နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ကာလအတွင်း ရွေးကောက်ပွဲများ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်နေမှုများနှင့် စပ်လျဉ်း၍ စီမံဆောင်ရွက်နေသူများနှင့် အပြန်အလှန်ဆွေးနွေး

နေပြည်တော် ဩဂုတ်

Coronavirus Disease 2019(COVID-19)ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသား အဆင့်ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကာလအတွင်း ရွေးကောက်ပွဲများ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်နေမှုများနှင့်စပ်လျဉ်း၍ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးမြင့်နိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးထက်အောင်တို့နှင့် ယနေ့နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် အစည်းအဝေးခန်းမ၌ Video Conferencing စနစ်ဖြင့် ချိတ်ဆက် တွေ့ဆုံ၍ လက်တွေ့အခြေအနေများကို အပြန်အလှန်ဆွေးနွေးသည်။

ရှေးဦးစွာ Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က နှုတ်ခွန်းဆက် အမှာစကားပြောကြားရာတွင် ယနေ့တွင် နိုင်ငံသားများအတွက် များစွာအရေးကြီးသည့် အခြေခံအခွင့်အရေးနှစ်ခုနှင့်ပတ်သက်၍ ဆွေးနွေးမည်ဖြစ်ပါကြောင်း၊ ပထမတစ်ခုသည် ကျန်းမာရေးဖြစ်ပါကြောင်း၊ ပြည်သူတိုင်း ကျန်းမာရေး ကောင်းမွန်ရေးသည် မိမိတို့၏ အဓိက တာဝန်ဖြစ်ပါကြောင်း၊ ယင်းသည် ပြည်သူပြည်သားများ၏ ရပိုင်ခွင့်ဖြစ်ပါကြောင်း၊ နောက်တစ်ခုသည် ရွေးကောက်ပွဲတွင်ပါဝင်၍ မဲပေးနိုင်ရန်ဖြစ်ပါကြောင်း၊ ယင်းသည်လည်း နိုင်ငံသူနိုင်ငံသားများ၏ ရပိုင်ခွင့်နှင့်တာဝန်ဖြစ်ပါကြောင်း၊ ယင်းကိစ္စများကို ဖြစ်မြောက် အောင် ဆောင်ရွက်ပေးရေးတွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ အုပ်ချုပ်ရေးပိုင်းဆိုင်ရာနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တို့သည် အဓိကကျပါကြောင်း။

နိုင်ငံသူနိုင်ငံသားများ ဆန္ဒမဲ သွားရောက်ပေးသည့် အခါတွင် လုံလုံခြုံခြုံရှိရန် ကိုဗစ်-၁၉ အတွက် ကျန်းမာရေးဝန်ကြီးဌာန၏ စည်းမျဉ်းစည်းကမ်းများနှင့် ကိုက်ညီအောင် ဆောင်ရွက် ထားခြင်းသည် ဒုတိယအဆင့်ဖြစ်ပါကြောင်း၊ ပထမအဆင့်သည် မဲသွားရောက်ပေးရန် အတွက် မဲစာရင်း မှန်ကန်ရန် လိုအပ်ပါကြောင်း၊ ယခုရက်သတ္တတစ်ပတ် နှစ်ပတ်အတွင်း မဲဆန္ဒရှင် စာရင်းများ မမှန်သည့်အကြောင်း၊ မပြည့်စုံသည့်အကြောင်း သတင်းများ များစွာ ထွက်ပေါ်လျက်ရှိကြောင်း၊ ယင်းမှာ များစွာအလေးထားရမည့် ကိစ္စဖြစ်ပါကြောင်း၊ နိုင်ငံသူ နိုင်ငံသားများသည် ၁၈ နှစ်ပြည့်ပြီး တိုင်းရင်းသားမိဘနှစ်ပါးက ဖွားမြင်သည်ဆိုလျှင် မဲပေးပိုင် ခွင့်ရှိပါကြောင်း၊ မိမိ၏ အယူအဆသည် မဲပေးပိုင်ခွင့်ရှိသည်နှင့်အမျှ တာဝန်လည်းရှိပါကြောင်း၊ မိမိနိုင်ငံအတွက် တာဝန်ယူလိုသည့်စိတ်သည် လူတိုင်းလူတိုင်းတွင် ရှိရမည်ဖြစ်ပါ ကြောင်း၊ မိမိကြိုက်နှစ်သက်သည့်အတိုင်း မဲပေးရမည်ဖြစ်ပါကြောင်း၊ မဲမပေးဘဲ ဟိုဟာကို မကြိုက်ဘူး၊ ဒီဟာကို မကြိုက်ဘူးဆိုပြီး ပြောနေခြင်းသည် အလွန်တာဝန်မဲ့ ပါကြောင်း၊ ငါးနှစ်တွင် တစ်ရက်အချိန် ပေးရသည့် တာဝန်ကိုကျေပွန်အောင် နိုင်ငံသူနိုင်ငံသား အားလုံးက လုပ်ဆောင်ရမည်ဖြစ်ပါကြောင်း၊ အများစုက ထိုကဲ့သို့လုပ်ဆောင်လိုသည်ဟု ယုံကြည်ပါ ကြောင်း၊ နိုင်ငံသူနိုင်ငံသားများ ထိုသို့ လုပ်ဆောင်နိုင်ရန်အတွက် ဌာနသုံးခုက ကူညီပေးရမည် ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက မိမိတို့ ဝန်ကြီးဌာနအနေဖြင့် ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရန်အတွက် ဆောင်ရွက်ထားရှိမှုများကို အပိုင်း () ပိုင်းဖြင့် ဆွေးနွေးတင်ပြလိုပါကြောင်း၊ ပထမပိုင်းအနေဖြင့် ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပြည်သူလူထု၏ အခြေခံလိုအပ်ချက် တစ်ခုဖြစ်သည့် နိုင်ငံသားစိစစ်ရေးကတ်ပြားရရှိရေးအတွက် သစ္စာစီမံချက်ဖြင့် တိုင်းဒေသကြီး နှင့် ပြည်နယ်များရှိ မြို့နယ်များ၊ အခြေခံပညာကျောင်းများ၊ စက်မှုဇုန်များနှင့် စက်ရုံ၊ အလုပ်ရုံများသို့ ကွင်းဆင်းပြီး ဦးစားပေးဆောင်ရွက်ခဲ့ပါကြောင်း၊ သစ္စာစီမံချက်ဖြင့် ၂၀၁၆ ခုနှစ် မှ ၂၀၂၀ ပြည့်နှစ် ဇူလိုင်လအထိ နိုင်ငံသားစိစစ်ရေးကတ်ပြား စုစုပေါင်း (,၇၂၀,၀၀၀) ကျော် ထုတ်ပေးနိုင်ခဲ့ပါကြောင်း၊ ၂၀၂၀ ပြည့်နှစ်တွင် ကျင်းပပြုလုပ်မည့် အထွေထွေရွေး ကောက်ပွဲအတွက် ၂၀၁၉ ခုနှစ်ကို မဲဆန္ဒရှင်စာရင်း ပြုစုသည့်နှစ်အဖြစ် သတ်မှတ်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် နိုင်ငံသားတိုင်း မဲစာရင်းတွင် ပါဝင်ရေး၊ တိကျ မှန်ကန်သည့် မဲစာရင်းရရှိရေးကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန နှင့် မိမိတို့ဝန်ကြီးဌာနတို့ ပေါင်းစပ်ညှိနှိုင်းပြီး လူဦးရေစာရင်း အချက်အလက်များ ကောက်ယူ ခြင်းနှင့် အခြေခံမဲဆန္ဒရှင်စာရင်း ပြုစုခြင်းဆိုင်ရာလုပ်ငန်းစီမံချက် ရေးဆွဲခဲ့ပါကြောင်း၊ ယင်း စီမံချက်တွင် လူဦးရေစာရင်းနှင့် အချက်အလက်များ ကောက်ယူပြုစုခြင်း၊ စိစစ်ခြင်း၊ အခြေခံ မဲစာရင်းပြုစုခြင်း၊ ပြောင်းလဲနေသည့် လူဦးရေစာရင်းနှင့် အခြေခံမဲစာရင်းများကို ပြုစုခြင်း၊ ပြင်ဆင်ခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း၊ ယင်းစီမံချက်အရ တိုင်းဒေသကြီးနှင့် ပြည်နယ် အဆင့် လုပ်ငန်းကြီးကြပ်ရေးအဖွဲ့၊ ခရိုင် အဆင့်လုပ်ငန်းကြီးကြပ်ရေးအဖွဲ့၊ မြို့နယ်အဆင့် လူဦးရေစာရင်း ကောက်ယူရေးလုပ်ငန်း အဖွဲ့နှင့် ရပ်ကွက်၊ ကျေးရွာအုပ်စု လူဦးရေစာရင်း ကောက်ယူရေးလုပ်ငန်း အဖွဲ့များကို အဆင့်ဆင့် ဖွဲ့စည်းခဲ့ပါကြောင်း။

လုပ်ငန်းတာဝန်များကိုလည်း တိတိကျကျ သတ်မှတ်ပေးခဲ့ပြီး သင်တန်းပို့ချခြင်းများ ကိုလည်းဆောင်ရွက်ခဲ့ ပါကြောင်း၊ ထူးခြားမှုအနေဖြင့် ယခု ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်း ကောက်ယူခဲ့ရာတွင် မြေပြင်၌ အမှန်တကယ်ရှိနေ သည့် ရှိကောက်စာရင်းကို ကောက်ယူခဲ့ပါကြောင်း၊ ရရှိသည့် စာရင်းများကိုလည်း ရွေးကောက်ပွဲကော်မရှင် အဆင့်ဆင့်မှ လက်ခံစိစစ်ပြုစုခဲ့ခြင်း ဖြစ်ပါကြောင်း၊ ဇူလိုင်လ ၂၅ ရက် ရွေးကောက်ပွဲကော်မရှင်မှ ပထမအကြိမ်အဖြစ် မဲဆန္ဒရှင်စာရင်းထုတ်ပြန်ကြေညာခဲ့ရာ တွင် တချို့မဲဆန္ဒနယ်များတွင် လူဦးရေစာရင်းများ ကျန်ရှိနေခဲ့မှု၊ အချက်အလက်အချို့ မှားယွင်းနေမှု၊ မပါဝင်သင့်သူများ ပါဝင်နေမှု၊ မှတ်ပုံတင်နံပါတ်များထပ်နေမှု၊ လွဲမှားနေမှုနှင့် ကွက်လပ်ဖြစ်နေမှုများ ကိုလည်း တွေ့ရှိရပါကြောင်း။

ယခုမဲစာရင်းထုတ်ပြန်မှုသည် ပထမအကြိမ်ဖြစ်ပါကြောင်း၊ ပထမအကြိမ်အပေါ် ပြည်သူများကြည့်ပြီး လိုအပ်ချက်များကို ပြင်ဆင်မှုပြုလုပ်၍ အောက်တိုဘာလတွင် ဒုတိယ အကြိမ် မဲစာရင်းထုတ်ပြန်သွားမည်ကို ရွေးကောက်ပွဲကော်မရှင်မှ ကြေညာထားပါကြောင်း၊ ထိုသို့ထပ်မံထုတ်ပြန်မည့် မဲစာရင်းများတွင် ပိုမိုတိကျမှန်ကန်စေရေးအတွက် သက်ဆိုင်ရာ ဌာနအဖွဲ့အစည်းများနှင့် ညှိနှိုင်းပြီး ဆက်လက်ဆောင်ရွက် သွားမည့် စီမံချက်ကိုလည်း ရေးဆွဲပြီးဖြစ်ပါကြောင်း၊ ယင်းစီမံချက်တွင် လုပ်ငန်းအဖွဲ့ () ဖွဲ့ခွဲ၍ ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။

လုပ်ငန်းအဖွဲ့ () ဖွဲ့၏ ဆောင်ရွက်သွားမည့် လုပ်ငန်းများသည် ပထမလုပ်ငန်းအဖွဲ့ အနေဖြင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ ရွေးကောက်ပွဲကော်မရှင်မှအဖွဲ့များ၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် မိမိတို့ဌာနမှ ဝန်ထမ်းများ ပူးပေါင်း ပြီး မဲစာရင်းများကို ပြန်လည်တိုက်ဆိုင်စိစစ်ကာ ပြည်သူများတင်ပြလာသည့် ပြင်ဆင်ရေး လုပ်ငန်းများကို ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ဒုတိယလုပ်ငန်း အဖွဲ့အနေဖြင့် ရပ်ကွက်၊ ကျေးရွာအုပ်စုများသို့ ကွင်းဆင်းပြီး ရပ်ကွက်၊ ကျေးရွာအုပ်စုများမှ မဲစာရင်းများကို ကောက်ယူမည်ဖြစ်ပါကြောင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးရေး လုပ်ငန်းများကို လည်း ဆောင်ရွက်ပေးသွားမည်ဖြစ်သည့်အပြင် မဲစာရင်း ပြင်ဆင်ရေး လုပ်ငန်းများကိုလည်း ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ တတိယအဖွဲ့အနေဖြင့် မြို့နယ်ဦးစီးမှူးရုံး၌ အခြေစိုက် ပြီး ရုံးသို့လာရောက်ဆောင်ရွက်သည့် မဲဆန္ဒရှင်များအတွက် လိုအပ်သည့်လုပ်ငန်းများကို ယင်း ကာလတွင် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း။

ယင်းလုပ်ငန်းများကို ဆောင်ရွက်သည့်နေရာတွင် သက်ဆိုင်ရာဌာနများနှင့်ပူးပေါင်းပြီး ပြည်သူလူထုအား အသိပညာပေးခြင်းများကိုလည်း တစ်ပြိုင်နက် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊ မဲဆန္ဒရှင် စာရင်းတွင် ကွက်လပ်ဖြစ်နေသည့် နိုင်ငံသားစိစစ်ရေးကတ်ပြား နံပါတ်များကို ကွင်းဆင်းဆောင်ရွက်မည် ဖြစ်ပါကြောင်း။

ထို့ပြင် နိုင်ငံသားစိစစ်ရေးကတ်ပြား မလုပ်ရသေးသူများနှင့် မရှိသူများကို သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်စုများနှင့် ကြိုတင်ညှိနှိုင်းပြီး ကွင်းဆင်းဆောင်ရွက်သွားမည်ဖြစ်ပါ ကြောင်း၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးနှင့် ပတ်သက်ပြီး ကျန်းမာရေးနှင့် အားကစား ဝန်ကြီး ဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များကိုလည်း မိမိဌာနမှဝန်ထမ်းများ တိတိကျကျ လိုက်နာ ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ပြည်သူများကိုလည်း အသိပညာပေးပြီး တိတိကျကျ လိုက်နာဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာန အနေဖြင့် နယ်စပ်ဂိတ်များမှ ဝင်ရောက်လာသည့် ပြည်ပရောက် မြန်မာနိုင်ငံသား ရွှေ့ပြောင်း အလုပ်သမားများကိုလည်း လက်ခံလျက်ရှိပါကြောင်း၊ နယ်စပ်ဂိတ်များမှ ဝင်ရောက်လာသူ စုစုပေါင်း ၁၄၁၅၃၉ ဦး ရှိပါကြောင်း၊ ကယ်ဆယ်ရေးလေယာဉ်များဖြင့် ပြန်လည်ဝင်ရောက် လာသူ ၂၄၂၃ ဦးရှိပြီး စုစုပေါင်း ၁၄၃၉၆၂ ရှိပါကြောင်း၊ ထိုသို့ပြန်လည်ရောက်ရှိလာသည့် ရွှေ့ပြောင်းအလုပ်သမား များကိုလည်း သက်ဆိုင်ရာဒေသများတွင် ဆန္ဒမဲပေးနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်လျက် ရှိပါကြောင်း၊ ရွှေ့ပြောင်းလုပ်သားများ၏ နေထိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့လည်း စာရင်းများပေးပို့ပြီး ဆောင်ရွက်လျက်ရှိပါကြောင်း။

ထို့အတူ ပြည်ပနိုင်ငံများတွင်ရှိသည့် မြန်မာအလုပ်သမားများကိုလည်း သက်ဆိုင်ရာ မြန်မာသံရုံးများတွင် ပြည်ပရောက်ဆန္ဒမဲပေးနိုင်ရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းပြီး စီစဉ်ဆောင်ရွက်လျက် ရှိပါကြောင်း၊ အပိုင်း () အနေဖြင့် ယခုကာလသည် ကိုဗစ်ကာလ ဖြစ်သည့်အတွက် ကျန်းမာရေးဆိုင်ရာ သတ်မှတ်ချက်များနှင့်အညီ လုပ်ငန်းများ ဆောင်ရွက်ရသည့်အတွက် ကန့်သတ်ချက်များနှင့် စိန်ခေါ်မှုများ ရှိခဲ့ပါကြောင်း၊ ထို့ပြင် မိုးတွင်းကာလဖြစ်သည့်အတွက် သွားလာလှုပ်ရှားမှုများတွင်လည်း ကန့်သတ်ချက်များ ရှိပါကြောင်း၊ ပြည်ပသို့ ရောက်ရှိနေသူများ၏ အချက်အလက်များကို နယ်သို့ သွားရောက်၍ ကောက်ခံရာတွင် ကျန်နေရစ်သူများက အချက်အလက်များကို တိကျစွာ မဖြေကြားနိုင် သည်ကိုလည်း တွေ့ရပါကြောင်း၊ အခြားဒေသသို့ ကာလရှည်သွားရောက် နေထိုင်ပြီး ပုံစံ ၁၀ ရွှေ့ပြောင်းမှု မရှိခြင်းကြောင့် မဲဆန္ဒရှင်စာရင်းတွင် ပါဝင်ခဲ့မှုမရှိသည်ကိုလည်း သိရပါကြောင်း၊ ပြည်သူများ အနေဖြင့်လည်း မိမိတို့၏ မွေးသက္ကရာဇ်ကို မမှတ်မိခြင်းများလည်း ရှိပါကြောင်း၊ ကွင်းဆင်း ဆောင်ရွက်ပေးသည့်အခါ လာရောက်ပြီး လုပ်ဆောင်နိုင်မှု မရှိခြင်းနှင့် ခရီးလွန်နေခြင်း များရှိပါကြောင်း၊ အချို့ဒေသများတွင်လည်း လုံခြုံရေးအရ ကန့်သတ်ချက်များရှိနေသည့် အတွက် ယင်းဒေသမှ သက်ဆိုင်ရာ ပြည်နယ်အစိုးရ၊ လုံခြုံရေး အဖွဲ့အစည်းတို့နှင့် ညှိနှိုင်းခွင့် ပြုချက်ရယူပြီး သွားရောက်ရသည့် အခြေအနေများ ရှိပါကြောင်း။

ကိုဗစ်ကာလတွင် ရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် နေရပ်ပြောင်းရွှေ့မှု များပြား နေပါကြောင်း၊ ပြည်တွင်းတွင်ရှိသည့် ရွှေ့ပြောင်းအလုပ်သမားများနှင့် ပြည်ပမှ ပြန်လည် ရောက်ရှိလာသည့် ရွှေ့ပြောင်း အလုပ်သမားများပါ နေရပ်ဒေသပြောင်းရွှေ့မှု များပြားနေသည့် အတွက် မဲဆန္ဒရှင်စာရင်များသည်လည်း အမြဲတမ်းပြောင်းလဲနေခြင်း ဖြစ်ပါကြောင်း၊ ယင်း အခက်အခဲများကို သက်ဆိုင်ရာအဖွဲ့အစည်းများမှ တာဝန်ရှိ ပုဂ္ဂိုလ်များနှင့် ညှိနှိုင်းပြီး လာမည့် ကာလတွင် တိတိကျကျဖြစ်အောင်၊ ကျော်လွှားနိုင်အောင်၊ ကျန်းမာရေးညွှန်ကြားချက်များ နှင့်အညီ ဆောင်ရွက်နိုင်အောင် ဆက်လက်ပူးပေါင်း လုပ်ဆောင်သွားမည် ဖြစ်ပါကြောင်း၊ အပိုင်း()အနေဖြင့် မြန်မာ၊ ထိုင်း၊ တရုတ်၊ အိန္ဒိယ နယ်စပ်ထွက်ပေါက်များမှ မြန်မာရွှေ့ ပြောင်းအလုပ်သမားများ ပြန်လည်ဝင်ရောက်လာသည့်အခါ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ သတ်မှတ်ထားသည့် ကိုဗစ်-၁၉ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ တိတိကျကျ စစ်ဆေးပြီး ဝင်ခွင့်ပြုခဲ့ခြင်းဖြစ်ပါကြောင်း၊ ထို့အတူ ကယ်ဆယ်ရေးလေယာဉ် များနှင့် ပြန်လည်ရောက်ရှိလာကြသူများ ကိုလည်း ပြန်လည်ရောက်ရှိသည့်အခါ ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ အခြားသော ဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် ပူးပေါင်း၍ စနစ်တကျ စိစစ်ပြီးမှ ဝင်ရောက်ခွင့်ပြုခဲ့ခြင်း ဖြစ်ပါကြောင်း။

ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနမှ ကျန်းမာရေး လမ်းညွှန်ချက်များနှင့်အညီ ရွေးကောက်ပွဲကော်မရှင်၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနနှင့် မိမိတို့ဝန်ကြီးဌာနတို့ ခု ပူးပေါင်းဆောင်ရွက်ပြီး ပြည်သူများ၏ ပူးပေါင်းမှုစွမ်းအားကို ရယူ၍ လာမည့် ၂၀၂၀ ရွေးကောက်ပွဲ မဲဆန္ဒရှင်စာရင်းတွင် ပါဝင်သင့်သူ အားလုံး ပါဝင်နိုင်ရေးနှင့် ရွေးကောက်ပွဲလုပ်ငန်းကြီး အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် တက်တက်ကြွကြွ ကြိုးပမ်းလုပ်ဆောင်မည်ဖြစ်ပါကြောင်း ဆွေးနွေးတင်ပြသည်။

ယင်းနောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က ၂၀၁ဝ ခုနှစ်နှင့် ၂၀၁၅ ခုနှစ်တွင် မဲဆန္ဒရှင်စာရင်းကို အိမ်ထောင်စုစာရင်းပေါ် အခြေခံ၍ ကောက်ယူခဲ့ပါကြောင်း၊ ထိုသို့ စာရင်းကောက်ယူသည့်အခါ အိမ်ထောင်စုစာရင်းတွင်ရှိသော်လည်း ယင်းနေရာတွင် လူမရှိခြင်းများ ကြုံတွေ့ရပါကြောင်း၊ ထို့ပြင် မဲဆန္ဒရှင် ရှိသော်လည်း အိမ်ထောင်စု စာရင်းတွင် မပါရှိခြင်းများ ရှိနေပါကြောင်း၊ တစ်ချို့သည် အိမ်ထောင်စုစာရင်း  နှစ်ခု ရှိနေသည်ကိုတွေ့ရှိရပါကြောင်း၊ ထို့ကြောင့် ယခုအကြိမ်တွင် အိမ်ထောင်စုစာရင်းကို လုံးဝအခြေမခံဘဲ အမှန်တကယ်နေထိုင်သူများ၏ စာရင်းကို ကောက်ယူပါကြောင်း၊ အိမ်ထောင်စု စာရင်းရှိလျှင် အိမ်ထောင်စုစာရင်းအတိုင်း ကောက်ယူပါကြောင်း၊ အိမ်ထောင်စု စာရင်းရှိသော်လည်း လူမရှိလျှင် မကောက်ယူပါကြောင်း၊ လူရှိပြီး အိမ်ထောင်စုစာရင်း မရှိလျှင်လည်း စာရင်းကောက်ယူပါကြောင်း၊ ယခုကောက်ယူသည့်နည်းသည် မဲဆန္ဒရှင် စာရင်းဦးရေ ဖောင်းပွခြင်း မရှိနိုင်ပါကြောင်း၊ သို့သော် မဲဆန္ဒရှင်စာရင်း ကပ်လိုက်သည့်အခါ အမှား အယွင်းများ များလာသည်ကိုတွေ့ရှိရပါကြောင်း၊ ယခုမဲစာရင်းကပ်သည့်အခါတွင် မဲပေးခွင့်ရှိသူစာရင်း ၃၇ သန်း ၅ သိန်းကျော် ရရှိပါကြောင်း၊ မဲစာရင်းလာကြည့်ရှုသူမှာ ၆ သန်း ၆သိန်းကျော် ရှိပါကြောင်း၊ လာရောက်ကြည့်ရှုပြီးနောက် ပုံစံ()ဖြင့်တောင်းဆိုသည့် ဦးရေ သိန်း သောင်းကျော် ရှိပါကြောင်း၊ ပုံစံ()ဖြင့် ကန့်ကွက်သူဦးရေ သောင်း ထောင်ကျော် ရှိပါကြောင်း၊ အချက်အလက်မှားယွင်းသည့် အတွက် ပုံစံ()()ဖြင့် တင်ပြ လာသူ ဦးရေ  သိန်း ၅သောင်း ကျော်ရှိပါကြောင်း။

မိမိအနေဖြင့် ယခုတောင်းဆိုထားသည်များကို သက်ဆိုင်ရာအထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနတို့ ပူးပေါင်းပြီး အမြန်ဆုံး ဖြည့်သွင်းသွားမည် ဖြစ်ကြောင်း၊ ထိုသို့ ဖြည့်သွင်းပြီးနောက် လွှတ်တော်ကိုယ်စား လှယ်လောင်းများထံ ၎င်းတို့၏ မဲဆန္ဒရှင်များထဲမှ မည်သူများကျန်ရှိနေသည်ကို သိရှိရန် ပြုပြင်ပြီးမဲစာရင်းများကို ပေးပို့ရန် အစီအစဉ် ရှိပါကြောင်း။

မဲဆန္ဒရှင်များ မဲပေးသည့်အခါ ကျန်းမာရေးအရ လုံလုံခြုံခြုံဖြင့် မဲပေးနိုင်ရေးသည် အဓိကစဉ်းစားရမည့် ကိစ္စဖြစ်ပါကြောင်း၊ မဲဆန္ဒရှင်များ၏ ကျန်းမာရေးအတွက်ပါ စဉ်းစားပြီး စီစဉ်ရမည့်ရွေးကောက်ပွဲ ဖြစ်ကြောင်း။

မိမိတို့အနေဖြင့် ၂၀၂၀ ရွေးကောက်ပွဲကြီးကို မဲဆန္ဒရှင်များ စိတ်ချမ်းသာကိုယ် ကျန်းမာဖြင့် ပျော်ရွှင်ချမ်းမြေ့စွာ လာရောက်မဲပေးနိုင်မည်ဟု မျှော်လင့်ထားပါကြောင်း၊ ထို့ကြောင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် ညှိနှိုင်းအစည်း အဝေးတစ်ရပ် ပြုလုပ်ပြီး မဲဆန္ဒရှင်များ မဲပေးသည့်နေရာတွင် မည်သို့လုံခြုံစေမည်၊ မည်သို့ လုပ်ဆောင်ရမည်၊ ဆောင်ရန်နှင့် ရှောင်ရန်များကို ညှိနှိုင်းခဲ့ပါကြောင်း၊ ထိုညှိနှိုင်းချက်များအရ လက်တွေ့သရုပ်ပြ မဲရုံလုပ်ဆောင်မည် ဖြစ်ပါကြောင်း၊ မဲရုံမှူး၊ မဲရုံအဖွဲ့ဝင်များအားလုံးသည် မျက်နှာဖုံးကာဘာများ၊ နှာခေါင်းစည်းများနှင့် လက်အိတ်များလည်းတပ်ထားမည်ဖြစ်ကြောင်း၊ မဲရုံအတွင်းထိုင်ခုံများကိုလည်း ပေအကွာ ထားရှိမည် ဖြစ်ပါကြောင်း၊ မဲရုံထဲတွင် မဲဆန္ဒရှင်များ တစ်ယောက်နှင့်တစ်ယောက် ၆ပေ အကွာ ရပ်ရန် အမှတ်အသားများ မှတ်ထားပြီး မဲရုံများကိုပြင်ဆင်ထားပါကြောင်း။

မဲရုံပြင်ပတွင် မဲဆန္ဒရှင်များလာသည့်အခါ ကြည့်နိုင်မည့် မဲနမူနာများ၊ ပယ်မဲနမူနာ များ၊ ခိုင်လုံသည့်မဲ နမူနာပုံစံများ ကပ်ထားပါကြောင်း၊ မဲရုံအတွင်းသို့ဝင်မည်ဆိုလျှင် လက်ဆေးပြီး အပူချိန်တိုင်းကာ ဝင်ရောက်ရမည် ဖြစ်ကြောင်း၊ မဲရုံအဝင်ဝတွင် တစ်ခါသုံးလက် အိတ်များ ထားရှိထားပြီး မဲဆန္ဒရှင်များ ကိုယ်တိုင်ယူရမည်ဖြစ်ကြောင်း၊ မဲရုံအတွင်းသို့ ရောက်ရှိသည့် အခါ မဲလက်မှတ်ထုတ်ပေးသူရှေ့တွင် မဲလက်မှတ်တောင်းဆိုရမည် ဖြစ်ကြောင်း၊ ထိုသို့တောင်းဆိုသည့်အချိန်တွင် မဲလက်မှတ်ထုတ်ပေးသူသည် မဲဆန္ဒရှင် မှန်/မမှန်မေးမြန်း စိစစ်ပြီးမှန်လျှင် မဲလက်မှတ်ထုတ်ပေးမည်ဖြစ်ကြောင်း၊ ထိုမဲလက်မှတ်ကို ယူပြီး မဲပေးခန်းသို့ သွားရမည်ဖြစ်ပါကြောင်း၊ လျှို့ဝှက်မဲပေးခန်းတွင် သတ်မှတ်ထားသည့် တံဆိပ်တုံးဖြင့် မိမိကြိုက်သည့် လွှတ်တော်ကိုယ်စားလှယ်အား နှိပ်ရမည်ဖြစ်ကြောင်း၊ လက်အိတ်များဖြင့် တံဆိပ်တုံးနှိပ်ရာတွင် တိကျမှုရှိစေရေးကို ပြန်လည်စဉ်းစား သုံးသပ်သွားမည် ဖြစ်ပါကြောင်း။

မဲပေးလာသူများသည် တစ်ဦးနှင့် တစ်ဦး ပေ အကွာနေ၍ မဲပေးကြရမည်ဖြစ်သော ကြောင့် အချို့နေရာများတွင် မဲရုံများ တိုးချဲ့ထားပါကြောင်း၊ မဲဆန္ဒရှင်များသည့် နေရာများတွင် မဲပေးရန် နှစ်ဆိုင်းသုံးဆိုင်းခွဲထားပါကြောင်း၊ မဲပေးရန် တစ်ဦးလျှင် မိနစ် ကြာမြင့်ပါကြောင်း၊ မဲပေးချိန် နံနက် ၆ နာရီမှ  ညနေ ၄ နာရီအထိ တစ်ဦးလျှင် ခုနှစ်မိနစ်နှုန်းဖြင့် တွက်ကြည့်သည့် အခါ မဲပေးသည့်နေရာတွင် လူဦးရေ ၇၀ဝထက် မပိုလျှင် အဆင်ပြေမည်ဟု ယူဆသည့် အတွက် မဲဆန္ဒရှင်များကို အဆိုင်းလိုက် စီစဉ်ထားပါကြောင်း၊ အချို့မဲရုံများကို ကျယ်ကျယ်ပြန့် ပြန့်ဖြစ်စေရန် အားကစားကွင်းများတွင် စီစဉ်ထားပါကြောင်း။

၂၀၁၅ ခုနှစ်အထွေထွေရွေးကောက်ပွဲတွင် ပြည်သူအများမဲပေးကြရာ၌ အချို့ နေရာ များတွင် ညနေ နာရီထက်ကျော်လွန်ပါကြောင်း၊ ငါးနာရီ၊ ခြောက်နာရီမှ ပြီးသည့် နေရာများ ရှိပါကြောင်း၊ မဲရုံပရဝုဏ်သို့ ညနေ ၄နာရီအတွင်း ရောက်ရှိသူများကို ၎င်းတို့ မဲပေးပြီးသည် အထိ ဆောင်ရွက်ပေးရပါကြောင်း၊ အဓိကမှာ ညနေ၄နာရီအတွင်း ရောက်ရှိပါက မဲပေးသည့် လုပ်ငန်းစဉ်ပြီးဆုံးသည်အထိ ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် ၄နာရီ မထိုးမီ မဲရုံပရဝုဏ်အတွင်းသို့ အရောက်လာရန် လိုအပ်ပါကြောင်း၊ မဲဆွယ် စည်းရုံးရေးလုပ် ငန်းများ မည်သို့ဆောင်ရွက်ရမည်ကို ညှိနှိုင်းဆွေးနွေးပြီး ကြိုတင်အသိပေး သွားမည်ဖြစ်ပါ ကြောင်း ဆွေးနွေးတင်ပြသည်။

ဆက်လက်၍ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးထက်အောင်က မဲစာရင်း မှန်ကန်ရေးအတွက် ပြင်ဆင်မှုနှင့်ပတ်သက်၍ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၏ အခန်းကဏ္ဍကို ဦးစွာတင်ပြလိုပါကြောင်း၊ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရန်အတွက် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအုပ်စု ကော်မရှင် အဖွဲ့ခွဲအသီးသီးကို ဖွဲ့စည်းထားပါကြောင်း၊ ယင်းအဖွဲ့အစည်းများတွင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများက အဖွဲ့ဝင်အဖြစ်ပါဝင်ပြီး ကော်မရှင်အဖွဲ့ခွဲအသီးသီး၏ အုပ်ချုပ်မှုဆိုင်ရာ လုပ်ငန်းစဉ် အားလုံးကို ကူညီပံ့ပိုး ဆောင်ရွက်ရပါကြောင်း။

ကိုဗစ်-၁၉ ကာလ၌ ရောဂါစစ်ဆေးကုသသည့် လုပ်ငန်းမှလွဲ၍ ကျန်သည့် အုပ်ချုပ်ရေး လုပ်ငန်းစဉ်များတွင် မိမိတို့ဦးစီးဌာနက ဝင်ရောက်ဆောင်ရွက်လျက်ရှိသည့်အတွက် ဝန်ထမ်း များအနေဖြင့် သင်ခန်းစာများနှင့် အတွေ့အကြုံများ ရရှိခဲ့ပါကြောင်း၊ ယင်းအတွေ့အကြုံများအပေါ်တွင် အခြေခံပြီး မဲဆန္ဒရှင်များနှင့် ပတ်သက်၍ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကို ကူညီပံ့ပိုးရမည့် လုပ်ငန်းများအား ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ မဲဆန္ဒရှင်စာရင်းများ မှန်ကန်ရေးသည် များစွာအရေးကြီးသည့် အချက်ဖြစ်သည်ကို လက်ခံကျင့်သုံးနေပါကြောင်း၊ နိုင်ငံတော်အစိုးရနှင့် နိုင်ငံတော်သမ္မတရုံးက ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် နိုင်ငံသားများ အားလုံး မဲပေးပိုင်ခွင့်ရှိရေး ပြည်ထောင်စုရွေးကောက်ပွဲကော်ရှင်၏ လုပ်ငန်းများကို အားလုံး ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးရန် တိတိကျကျ ညွှန်ကြားထားပါကြောင်း။

မဲစာရင်းများ မှားယွင်းခြင်း၊ မပြည့်စုံခြင်းတို့နှင့်ပတ်သက်၍ အခြေခံအကြောင်း အရင်းများရှိပါကြောင်း၊ မဲစာရင်းကောက်ယူသည့် စနစ်ပုံစံအရ ရှိသည့်လူကို သွားရောက် ကောက်ခံပါကြောင်း၊ ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများမှ ဝန်ထမ်းများပါဝင် သည့်အဖွဲ့ဖြင့် သွားရောက်ကောက်ခံပါကြောင်း၊ သွားရောက်ကောက်ခံသည့်အခါတွင် သံတူကြောင်းကွဲစကားလုံးများ ထည့်သွင်းရေးသားရာ၌ မှားယွင်းမှုများ ရှိခြင်း၊ ရပ်ရွာဓလေ့ အရ နာမည်အရင်းကို မပြောပြဘဲ ငယ်နာမည်ကိုပြောခြင်း၊ လယ်တောထဲ၌ သွားရောက် အလုပ်လုပ်ကိုင်နေသည့်အတွက် သွားရောက်ကောက်ခံသည့်အခါ မတွေ့ခဲ့၍ အမည် စာရင်း မပါဝင်ခြင်းများ ရှိပါကြောင်း၊ အကြောင်းအရင်းများကိုသိရှိပါက ပူးပေါင်းဖြေရှင်း၍ ရပါကြောင်း၊ ပြည်သူလူထု အနေဖြင့်လည်း အကြောင်းအရင်းကို သိမည်၊ သေချာစွာ ရှင်းပြမည်ဆိုလျှင် မဲစာရင်းမှန်ကန်ရေး ဆောင်ရွက်ချက်များကို များစွာအထောက်အကူပြုမည်ဟု ထင်မြင်မိပါကြောင်း၊ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့်ပြည်နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများက မဲစာရင်းများမှားယွင်းသည့်ကိစ္စအတွက် ပြင်ဆင်ရေးအဖွဲ့များ ဖွဲ့စည်း၍ စတင်ဆောင်ရွက်နေပြီဖြစ်ပါကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် က အောက်တို ဘာလတွင် ဒုတိယအကြိမ်အဖြစ် မဲစာရင်း ထပ်မံကြေညာသည့်အခါ ယခုကြုံတွေ့ နေရသည့် မဲစာရင်းမှားယွင်းမှုများ၊ မပြည့်စုံမှုများကို ဖြေရှင်းပြီး ဖြစ်စေရန် စနစ်တကျ စီမံချက်ချ၍ ဆောင်ရွက်ထားပါကြောင်း။

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအနေဖြင့် ပြည်သူများ သွားရောက်မဲပေးသည့်အခါ ကိုဗစ်-၁၉ ကာကွယ်ရေးဆိုင်ရာ စည်းကမ်းချက်များ လိုက်နာဆောင်ရွက်ရေး အသိ ပညာပေးလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ရန် စီစဉ်ထားပါကြောင်း၊ သွားရောက် မဲပေးသည့်အခါ မည်သို့လုပ်ဆောင်ရမည်ဆိုသည့် ကိစ္စများနှင့် ရွေးကောက်ပွဲ ကော်မရှင်က ဆောင်ရွက်ထားသည့် အခြေအနေများကို ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် ရပ်ကွက် ကျေးရွာများအတွင်း Volunteer များက အသံချဲ့စက်များ၊ လက်ကိုင်စပီကာများဖြင့် လိုက်လံ အသိပညာပေးရန် စီစဉ်ထားပါကြောင်း။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အကောင်အထည်ဖော်ဆောင်ရွက်မည့် ကိစ္စ အားလုံး၏ အုပ်ချုပ်ရေးအခြေခံလုပ်ငန်းစဉ်များကို မိမိတို့ ဦးစီးဌာနမှ ဝန်ထမ်းများက ဖြည့်ဆည်းလုပ်ကိုင်ပေး ရပါကြောင်း၊ မဲစာရင်းများ၊ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး အချက်အလက်များ၊ မဲစာရင်းမှားယွင်းမှုများ၊ မပြည့်စုံမှုများနှင့်ပတ်သက်၍ ဆောင်ရွက်ရန် အခက်အခဲများ ရှိလာပါက မိမိတို့ဦးစီးဌာနမှ ဝန်ထမ်းများကို ဆက်သွယ်အကူအညီ တောင်းခံရန် ပြည်သူလူထုကို တင်ပြလိုပါကြောင်း၊ ထိုသို့ အကူအညီတောင်းခံလာပါက မိမိတို့၏ ဝန်ထမ်းများအနေဖြင့် ကော်မရှင်က သတ်မှတ်ထားသည့် နည်းဥပဒေ၊ စည်းကမ်း၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ အခက်အခဲများကို ကူညီဖြေရှင်းသွားရန် အသင့်ရှိပါကြောင်း ဆွေးနွေးတင်ပြသည်။

ထို့နောက် ဆွေးနွေးတင်ပြချက်များနှင့်စပ်လျဉ်း၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် က ယခုရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဆောင်ရွက်နေခြင်းသည် နိုင်ငံရေးအရတင် မဟုတ်ပါကြောင်း၊ နိုင်ငံ၏အရေးအရကို အလွန်အရေးကြီးပါကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် စင်္ကာပူနိုင်ငံရွေးကောက်ပွဲနှင့် ကိုရီးယား နိုင်ငံရွေးကောက်ပွဲများကို လေ့လာခဲ့သည်ဟု သိရှိရပါကြောင်း၊ အဆိုပါနိုင်ငံများ၏ ရွေးကောက်ပွဲများသည် ချောချောမွေ့မွေ့ အဆင့်မီမီဖြင့် ပြီးစီးခဲ့ကြောင်းကို တစ်ကမ္ဘာ လုံးက လက်ခံပါကြောင်း၊ ယင်းနိုင်ငံများသည် အလွန်ချမ်းသာသည့် နိုင်ငံများဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံသည် ယင်းနိုင်ငံများကဲ့သို့ ချမ်းသာသည့်နိုင်ငံ မဟုတ်ပါကြောင်း၊ ကိုဗစ်ရောဂါ စတင်ဖြစ်ပွားစဉ်က အခြားနိုင်ငံများက အရင်းအမြစ်နည်းပါးသည့် မိမိတို့ကဲ့သို့ နိုင်ငံ တစ်နိုင်ငံက အဆိုပါကပ်ရောဂါအား ထိန်းချုပ်နိုင်၊  မထိန်းချုပ်နိုင်ကို  သံသယရှိခဲ့ပါ ကြောင်း၊ နောက်ပိုင်းတွင် မိမိတို့နိုင်ငံသည် ကပ်ရောဂါကို ယခုအချိန်အထိ ထိန်းချုပ်ထားနိုင်သည်ကို လက်ခံလာပါကြောင်း၊ သို့သော်လည်း  ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ် သည် မပြီးဆုံးသေးပါကြောင်း၊ မည်သည့်အချိန်အထိ ကြာမြင့်နေမည်ကိုလည်း မသိသေးပါ ကြောင်း၊ ယင်းကာလထဲတွင်  ရွေးကောက်ပွဲကျင်းပရန်ရှိပါကြောင်း။

မိမိတို့ ပြည်သူပြည်သားများ၏  အခွင့်အရေးနှင့် တာဝန်အရ၊ နိုင်ငံ၏ သိက္ခာအရ ရွေးကောက်ပွဲကို အောင်အောင်မြင်မြင်၊ ကျန်းမာရေးအရ လုံလုံခြုံခြုံဖြင့် ကျင်းပနိုင်သည်ကို ပြသလိုပါကြောင်း၊ မိမိတို့ နိုင်ငံသူ နိုင်ငံသားများ၏ အရည်အချင်းသည် ငွေရေးကြေးရေး ပေါ်တွင်သာ အခြေခံခြင်းမဟုတ်ဘဲ တာဝန်သိမှု၊ စည်းကမ်းထိန်းသိမ်းမှု၊ နိုင်ငံအပေါ် သစ္စာ စောင့်သိမှုအပေါ်တွင်သာအခြေခံပြီး အောင်မြင်အောင် လုပ်ဆောင်သွားသည်ကို ပြသလို ပါကြောင်း၊ ထို့ကြောင့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၊ အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနတို့ အားလုံး ပူးပေါင်းဆောင်ရွက်ပြီး ရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပနိုင်ရေး၊ ရွေးကောက်ပွဲတွင် ပြည်သူများ၏ အခွင့်အရေး အပြည့်အဝရှိရေးနှင့် တာဝန်ကျေပွန်ရေးတို့ကို အပြည့်အဝ ထမ်းဆောင်သွားနိုင်မည်ဟု ယုံကြည်ပါကြောင်း။

လူတစ်ယောက်၏ ဘဝတွင် အသက် ၁၈ နှစ်ကစပြီး မဲပေးမည်ဆိုလျှင် ရွေးကောက်ပွဲ ကို နှစ် တစ်ကြိမ် ကျင်းပသည့်အတွက် အသက် ၈၀ အထိ နေနိုင်မည်ဆိုပါက ၁၂ ကြိမ်သာ မဲပေးပိုင်ခွင့်ရှိပါကြောင်း၊ ထို့ကြောင့် အသက် ၈၀ အတွင်းတွင်  မိမိနိုင်ငံ၏ အနာဂတ် အတွက်၊ မိမိနိုင်ငံ၏ တိုးတက်မှုအတွက် ရွေးကောက်ပွဲအရ လူတစ်ယောက် လုပ်ပိုင်ခွင့်သည် တစ်သက်တွင် ၁၂ ကြိမ်သာရှိပါကြောင်း၊ ယင်း ၁၂ ရက်ကို အကောင်းဆုံးဖြစ်အောင် အသုံးချ စေလိုပါကြောင်း၊ အကောင်းဆုံးအသုံးချနိုင်ရန်အတွက်လည်း နိုင်ငံတော်အစိုးရ အနေဖြင့် ကူညီရန်တာဝန်ရှိပါကြောင်း၊ ယနေ့ဆွေးနွေးပွဲတွင် ပါဝင်ဆွေးနွေးပေးကြ သူများကို ကျေးဇူး တင်ရှိပါကြောင်း၊ အားလုံးပူးပေါင်းဆောင်ရွက်ပြီး ပြည်သူများ ယုံကြည်နိုင်အောင်၊ ပြည်သူများ ကျေနပ်အောင် လုပ်ဆောင်ပေးနိုင်မည်ဟု မျှော်လင့်ပါကြောင်း။

မဲစာရင်းတွင် ပါ၊ မပါ နှင့် မဲစာရင်း မှား၊ မမှား လာရောက် ကြည့်ရှုစစ်ဆေးသူများ အလွန်များသည် ဆိုသည့်အချက်သည် ကောင်းမွန်သည့်လက္ခဏာဖြစ်ပါကြောင်း၊ယင်းအချက် သည် ရွေးကောက်ပွဲပေါ်တွင် ပြည်သူများ စိတ်ဝင်စားမှုရှိကြောင်း၊ ရွေးကောက်ပွဲ၏ အရေးပါ မှုကို အသိအမှတ်ပြု နားလည်ကြောင်းကို ပြသခြင်းဖြစ်ပါကြောင်း၊ ထို့ကြောင့် ရွေးကောက်ပွဲကို အောင်အောင်မြင်မြင်ဖြင့် ကျင်းပနိုင်မည်ဟု ယုံကြည်ပါကြောင်း၊ ယုံကြည်သည့်အတိုင်း ဖြစ်ပေါ်လာအောင် ဝိုင်းဝန်းလုပ်ဆောင်ပေးကြမည်ဟု ကြားသိရသဖြင့် အားလုံးကို ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။

(သတင်းစဉ်)