊ ယခု အချိန်သည် ပေါ့ဆ၍ရသည့်အချိန် မဟုတ်သေးသည့်အတွက် ဆက်လက်၍ သတိနှင့်နေထိုင် ရမည်ဖြစ်ပါ ကြောင်း၊ ရုပ်ရှင်လုပ်ငန်းကိုလည်း အခြားလုပ်ငန်းများနည်းတူ အမြန်ပြန်လည် လည်ပတ်စေ လိုပါကြောင်း၊ ရုပ်ရှင်လုပ်ငန်းများကို အမြန်ပြန်လည် လည်ပတ်စေလို သော်လည်း တစ်ဖက်တွင် ကျန်းမာရေးအတွက် စဉ်းစားစရာများရှိပါကြောင်း၊ တချို့ နိုင်ငံများတွင် ကိုဗစ်ရောဂါကို ထိန်းချုပ်နိုင်ပြီဟုထင်မြင်ပြီးမှ ပြန်လည်၍ တစ်ကျော့ပြန် ဖြစ်ပွားနေပါ ကြောင်း။

မိမိတို့နိုင်ငံတွင် ကိုဗစ်ရောဂါကာကွယ်ရေးသည် အဓိကကျပါကြောင်း၊ အဘယ်ကြောင့် ဆိုသော် ကုသရေးစရိတ်သည် မိမိတို့နိုင်ငံကဲ့သို့ ဖွံ့ဖြိုးမှုမရှိသေးသည့် နိုင်ငံ အတွက် များစွာ ကြီးလေးသည့် ဝန်တစ်ခုဖြစ်ပါကြောင်း၊ ထို့ကြောင့် ကာကွယ်ရေးကို ဂရုစိုက်ရခြင်း ဖြစ်ပါ ကြောင်း၊ ရုပ်ရှင်လုပ်ငန်းများနှင့်ပတ်သက်၍ ယနေ့တွင် အကြမ်းအားဖြင့် နှစ်မျိုး ဆွေးနွေးသွား မည်ဖြစ်ပါကြောင်း၊ ရုပ်ရှင်ရိုက်ကူးထုတ်လုပ်မှုများနှင့်  ရုပ်ရှင်ရုံများတွင် ပြသခြင်းတို့ ဖြစ်ပါ ကြောင်း၊ မည်သည့်လုပ်ငန်းများသည် ကျန်းမာရေး စည်းမျဉ်းစည်းကမ်းများကို ထိန်းသိမ်းနိုင် ရန် အတိုင်းအတာတစ်ခု အထိ ခက်ခဲမှုရှိမည်ဆိုသည်ကို စဉ်းစားရပါကြောင်း ပြောကြားသည်။

ထို့နောက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးက ရုပ်ရှင်လုပ်ငန်းကို အောင်မြင်အောင် ပြန်လည်ရိုက်ကူးနိုင်ရေးအတွက် ကျန်းမာ ရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန နှင့် ရုပ်ရှင်လောကသား များသည် အပြန်အလှန် တစ်ဦးနှင့်တစ်ဦး ပံ့ပိုးရန်လိုအပ်ပါကြောင်း၊ ရုပ်ရှင်လုပ်ငန်းသည် အလွန်ကြီးမားသည့် စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်သည့်အပြင် ရုပ်ရှင်လုပ်ငန်းနှင့်ပတ်သက်၍ လူများစွာ အလုပ်အကိုင် ရရှိကြပါကြောင်း၊ ထို့ပြင် ရုပ်ရှင်လုပ်ငန်းသည် ပြည်သူများကိုလည်း စိတ်ချမ်းသာ ပျော်ရွှင်အောင် လုပ်ဆောင်နိုင်ပြီး ဘဝပညာပေးကိစ္စများကိုလည်း လုပ်ဆောင် နေသည့် လုပ်ငန်းဖြစ်ပါကြောင်း။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနကို မြင်စေလိုသည်မှာ ရုပ်ရှင်လုပ်ငန်းအား ကူညီပံ့ပိုးသူများ၊ ရုပ်ရှင်လုပ်ငန်းများ ဖြစ်သည့် ရိုက်ကူးထုတ်လုပ်မှု၊ ပြသမှု စသည်တို့တွင် ရောဂါမဖြစ်အောင် ကူညီပံ့ပိုးနေသူများဟုမြင်စေချင်ပါကြောင်း၊ တစ်ဦးနှင့် တစ်ဦး အပြန် အလှန် ကူညီပံ့ပိုးနိုင်ရန် ရည်ရွယ်ပါကြောင်း၊ ရုပ်ရှင်များ အမြန်ဆုံးပြန်လည်  ရိုက်ကူးလိုပါက ရုပ်ရုပ်လုပ်ငန်းတွင် ပါဝင်ပတ်သက်သူများ အားလုံးသည် ကိုဗစ်ရောဂါနှင့် ပတ်သက်ပြီး မည်သို့အန္တရာယ်ရှိသည်၊ မည်သည့်လက္ခဏာရှိသည်၊ ဆောင်ရန်၊ ရှောင်ရန် စသည်တို့ကို ကျေကျေညက်ညက် သိရှိရန်လိုပါကြောင်း၊ ပြည်သူများ ကို မပေါ့ဆစေလို သည်မှာ နောက်ဆုံးတွေ့ရှိချက်အရ ၆၀ ရာခိုင်နှုန်းသော ပိုးတွေ့လူနာများသည် ရောဂါ လက္ခဏာ မပြပါကြောင်း၊ ပြည်သူများထဲတွင် လက္ခဏာမပြဘဲ ပိုးရှိသူ များစွာရှိနေနိုင် သည်ကို သတိထားရန်လိုပါကြောင်း၊ ထို့ပြင်ယခင်က ချောင်းဆိုးပါက အမှုန်အမွှားလေး များမှာ ၄ ပေ၊ ၅ ပေ ခန့်သာရောက်ရှိသည်ဟု ကမ္ဘာ့ကျန်းမာရေး အဖွဲ့က ထုတ်ပြန်ထား သော်လည်း  ယင်း ထုတ်ပြန်ချက်မှာ ယခုအချိန်တွင် မမှန်တော့ပါကြောင်း၊ အမေရိကန်နိုင်ငံ၊ ဘရာဇီးနိုင်ငံ၊ အိန္ဒိယနိုင်ငံများတွင် ကူးစက်နှုန်းမှာ များစွာမြန်နေပါကြောင်း၊ ချောင်းဆိုး လိုက်သည့်အခါ ထွက်ရှိလာ သည့် အမှုန်အမွှားလေးများသည် လေထဲတွင်ပျံ့လွင့်နေပြီး ယင်းအမှုန်အမွှားများ အား ရှူရှိုက်မိပါက ရောဂါကူးစက် ပါကြောင်း၊ ယင်းမှာ များစွာ ကြောက်စရာကောင်းပါ ကြောင်း၊ ယခုဗိုင်းရပ်စ်၏ သဘောသဘာဝနှင့် အပြုအမူများ သည် အမြဲပြောင်းလဲနေပါ ကြောင်း၊ ယခုအချိန်တွင် ကိုဗစ်ရောဂါကုသရန်ဆေးမှာ တိတိကျကျ မရှိသေးပါကြောင်း၊ ဖြစ်ပေါ်လာသည့် ရောဂါလက္ခဏာအပေါ် မူတည်ကာ ဆေးကုသခြင်း ဖြစ်ပါကြောင်း၊  ရောဂါကူးစက်မှုသည်လည်း မြန်ဆန်သည့်အပြင် လူတစ်ဦးပိုးတွေ့ရှိပါက အချိန်ကြာမှ ပိုးပျောက်ကင်းပါကြောင်း။

ယခုအခါ  စာသင်ကျောင်းများ၊ စားသောက်ဆိုင်များ ပြန်လည်ဖွင့်လှစ်လိုက်သည့် အတွက် များစွာဂရုစိုက်ရပါကြောင်း၊ ဂရုမစိုက်ပါက ဒုတိယလှိုင်း၊ တတိယလှိုင်းများ ဖြစ်ပွား လာနိုင်ပါကြောင်း၊ အမေရိကန်နိုင်ငံတွင် တစ်ရက်လျှင် ၇၁၀၀၀ အထိ တက်လာပါကြောင်း၊ အိန္ဒိယနိုင်ငံတွင် ပိုးတွေ့သူအသစ် ၄၈၀၀၀ ခန့် ရှိပါကြောင်း၊ မိမိတို့နိုင်ငံတွင် ထိုကဲ့သို့ ဖြစ်ပွားလာလျှင် ခံနိုင်ရည်ရှိမည် မဟုတ်ပါကြောင်း၊ ယင်းသို့မဖြစ်ပွားအောင် ယခုကတည်းက ကြိုးစားလုပ် ဆောင်နေပါကြောင်း၊ ရောဂါကူးစက်နိုင်ခြေရှိသည်မှာ ပါးစပ်၊ နှာခေါင်း၊ မျက်စိတို့ မှတစ်ဆင့် ဖြစ်ပါကြောင်း၊ ယင်းနေရာများကို ကာကွယ်ထားပါက ရောဂါမကူးစက်နိုင်ပါ ကြောင်း၊ လက်ဆေးရာတွင် စက္ကန့် ၂၀ ခန့်ကြာအောင် လက်ဆေးရန် လိုပါကြောင်း၊ ဗိုင်းရပ်စ်တစ်ကောင်သည် ခန္ဓာကိုယ်ထဲ ဝင်ရောက်သွားပါက ဆပွားကာ မရေမတွက်နိုင် အောင် လျှင်မြန်စွာ ပွားများနိုင်ပါကြောင်း။

ရုပ်ရှင်ရိုက်ကူးရာတွင် သရုပ်ဆောင်များအားလုံးက မိမိကိုယ်တိုင် ဖျားသည်ဖြစ်စေ၊ ချောင်းဆိုးသည်ဖြစ်စေ ရိုက်ကွင်း သို့ လုံးဝမလာရန် လိုပါကြောင်း၊ မိမိအိမ်တွင်ရှိသူ တစ်ယောက် ဖျားသည်ဖြစ်စေ၊ ချောင်းဆိုးသည်ဖြစ်စေရိုက်ကွင်းသို့ မလာရန်လိုပါကြောင်း၊ ရောဂါရှိသူနှင့် နှစ်ပတ်ခန့်က Contact ရှိပါကလည်း ရိုက်ကွင်းသို့ မလာစေလိုပါကြောင်း၊ ယင်းမှာ များစွာအရေးကြီးပါကြောင်း၊ ရုပ်ရှင်ရိုက်ကူးရာတွင် တစ်ဦးနှင့်တစ်ဦး နီးနီးကပ်ကပ် နေရ၊ စကားပြောရ ပါကြောင်း၊ ရိုးရိုးစကားပြောဆိုပါက အမှုန်အမွှားများသည် ၅ ပေ ခန့်သွားပါကြောင်း၊ ချောင်းဆိုးပါက  ၁ စက္ကန့်လျှင် ၃၃ ပေနှုန်းဖြင့် အနည်းဆုံး ၆ ပေအထက် သွားပါကြောင်း၊ နှာချေပါက အနည်းဆုံး ၁၉ ပေ၊ ပေ ၂၀ အထက်သွား ပါကြောင်း၊ ရုပ်ရှင် ရိုက်ကူးရာတွင် ရောဂါပိုးရှိသူတစ်ဦးဦးက ချောင်းဆိုးပါက အခန်းတွင်း ရှိသူအားလုံးထံ ရောက်ရှိ သွားမည်ဖြစ်ပါကြောင်း၊ နှာချေပါက ပိုဆိုးပါကြောင်း၊ ရုပ်ရှင်ရိုက်ကူးရာတွင် ကင်မရာလုပ်ဆောင်ချက်များ၊ animation များကို သုံးစေလိုပါကြောင်း၊ မဖြစ်ခင်ကာကွယ် စေလိုပါကြောင်း၊ ဖြစ်ပြီးမှဆိုလျှင် ပေးဆပ်ရသည်မှာ များပြား ပါကြောင်း။

မိမိတို့အနေဖြင့် အမြန်ဆုံးပြန်လည်ရိုက်ကူးနိုင်ရန် ဇွန်လ ၃၀ ရက်က ပြန်ကြားရေး ဝန်ကြီးဌာနတွင် ပြည်ထောင်စု ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရုပ်ရှင်လုပ်ငန်းနှင့် ပတ်သက်သည့် တာဝန်ရှိသူများနှင့် အစည်းအဝေး လုပ်ပါကြောင်း၊ ယင်းအစည်းအဝေးတွင်  ပြန်ကြားရေးဝန်ကြီးဌာနက ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ် ရေး ကာလတွင် ရုပ်ရှင်ပြန်လည်ရိုက်ကူးမည့် အစီအစဉ်မူကြမ်းအား ရေးထားပါကြောင်း၊ ယင်း မူကြမ်းသည် ဖလော်ရီဒါ၊ နယ်သာလန်စသည့် နိုင်ငံတကာမှ အတွေ့အကြုံများကိုယူကာ ရေးသားထားခြင်းဖြစ်ပါကြောင်း၊ ကျန်းမာရေးဝန်ထမ်းများအနေဖြင့် ရုပ်ရှင်ရိုက်ကူးရန် မည်သို့ ကြိုတင်ပြင်ဆင်သည်နှင့် မည်သို့ရိုက်ကူးသည်ကို မသိပါကြောင်း၊ ထို့ကြောင့် မိမိအနေဖြင့် ရောဂါနှိမ်နင်းရေးတွင် ကျွမ်းကျင်သည့် ဒုတိယညွှန်ကြားရေးမှူးချုပ်တစ်ဦး၊ ကပ်ရောဂါ ဗေဒထိန်းသိမ်းရာတွင် ကျွမ်းကျင်သည့် ညွှန်ကြားရေးမှူးတစ်ဦး၊ ပြည်သူများအား ကျန်းမာရေး အသိပညာပေး ရာတွင် ကျွမ်းကျင်သည့် ညွှန်ကြားရေးမှူးတစ်ဦးတို့နှင့်အတူ သွားရောက် ကြည့်ရှုခဲ့ပါကြောင်း။

ထိုသို့သွားရောက်ကြည့်ရှုရာ Forever Group တွင် တွေ့ရှိချက် ၂၂ ချက် တွေ့ရှိပြီး ၁၉ ချက် အကြံပေးခဲ့ပါကြောင်း၊ ရုပ်ရှင်မြှင့်တင်ရေးတွင် ၁၁ ချက်တွေ့ရှိပြီး အကြံဉာဏ် ၁၇ ချက် ပေးခဲ့ပါကြောင်း၊ ထို့ပြင် အထွေထွေခြုံငုံသုံးသပ်ပြီး အကြံဉာဏ် ၈ ချက်ပေးခဲ့ပါကြောင်း၊ ယင်းတွေ့ရှိချက်များကို အခြေခံ၍ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ကာလတွင် ရုပ်ရှင်၊ ရုပ်သံရိုက်ကူးထုတ်လုပ်ပြသရေး လက်စွဲစာစောင်ကို ပြန်ကြားရေး ဝန်ကြီးဌာနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ပညာရှင်များ ပူးပေါင်းကာ အသစ်ထုတ်ဝေ ဖြန့်ဖြူးခဲ့ပါကြောင်း။

ရုပ်ရှင်မရိုက်မီ မည်သို့ဆောင်ရွက်ရမည်၊ ရုပ်ရှင်ရိုက်နေချိန်တွင် မည်သို့ဆောင်ရွက် ရမည်၊ ထမင်းစားရာတွင် မည်သို့စားရမည်၊ စတူဒီယိုထဲတွင် မည်သို့နေရမည်၊ ရိုက်နေစဉ် မည်သို့လုပ်ရမည်၊ ရိုက်ပြီးချိန်မည်သို့ လုပ်ရမည် စသည့် အချက်များပါဝင်သည့် အချက် ၂၉ ချက်ဖြင့် လုပ်ဆောင်သွားမည်ဖြစ်ပါကြောင်း၊ ပထမ ၂ ပတ်ခန့်အား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ကြီးကြပ်ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ၂ ပတ်ကျော်ပါက ရုပ်ရှင် ရိုက်မည့်သူများက မိမိဘာသာလုပ်ဆောင်ရမည်ဖြစ်ပါကြောင်း။

ယခုအခါ ပညာပေးလုပ်ငန်းများကို တစ်နေ့ငါးကြိမ် မလုပ်သလောက် ဖြစ်နေပြီ ဖြစ်ပါကြောင်း၊ မြို့ထဲ၊ စားသောက် ဆိုင်၊ စူပါမားကက်များတွင် နှာခေါင်းစည်းများ မတပ်ကြပါ ကြောင်း၊ ယင်းမှာများစွာအန္တရာယ်ကြီးပါကြောင်း၊ အမေရိကန်၊ ဘရာဇီးနှင့် အိန္ဒိယနိုင်ငံ များကဲ့သို့ ဖြစ်ပွားပါက မိမိတို့နိုင်ငံအနေဖြင့် မလွယ်ပါကြောင်း၊ ယခုအခါ ကျောင်းများ၊ ရုပ်ရှင်များပြန်လည်ဖွင့်လှစ်လာပါက များစွာသတိထားရပါကြောင်း၊ ပြည်သူများအားလုံးက နောက်ထပ် ၂ လခန့်အထိ သတိ၊ ဝီရိယဖြင့် နေထိုင်ပါက ရောဂါ ဖြစ်ပွားမှု လျော့နည်း သွားနိုင်ပြီး  ကြောက်စရာလိုတော့မည် မဟုတ်ပါကြောင်း ဆွေးနွေးတင်ပြသည်။

ယင်းနောက် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ  ဦးညီညီထွန်းလွင်က ရှုတင်မန်နေဂျာက မည်သည့်နေ့၊ မည်သည့်နေရာတွင် မည်သူများ ပါဝင်ရိုက်ကူးသည်ဆိုသည့် မှတ်တမ်းကို မဖြစ်မနေ မှတ်တမ်းတင်ထား မည်ဖြစ် ပါကြောင်း၊ ရိုက်ကွင်းတွင် ပါဝင်မည့် သူများ၏ ကျန်းမာရေးအခြေအနေကို စစ်ဆေးသွားမည်ဖြစ်ပါကြောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ကြီးကြပ်ကွင်းဆင်းစစ်ဆေးဆောင်ရွက်မည့်သူများ၏ မှတ်တမ်း များလည်း ရှိပါကြောင်း၊   ရိုက်ကွင်းမစမီ ကြိုတင်ဆောင်ရွက်ရမည့် ကိစ္စများ၊ ရှုတင်ကား သုံးရာတွင် လိုက်နာရမည့် စည်းကမ်း ချက်များ၊ ရှုတင်တွင် လူအင်အား အနည်းဆုံး အသုံးပြု ရိုက်ကူးရန်၊ အကာအရံများထားရှိပြီး ဒါရိုက်တာက အဝေးမှ ညွှန်ကြားရန်၊ လက်သန့်ဆေး ထားရှိရန်၊ ပစ္စည်းကိရိယာများကို ပိုးသတ်ဆေးဖြန်းရန်၊ ရှုတင်ထမင်းကို တစ်ယောက်စာ ထမင်းဘူးဖြင့် ကျွေးမွေးရန်၊ နားနေခန်းတွင် တစ်ဦးနှင့်တစ်ဦး ၆ ပေခွာနေထိုင်ရန်၊ လေဝင် လေထွက်ကောင်းရန်၊ အမှိုက်များကို စနစ်တကျစွန့်ပစ်ရန် စသည့်စည်းကမ်းများ ရှိပါကြောင်း၊ ရုပ်ရှင်ရိုက်ကူးရေးအတွက် တချို့စည်းကမ်း ချက်များသည် အခက်အခဲ ရှိပါကြောင်း။

ရိုက်လက်စ ရပ်သွားသည့် ဇာတ်ကား ၁၀ ကားရှိပြီး ယင်းဇာတ်ကားများကို ပြန်လည် ရိုက်ကူးရန်အတွက် အခက် အခဲဖြစ်နေပါကြောင်း၊ ရိုက်ကူးရေး၊ ပြသရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို လိုက်နာနိုင်ရန်အတွက်  စာအုပ် များကို ထုတ်လုပ်သူများနှင့် ဒါရိုက်တာများထံ ဝေငှထားပါကြောင်း၊ ယင်းစည်းကမ်းချက်များကို လိုက်နာနိုင်မှသာ  ရိုက်ကူး၍ရမည်ဖြစ်၍ ၎င်းတို့အား လေ့လာခိုင်းထားပါကြောင်း ဆွေးနွေး တင်ပြသည်။

ဆက်လက်၍ မင်္ဂလာရုပ်ရှင်ရုံများအုပ်စုဥက္ကဋ္ဌ ဦးဇော်မင်း က မြန်မာ့ရုပ်ရှင်ကို ၁၉၂၀ ပြည့်နှစ်တွင် မေတ္တာနှင့်သူရာ ဇာတ်ကားဖြင့် စတင်ပြသခဲ့ပါကြောင်း၊ မြန်မာ့ရုပ်ရှင်စတင်ခဲ့ ချိန်မှ ယခုအထိဆိုလျှင် နှစ်ပေါင်းတစ်ရာပြည့်ပြီဖြစ်ပါ ကြောင်း၊ ရုပ်ရှင်ရာပြည့်ပွဲတော်ကျင်းပ ရေးကို လည်း သက်ဆိုင်ရာတာဝန်ရှိသူများဖြင့် ဆွေးနွေးဆောင်ရွက်လျက်ရှိပါ ကြောင်း၊ ကိုဗစ်-၁၉ ရောဂါမဖြစ်ပွားမီအချိန်ထိ မြန်မာ့ရုပ်ရှင်သည် အရှိန်အဟုန်တစ်ခုအထိ ပြန်လည် ကောင်းမွန် လာပါကြောင်း၊ ယခင်က ရုပ်ရှင်ရုံပေါင်း ၂၀ ၊ ၃၀ မှ ယခုဆိုလျှင် ရုံပေါင်း (၂၂၀) ခန့်ရှိ လာပြီ ဖြစ်ပါကြောင်း။

ရုပ်ရှင်ဇာတ်ကားများအနေဖြင့် ယခင်က ရုပ်ရှင်ကားပေါင်း ၂၀ ၊ ၃၀ ရိုက်ကူးရာမှ ယခုဆိုလျှင် ရုပ်ရှင်ကားပေါင်း တစ်နှစ်လျှင် ၁၀၀ ခန့်အထိ ရိုက်ကူးလာပါကြောင်း၊ ၂၀၁၉ ခုနှစ် အကယ်ဒမီဆုပေးပွဲအတွက် ပါဝင်ယှဉ်ပြိုင်ရန် ရွေးချယ်ခံသည့် ရုပ်ရှင် ဇာတ်ကားပေါင်း (၉၇)ကား ရှိပါကြောင်း၊ ရုပ်ရှင်ဇာတ်ကားများ အပြိုင်အဆိုင် ထုတ်လုပ် လာပါကြောင်း၊ ရုပ်ရှင်ရုံများအနေဖြင့်လည်း ပိုမိုကောင်းမွန်အောင် အပြိုင်အဆိုင် ဆောင်ရွက် လာပါကြောင်း၊ ယင်းအခြေအနေတွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားလာသည့်အတွက်  ရုပ်ရှင်လောကသားများ နှင့် ရုပ်ရှင်ရုံလုပ်ငန်းရှင် များကို များစွာထိခိုက်နစ်နာစေခဲ့ပါကြောင်း။

ရုပ်ရှင်ရုံများထိခိုက်လာမှုနှင့်အတူ ရုပ်ရှင်ရုံလုပ်ငန်းရှင်များ၊ ရုပ်ရှင်ရုံဝန်ထမ်းများနှင့် ၎င်းတို့၏မိသားစုများ၊ ဖြန့်ချိပြသ ရိုက်ကူးထုတ်လုပ်သည့် လုပ်ငန်းစဉ်တွင် ဆက်စပ်ပါဝင် နေသည့် တတ်သိပညာရှင်များ၊ စက်မှုလက်မှုလုပ်ငန်းရှင် များနှင့် ရုပ်ရှင်ကြည့်ပရိသတ်များပါ ထိခိုက်ပါကြောင်း၊ မြန်မာ့ရုပ်ရှင်ကားများသည် အပြိုင်အဆိုင် ထုတ်လုပ်လာသည့် အတွက် အရည်အသွေးကောင်းမွန်ပြီး ကြည့်ရှုသူပရိသတ် သိန်းဂဏန်းအထိ  မြင့်တက်လာပါကြောင်း၊ ရုပ်ရှင်ရုံများ ရှိမှသာ ရုပ်ရှင်ထုတ်လုပ်ခြင်းသည်လည်း ရှင်သန်မည်ဖြစ်ပါကြောင်း၊ ကိုဗစ် ကာလတွင် ကြုံတွေ့နေရသည့် အခက်အခဲများအတွက် ရုပ်ရှင်ရုံလုပ်ငန်းရှင်များနှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများက စုပေါင်းတိုင်ပင်ဆွေးနွေး ကြပါကြောင်း။

ရုပ်ရှင်ထုတ်လုပ်ရေးအတွက် ကိုဗစ်-၁၉ ကာကွယ်ရေး လမ်းညွှန်ချက်၊ စည်းမျဉ်း စည်းကမ်းများနှင့်အညီ ရိုက်ကူးခွင့် ပေးခဲ့ပါကြောင်း၊ ထိုသို့ ထုတ်ပြန်ပေးမှုအတွက် ရုပ်ရှင်ရုံ လုပ်ငန်းရှင်များအနေဖြင့်လည်း ဝမ်းသာမိပါကြောင်း၊ ကျေးဇူးအထူး တင်ရှိပါကြောင်း၊ အချို့ နိုင်ငံများတွင် ရုပ်ရှင်ရုံများကို ဖွင့်လှစ်နေပြီဖြစ်ပါကြောင်း။

ရုပ်ရှင်ရုံများ ကြုံတွေ့နေရသည့် အခြေအနေနှင့် အခက်အခဲများကို တင်ပြလို ပါကြောင်း၊ ရုပ်ရှင်ရုံများကို သင့်တင့် လျောက်ပတ်သော အချိန်၊ ဆီလျော်သောကာလတွင် အမြန်ဆုံး ဖွင့်လှစ်လိုပါကြောင်း၊ ရုပ်ရှင်ရုံများဖွင့်လှစ်ရာတွင် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ သတ်မှတ်ထားသော လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းစည်းကမ်း၊ ဥပဒေ၊ ကိုဗစ်-၁၉ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီဖြစ်စေရန် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ဆောင်ရွက် ထားရှိမှုများကိုလည်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက လာရောက် စစ်ဆေးကြည့်ရှုပြီး လိုအပ်သည့် အကြံပြုချက်များပေးစေလိုပါကြောင်း။

ရုပ်ရှင်ရုံများ ပြန်လည်ဖွင့်လှစ်ခွင့်ရပါက ရုပ်ရှင်ရုံရှိ ထိုင်ခုံ ၅၀ ရာခိုင်နှုန်းကိုရောင်းချ လုပ်ကိုင်လိုပါကြောင်း၊ ထိုသို့လုပ်ကိုင်ခွင့်ရရှိပါက ရုပ်ရှင်ရုံလုပ်ငန်းရှင်များ၊ ထုတ်လုပ်သူများ၊ ကြည့်ရှုသူပရိသတ်များ အားလုံးအဆင်ပြေမည် ဖြစ်ပါကြောင်း၊ ထိုသို့ရောင်းချရာတွင်လည်း Social Distancing နှင့် လမ်းညွှန်ချက်များကိုအတိအကျ လိုက်နာပြင်ဆင် သွားမည်ဖြစ် ပါကြောင်း၊ ယခုအချိန်တွင် အခက်အခဲအကျပ်အတည်းဖြင့် ရင်ဆိုင်နေရသည့် ရုပ်ရှင်လောက သားများနှင့် ရုပ်ရှင်လုပ်ငန်းရှင်များအတွက် ကိုဗစ်ကာလတွင် နိုင်ငံတော်မှ ပြည်သူလူထုသို့ ချထားပေးလျက်ရှိသည့် ကူညီထောက်ပံ့ငွေ၊ ချေးငွေများရရှိရန် တင်ပြလိုပါကြောင်း၊ မိမိတို့ အနေဖြင့် ကတိကဝတ် စည်းမျဉ်းစည်းကမ်းများ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ လျှောက်ထား လိုပါကြောင်း၊ ထုတ်လုပ်ခြင်းနှင့် ရိုက်ကူးခြင်းသည် တစ်ဆက်တစ်စပ် တည်း ဖြစ်သည့် အတွက် ထုတ်လုပ်ခြင်းကောင်းလျှင် ရိုက်ကူးခြင်း ကောင်းမည်၊ ရိုက်ကူးခြင်း ကောင်းလျှင် ထုတ်လုပ်ခြင်းကောင်းမည် ဖြစ်ပါကြောင်း ဆွေးနွေးတင်ပြသည်။

ဆွေးနွေးတင်ပြချက်များနှင့်စပ်လျဉ်း၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ရုပ်ရှင်ရိုက် နေသည့် အချိန်တွင် ရောဂါမကူး စက်အောင် ထိန်းသိမ်းရမည်ဖြစ်ပါကြောင်း၊ ရုပ်ရှင် များရိုက်ပြီးပြီဆိုပါက ပရိသတ်များ ကြည့်ရှုနိုင်ရန်အတွက် ရုပ်ရှင်ရုံ များသည် များစွာ အရေးကြီးပါကြောင်း၊ ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံများတွင် ရုပ်ရှင်ခေတ်သည် တစ်ကြော့ပြန်၍ ဖြစ်လာပါကြောင်း၊ ရုပ်ရှင်ရုံများကို သွားချင်စရာ၊  ပျော်စရာ၊ အပန်းဖြေစရာ၊ စိတ်ဝင် စားစရာကဲ့သို့ နေရာများ ဖြစ်အောင်ဖန်တီးလာပါကြောင်း၊ မိမိတို့ နိုင်ငံတွင်လည်း ယင်းအခြေ အနေဖြစ်အောင် ကြိုးစားစေလိုပါကြောင်း၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန် ကဏ္ဍ အသီးသီးမှ လုပ်ငန်းအမျိုးမျိုး အောင်မြင်ရန် အရေးကြီးပါကြောင်း၊ မိမိအနေဖြင့် လည်း အနုပညာဖက်ကို လည်း အားပေးပါကြောင်း၊ ရုပ်ရှင်လုပ်ငန်းကို တိုးတက်စေလိုပါကြောင်း၊ တစ်ချိန်က မြန်မာနိုင်ငံ၏ရုပ်ရှင်လုပ်ငန်းသည် အာရှတွင်ရှေ့ပြေးဖြစ်ပါကြောင်း၊ ယခုအချိန်တွင် ထိုသို့ ဖြစ်နိုင်အောင် ကြိုးစားရ မည်ဖြစ်ပါကြောင်း၊ နည်းပညာအသစ်များကို ထိထိရောက်ရောက် သုံးနိုင်မည်ဆိုပါက ယခင်ကဲ့သို့ ပြန်လည် အောင်မြင်နိုင်မည် ဖြစ်ပါကြောင်း။

ရုပ်ရှင်ရုံများ ပြင်ဆင်ပြီးချိန်တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက သွားရောက် ကြည့်ရှု၍ လိုအပ်သည့် စည်းမျဉ်းစည်းကမ်းများ သတ်မှတ်ကာ ညွှန်ကြားချက်များ ထုတ်ပြန် သွားမည်ဖြစ်ပါကြောင်း၊ စည်းမျဉ်းစည်းကမ်း ညွှန်ကြားချက် များနှင့် ကိုက်ညီအောင် ဆောင်ရွက်နိုင်သည့်အချိန်တွင် ရုပ်ရှင်ရုံများ ပြန်လည်ဖွင့်လှစ် နိုင်မည်ဖြစ် ပါကြောင်း။

စာသင်ကျောင်းများ ဖွင့်လှစ်ရာတွင်လည်း တချို့က စိတ်ပူကြပါကြောင်း၊ ကျောင်း များ ပြန်လည်ဖွင့်လှစ်မှု စောသွား ပါက ကလေးများထံ ရောဂါကူးစက်သွားပြီး ရောဂါပြန့်ပွားသွား မည်ကို စိုးရိမ်ကြပါကြောင်း၊ တစ်ဖက်တွင်လည်း ကျောင်းများ အကြာကြီး ပိတ်ထားပါက ကလေးများသည် ပညာရေးနှင့်ဝေးသွားပြီး ကျောင်းသို့ လွှတ်ရခက်မည် ဆိုသည့် စိုးရိမ်မှုများ လည်းရှိပါကြောင်း၊ ယင်းနှစ်ခုကို တစ်ချိန်လုံး ချိန်ခွင်လျှာညီမျှအောင် ဆောင်ရွက်ရပါကြောင်း၊ ထို့ကြောင့် ပထမဆုံး အထက်တန်းကျောင်းများကို စဖွင့်ပါကြောင်း၊ အထက်တန်းကျောင်းများ ကိုလည်း A ၊ B ၊ C အဆင့်သတ်မှတ်ပြီး A အဆင့် ရှိသည့် ကျောင်းများကိုသာ ဖွင့်လှစ်ခွင့်ပေးပါကြောင်း၊ ပြန်လည်ဖွင့်လှစ်ခွင့်ရသည့် ကျောင်းများသည် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများ အတိုင်း ပြင်ဆင်ထား ပြီးသည့် ကျောင်းများဖြစ်ပါကြောင်း၊ ပြင်ဆင်ပြီး အထက်တန်း ကျောင်းများအားလုံး ဖွင့်လှစ်ပြီးပါက တစ်လစောင့်ကြည့်မည်ဖြစ်ပါကြောင်း၊ ယင်းတစ်လ အတွင်း ရောဂါကူးစက်မှု ရှိ၊ မရှိ၊ ကလေးငယ်များနှင့် ဆရာ၊ ဆရာမများထဲတွင် ရောဂါ ကူးစက်ခံရသူ ရှိ၊ မရှိ စောင့်ကြည့်ပြီးမှ နောက်တစ်ဆင့် ထပ်မံဖွင့်လှစ်ရန် စဉ်းစားမည် ဖြစ်ပါကြောင်း။

ယင်းအချိန်အတွင်း ရုပ်ရှင်ရုံများအနေဖြင့်လည်း ပြင်ဆင်သင့်သည်များကို ပြင်ဆင် ထားမည်ဆိုပါက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက စတင်စစ်ဆေးပေးမည် ဖြစ်ပါ ကြောင်း၊ အထက်တန်းကျောင်းများ ဖွင့်လှစ်မှု အဆင်ပြေပြီ ဆိုပါက လူများများဖြင့် လုပ်ရမည့် လုပ်ငန်းများကို တိတိကျကျဖြင့် စည်းကမ်းရှိရှိ လုပ်နိုင်သည့် အဆင့်ရောက်ပြီဟု သတ်မှတ်၍ ရပါကြောင်း၊ ယင်းအချိန်တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ရုပ်ရှင်ရုံများ မည်သည့်အချိန်တွင် ပြန်လည်ဖွင့်လှစ်ရမည်ဆိုသည်ကို ဆုံးဖြတ်ရမည် ဖြစ်ပါကြောင်း ပြန်လည်သုံးသပ်ဆွေးနွေးသည်။

ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က နိဂုံးချုပ်အမှာစကား ပြောကြားရာတွင် ယခုအချိန်တွင် နိုင်ငံတော် အနေဖြင့် ကိုဗစ်၏ ဆိုးကျိုးသက်ရောက်မှုများကို ထိန်းချုပ်နိုင်ရန် တတ်နိုင်သမျှ ထောက်ပံ့ပေးနေပါကြောင်း၊ ထိုသို့ ပံ့ပိုးမှုများသည် မည်မျှအထိ ထိရောက်မှု ရှိသည်ကို ပြန်လည်သုံးသပ်နေပါကြောင်း၊ စီးပွားရေးထိခိုက်မှုမရှိအောင် ဆောင်ရွက်ခဲ့မှုသည် မည်မျှအထိ ထိရောက်ကြောင်း၊ မည်သည့်အရာများကို ပြုပြင်ပြောင်းလဲရန် လိုအပ်ကြောင်း နှင့် မည်သည့်အရာများကို ဆက်လက်ထိန်းသိမ်းရန် လိုအပ်သည်ကို ယခုအချိန်တွင် သုံးသပ်နေပါကြောင်း၊ နှစ်ကုန်သည် အထိ မည်သည့်ပုံစံဖြင့် သွားမည်၊ နောက်နှစ်အတွက် မည်သည့်ပုံစံဖြင့် သွားမည်ကို စဉ်းစားရပါကြောင်း၊ ယခုနှစ် ထဲတွင် သုံးသည့် ငွေများသည် နောက်နှစ် ဘတ်ဂျက်အတွက်လည်း များစွာအကျိုးသက်ရောက်မှုရှိပါကြောင်း၊ မိမိတို့ အနေဖြင့် ရေတို၊ ရေရှည် စဉ်းစားဆောင်ရွက်ရပါကြောင်း၊ တတ်နိုင်လျှင် အားလုံးကို ပြည့်ပြည့် ဝဝ ပံ့ပိုးပေးမည်ဖြစ်ပါကြောင်း၊ မည်မျှအထိ ပံ့ပိုးနိုင်မည်၊ မည်သည့်ပုံစံဖြင့် ပံ့ပိုးနိုင်မည်ကို စဉ်းစားရပါကြောင်း၊ နိုင်ငံတော်၏ဘဏ္ဍာ အခြေအနေကိုကြည့်ပြီး အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်နေပါကြောင်း။

ရုပ်ရှင်ထုတ်လုပ်ရေးနှင့် ရိုက်ကူးရေးလုပ်ငန်းကိုလည်း အောင်မြင်စေလိုပါကြောင်း၊ မိမိတို့နိုင်ငံ၏ စီးပွားရေးအတွက် သာမက နိုင်ငံအတွက်ပါ အောင်မြင်စေလိုပါကြောင်း၊ ယခုခေတ်တွင် ဖျော်ဖြေရေးလုပ်ငန်းသည် Soft Power တစ်ခုဟု တစ်ကမ္ဘာလုံးက လက်ခံ ထားပါကြောင်း၊ မိမိတို့၏ အနုပညာဆိုင်ရာ တိုးတက်မှု၊ ဩဇာရှိမှု၊ လွှမ်းမိုးမှုသည် တစ်ကမ္ဘာလုံးသို့ ပြန့်သွားနိုင်ပါကြောင်း၊ နိုင်ငံ၏ ရေရှည်အကျိုးအတွက် အနုပညာဆိုင်ရာ လုပ်ငန်းများကို အားပေး ရမည် ဆိုသည့် မူဝါဒ မိမိတို့တွင် ရှိပါကြောင်း။

ကိုဗစ်နှင့်ပတ်သက်၍ အသိပညာပေး၊ သတိပေးသည့် လုပ်ငန်းများသည် လျော့လာပြီး စိတ်ဝင်စားမှု နည်းလာပါ ကြောင်း၊ ထို့ကြောင့် ကိုဗစ်နှင့်ပတ်သက်၍ အသိပညာပေး၊ သတိပေးသည့် လုပ်ငန်းများ ပိုမိုထိရောက်အောင်နှင့် စိတ်ဝင်စားမှု ရှိလာအောင် အနုပညာ ရှင်များ၏ အကူအညီ ရယူဆောင်ရွက်လိုပါကြောင်း၊ အနုပညာရှင်များ၏ ကဏ္ဍ သည်လည်း အလွန်အရေးကြီးပါကြောင်း၊ မိမိတို့နိုင်ငံ၏ လုံခြုံရေး၊ တိုးတက်ရေးအတွက် တက်တက် ကြွကြွ ပါဝင်ရန် မေတ္တာရပ်ခံပါကြောင်း။

ကိုဗစ်ကို မပြန့်ပွားအောင် ကာကွယ်ရန်လိုအပ်ပါကြောင်း၊ ကိုဗစ်ပြန့်ပွားသွားပါက မိမိတို့နိုင်ငံအတွက် အခက်အခဲ များစွာရှိနိုင်ပါကြောင်း၊ ကုသရန်အတွက် အကုန်အကျ အများအပြား ရှိပါကြောင်း၊ မိမိတို့နိုင်ငံသည် ဇန်နဝါရီလ ၄ ရက်ကတည်းက ကိုဗစ်နှင့် ပတ်သက်ပြီး ကြိုတင်စီစဉ်ဆောင်ရွက်ခဲ့ပါကြောင်း၊ ထို့ကြောင့် ယခုအချိန်အထိ ထိန်းနိုင်ခြင်း ဖြစ်ပါကြောင်း၊ ယခုဆိုလျှင် နိုင်ငံခြားက ပြန်လာသည့် ပြည်သူအချို့တွင် ရောဂါပါလာ ပါကြောင်း၊ ပြန်လာသူအားလုံးကို Quarantine ထားပြီး ရောဂါတွေ့ရှိသူဆိုလျှင် ဆေးရုံသို့ ပို့ဆောင် ကုသမှုပေးပါကြောင်း၊ မိမိတို့၏ ပြည်သူများကို အပြည့်အဝ ကုသမှုပေးပါကြောင်း၊ မိမိတို့နိုင်ငံ စီးပွားရေးတိုးတက်ရန်အတွက် ဝိုင်းဝန်းကူညီသူများ အားလုံးကို ကျေးဇူးတင် ပါကြောင်း၊ နိုင်ငံတော်၏ စီးပွားရေးအတွက် ကူညီထောက်ပံ့နေသူများကို ပြန်လည် ထောက်ပံ့ပေးရန်မှာ နိုင်ငံတော်အစိုးရ၏ တာဝန်ဖြစ်ပါကြောင်း၊ နိုင်ငံတော်၏ ဘဏ္ဍာရေး အခြေအနေနှင့် မည်သည့် ပုံစံဖြင့် အသုံးပြုလျှင် အထိရောက်ဆုံးရှိနိုင်မည်ကို ပြန်လည် သုံးသပ်နေပါကြောင်း။

ရုပ်ရှင်လုပ်ငန်း၊ ရုပ်ရှင်ပညာကို ယခုအခြေအနေတွင် ပိုမိုလုပ်တတ်ကိုင်တတ်အောင် ကြိုးစားသွားမည်ဆိုပါက မိမိတို့၏ ရုပ်ရှင်လုပ်ငန်းတစ်ခုလုံးသည် တိုးတက်သွားနိုင် ပါကြောင်း၊ ရုပ်ရှင်ရုံများသည်လည်း ကိုဗစ်ကြောင့် ပိုမိုပြီး ကျန်းမာရေးနှင့်ကိုက်ညီသည့် ရုပ်ရှင်ရုံများ၊ လူများပိုမိုသွားချင်စရာကောင်းသည့် ရုပ်ရှင်ရုံများ ဖြစ်အောင် ကြိုးစား လုပ်ဆောင်ကြရမည် ဖြစ်ပါကြောင်း၊ ယခု ကိုဗစ်ကိစ္စတွင် တစ်နိုင်ငံလုံး စုပေါင်း လုပ်ဆောင်မှုဖြင့် အောင်မြင်မှုကို ရှာခြင်းဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံသည် ပြည်သူများအားလုံး ပူးပေါင်းဆောင်ရွက်သည့်အတွက် ကိုဗစ်ကို ယခုအချိန် အထိ ထိထိရောက်ရောက် ကာကွယ် နိုင်ပါကြောင်း၊ ယခုကပ်ရောဂါအန္တရာယ် ပြီးဆုံးသွားချိန်အထိ အားလုံးပူးပေါင်း ဆောင်ရွက် ခြင်းအားဖြင့် ထိထိရောက်ရောက် ကာကွယ်နိုင်ရန် မျှော်လင့် ပါကြောင်း၊ ရုပ်ရှင်လုပ်ငန်း၊ ရုပ်ရှင်ရုံ လုပ်ငန်းနှင့် အနုပညာလုပ်ငန်းများအားလုံး တိုးတက်ပါစေကြောင်း ဆုတောင်းမေတ္တာ ပို့ပါကြောင်း ပြောကြားသည်။

(သတင်းစဉ်)