ဒုတိယသမ္မတ ဦးမြင့်ဆွေ ၂၀၂၁ ခုနှစ်၊ (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့ ကျင်းပရေး ဗဟိုကော်မတီ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

နေပြည်တော် အောက်တိုဘာ

၂၀၂၁ ခုနှစ်၊ (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့ကျင်းပရေးဗဟိုကော်မတီ၏ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးကို Video Conferencing စနစ်ဖြင့် ယနေ့ မွန်းလွဲ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့ ကျင်းပရေးဗဟိုကော်မတီ ဥက္ကဋ္ဌ၊ ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက်အမှာ စကား ပြောကြားသည်။

အစည်းအဝေးသို့ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးတင်မြင့်၊  နိုင်ငံတော်သမ္မတရုံးမှ ညွှန်ကြားရေးမှူးချုပ်များနှင့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်တို့ တက်ရောက်ကြပြီး အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်၊ ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေး၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်သောင်းထိုက်ရွှေ၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဗိုလ်ချုပ်စိုးတင့်နိုင်၊ ဦးခင်မောင်ဝင်းနှင့် ဦးဝင်းမော်ထွန်း၊ တပ်မတော်မှအရာရှိကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ဒုတိယရဲချုပ်()နှင့် တာဝန်ရှိသူများက Video Conferencing စနစ်ဖြင့် တက်ရောက်ဆွေးနွေးကြသည်။

ရှေးဦးစွာ ဒုတိယသမ္မတက အမှာစကားပြောကြားရာတွင် ၂၀၂၁ ခုနှစ်၊ (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် တစ်ဝန်းလုံးတွင် အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက်၂၀၂၁ ခုနှစ်၊ (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့ ကျင်းပရေး ဗဟိုကော်မတီကို ပြည်ထောင်စုအစိုးရအဖွဲ့၏ ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၂၅ ရက်နေ့ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်၊ ၇၂/၂၀၂၀ ဖြင့် အမျိုးသားရေးဦးတည်ချက် ()ရပ် ချမှတ်ကာ ဒုတိယသမ္မတ ဦးဆောင်ပြီး (၂၇)ဦးဖြင့် ဖွဲ့စည်းခဲ့ပါကြောင်း။

အဆိုပါ အမျိုးသားရေးဦးတည်ချက် ()ရပ်မှာပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးတို့အတွက် တိုင်းရင်း သား အားလုံးစုပေါင်းအင်အားဖြင့် ကာကွယ်စောင့်ရှောက်ရေးလူမှုဆက်ဆံရေးတရား မျှတမှု၊ စီးပွားရေးတရားမျှတမှု၊ နိုင်ငံရေးတရားမျှတမှု၊ အဆင့်အတန်းညီမျှမှု၊ အခွင့်အလမ်း ညီမျှမှု၊ တရားဥပဒေရေးရာညီမျှမှုတို့ကို နိုင်ငံသားအားလုံး တန်းတူရည်တူရရှိခံစားရေးစစ်မှန်သော ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုဖြစ်စေရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကို ဦးတည်ကြိုးပမ်းဆောင်ရွက်ရေးပြည်ထောင်စုကြီးထာဝရတည်တံ့ရေးအတွက် ပြည်ထောင်စု စိတ်ဓာတ်မွေးမြူ၍ ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေးနှင့်နိုင်ငံဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် အရှိန်အဟုန်မြှင့် ကြိုးပမ်းဆောင်ရွက်၍ ပြည်သူတစ်ရပ်လုံး ကြုံတွေ့နေရသည့် စိန်ခေါ်မှုများကို အစိုးရ၊ ပြည်သူလူထုအားလုံး ပါဝင်ပြီး စုပေါင်းအားဖြင့် ရင်ဆိုင်ကျော်လွှားရေးတို့ ဖြစ်ပါကြောင်း။

ဗဟိုကော်မတီက ချမှတ်သည့် လုပ်ငန်းတာဝန်များကို အောင်မြင်စွာ အကောင် အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် လိုအပ်သည့်ဆပ်ကော်မတီများကိုလည်း ယခင်အတိုင်း ဖွဲ့စည်းဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း။

မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ရက်နေ့တွင် တိုင်းတစ်ပါးတို့၏ စိုးမိုး အုပ်ချုပ်မှုအောက်မှ လွတ်မြောက်ပြီး အချုပ်အခြာအာဏာပိုင်နိုင်ငံအဖြစ်သို့ ရောက်ရှိခဲ့သည်မှာ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ရက်တွင် (၇၃)နှစ် ပြည့်မြောက်မည်ဖြစ်ပါကြောင်း၊ အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ဦးဆောင်ကြိုးပမ်းမှုနှင့် တိုင်းရင်းသားပြည်သူ တစ်ရပ်လုံး၏ စည်းလုံးညီညွတ်မှုတို့ကြောင့် ရရှိခဲ့သည့် လွတ်လပ်ရေးကို ကမ္ဘာတည်သရွေ့ တည်တံ့ခိုင်မြဲစေရန်နှင့် ပြည်ထောင်စုကြီးဖွံ့ဖြိုးတိုးတက်စေရန်အတွက် တိုင်းရင်းသားပြည်သူ တစ်ရပ် လုံးက စည်းလုံးညီညွတ်စွာဖြင့် ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊ ထို့အပြင် လွတ်လပ်ရေးရရှိရေးအတွက် အချိန်ကြာမြင့်စွာ အသက်သွေး၊ ချွေး မြောက်များစွာ ပေးဆပ်ပြီးမှ ရရှိလာသည်ကို နောင်လာနောက်သားများ သိရှိပြီး လွတ်လပ်ရေးကို အသက်ပေး ကာကွယ် စောင့်ရှောက်ထိန်းသိမ်းလိုသည့်စိတ်ဓာတ်များ ကိန်းအောင်းနေစေရန်နှင့် မျိုးချစ် စိတ်ဓာတ် ရှင်သန်ထက်မြက်စေရန် ရည်ရွယ်၍ လွတ်လပ်ရေးနေ့အခမ်းအနားကို နှစ်စဉ်ကျင်းပ ရခြင်း ဖြစ်ပါကြောင်း။

လွတ်လပ်ရေးနေ့အခမ်းအနားသည် နှစ်စဉ်နှစ်တိုင်းကျင်းပနေသည့် နိုင်ငံတော်အဆင့် အခမ်းအနားဖြစ်သော်လည်း ယနေ့ကာလသည် ကမ္ဘာ့ကပ်ရောဂါ Coronavirus Disease 2019 (COVID-19) ဖြစ်ပွားနေသော အချိန်ကာလဖြစ်သည့်အတွက် လွတ်လပ်ရေးနေ့နှင့် သက်ဆိုင် သော အခမ်းအနားများ ကျင်းပရာတွင် ယခင်နှစ်က ဆောင်ရွက်ခဲ့သည့် လုပ်ငန်းတာဝန်များ အပြင် “Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသား အဆင့် ဗဟိုကော်မတီနှင့်ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့က ထုတ်ပြန်ထားသည့်ပြည်သူသို့ ပန်ကြားချက်များ၊ အမိန့်များ၊ အမိန့်ကြော်ငြာစာများ၊ ညွှန်ကြားချက်များကိုပါ အရေးတကြီးကိစ္စတစ်ရပ်အနေဖြင့် ထည့်သွင်းစဉ်းစားဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း။

လွတ်လပ်ရေးနေ့အခမ်းအနားများကို နံနက်ပိုင်းတွင်နိုင်ငံတော်အလံတင်အခမ်းအနားနိုင်ငံတော်အလံအလေးပြုပွဲအခမ်းအနားနှင့် ညနေပိုင်းတွင်နိုင်ငံတော်အဆင့်လွတ်လပ် ရေးနေ့ အထိမ်းအမှတ်ညစာစားပွဲအခမ်းအနားတို့ကို နှစ်စဉ်ကျင်းပခဲ့သည်ကို အားလုံးအသိပင် ဖြစ်ပါကြောင်း၊ ယခုကျင်းပမည့် လွတ်လပ်ရေးနေ့အခမ်းအနားများကို လတ်တလောတွေ့ကြုံ နေရသည့် COVID-19 ကူးစက်ရောဂါ ဖြစ်ပွားနေမှုအခြေအနေပေါ် မူတည်၍ ဝိုင်းဝန်းစဉ်းစား အကြံပြုပေးကြရန် တိုက်တွန်းပြောကြားလိုပါကြောင်း။

တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် လွတ်လပ်ရေးနေ့ အခမ်းအနားများကို ကျင်းပမည် ဆိုပါက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ သတ်မှတ်ထားသော စည်းကမ်းချက် များနှင့်အညီ ကျင်းပနိုင်ရန် ကြိုတင်စီမံဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း။

လွတ်လပ်ရေးနေ့မတိုင်မီ ယခင်ကကြိုတင်ဆောင်ရွက်လေ့ရှိသည့် လွတ်လပ်ရေးနေ့စာစီစာကုံးပြိုင်ပွဲများ၊ ကဗျာပြိုင်ပွဲများနှင့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲများ၊ ဝန်ကြီးဌာနအလိုက်၊ ရပ်ကွက်အလိုက် ကျင်းပလေ့ရှိသည့် အားကစားပြိုင်ပွဲများကိုလည်း COVID-19 ကူးစက် ကပ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကာလဖြစ်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန၏ အကြံပြုချက်များအတိုင်း ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊ လွတ်လပ်ရေးနေ့ အမျိုးသားရေးဦးတည်ချက် ()ရပ်ကို အများပြည်သူများသိရှိစေရန်အတွက် ခန့်ညားထည်ဝါ သည့် ဆိုင်းဘုတ်ကြီးများဖြင့် သတ်မှတ်နေရာများတွင် ကြိုတင်စိုက်ထူနိုင်ရေး စီမံဆောင်ရွက် သွားကြရမည်ဖြစ်ပါကြောင်း။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့်လည်း လွတ်လပ်ရေးနေ့အခမ်းအနားများ ကျင်းပရာတွင် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများနှင့်အညီ ဆောင်ရွက်ရမည့်စံလုပ်ငန်းလမ်းညွှန်ချက်များရေးဆွဲပေးရန်နှင့် လိုအပ်သည့်အကြံပြုချက်များကို ဆွေးနွေး ပေးစေလိုပါကြောင်း။

ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် လွတ်လပ်ရေးနေ့မတိုင်မီနှင့် လွတ်လပ်ရေးနေ့တို့တွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတို့မှ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းများ၊ လွတ်လပ်ရေးနေ့နှင့် သက်ဆိုင်သော မျိုးချစ်စိတ်ထက်သန်စေသည့် ဇာတ်လမ်းများ၊ သမိုင်းဝင်တေးသီချင်းများ ထုတ်လွှင့်ပြသနိုင်ရေးနှင့် သတင်းစာ၊ ဂျာနယ်များတွင်လည်း ရေးသားဖော်ပြသွားနိုင်ရေး စီမံဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း။

နိုင်ငံတော်အဆင့်အခမ်းအနားဖြစ်သည့်အတွက် ဆပ်ကော်မတီများအနေဖြင့် ယခင်နှစ် များက ဆောင်ရွက်ခဲ့ကြသည့် အတွေ့အကြုံများကို အခြေခံ၍ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ သတ်မှတ်ထားသော စည်းကမ်းချက်များနှင့်အညီ လစ်ဟာမှုမရှိအောင် စနစ်တကျ စစ်ဆေးကြပ်မတ်ပြီး အားလုံးပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားလို ပါကြောင်း၊ လုံခြုံရေးဆပ်ကော်မတီအနေဖြင့်လည်း သတ်မှတ်ထားသည့်လုပ်ငန်းတာဝန်များ လစ်ဟာမှုမရှိအောင် စနစ်တကျစီမံချက်ရေးဆွဲပြီး လုံခြုံရေးအပြည့်အဝရရှိအောင် ဆောင်ရွက် သွားကြရမည်ဖြစ်ပါကြောင်း။

ယနေ့အစည်းအဝေးကို တက်ရောက်လာကြသည့် တာဝန်ရှိသူများအနေဖြင့် ယခင်နှစ် များက တွေ့ကြုံခဲ့ရသည့် အားသာချက်၊ အားနည်းချက်များအပေါ် အခြေခံပြီး ဆောင်ရွက်သင့် သည့် လုပ်ငန်းစဉ်များကို ချမှတ်နိုင်ရေး အကြံပြုဆွေးနွေးသွားကြရန်နှင့် သက်ဆိုင်ရာကဏ္ဍ အလိုက် အကောင်အထည်ဖော်ဆောင်ရွက်သွားမည့်အခြေအနေများကို ပွင့်ပွင့်လင်းလင်း ဝိုင်းဝန်း ဆွေးနွေးပေးကြပါဟု ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမင်းဇော်က၂၀၂၁ ခုနှစ်၊ (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့ကျင်းပရေးဗဟိုကော်မတီအောက်တွင် ဆပ်ကော်မတီ များ ဖွဲ့စည်းထားရှိမှု၊ လုပ်ငန်းတာဝန်များ သတ်မှတ်ထားရှိမှုအခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ယင်းနောက်ကျန်းမာရေးဆပ်ကော်မတီဆိုင်ရာကိစ္စရပ်များကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးနှင့် အမြဲတမ်းတွင်းဝန် ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းတို့ကလည်းကောင်း၊နိုင်ငံတော်အလံအလေးပြုပွဲ အခမ်းအနား ကျင်းပရေး၊ ပြင်ဆင်ရေးနှင့် ဖိတ်ကြားရေးဆပ်ကော်မတီဆိုင်ရာကိစ္စရပ်များကို နေပြည်တော် ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်ကလည်းကောင်း၊  “နိုင်ငံတော်အလံတင်နှင့် နိုင်ငံတော် အလံအလေးပြုပွဲစစ်ရေးပြဆပ်ကော်မတီဆိုင်ရာကိစ္စရပ်များကို နေပြည်တော် တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်သောင်းထိုက်ရွှေကလည်းကောင်း၊လွတ်လပ်ရေးနေ့ ဧည့်ခံပွဲနှင့် ညစာစားပွဲ ကျင်းပရေးဆပ်ကော်မတီဆိုင်ရာကိစ္စရပ်များကို အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက် ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်နှင့် နိုင်ငံခြားရေး ဝန်ကြီးဌာန၊ သံတမန် ရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမင်းသိမ်းတို့ကလည်းကောင်း၊မီးရှူးမီးပန်းများ ပစ်ဖောက်ရေးဆပ်ကော်မတီဆိုင်ရာကိစ္စရပ်များကို စစ်လက်နက်ပစ္စည်း ညွှန်ကြားရေးမှူးရုံး၊ ညွှန်ကြားရေးမှူး ဗိုလ်ချုပ်ဝင်းလွင်ကလည်းကောင်း၊လုံခြုံရေးဆပ် ကော်မတီဆိုင်ရာကိစ္စရပ်များကို ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်စိုးတင့်နိုင်က လည်းကောင်း၊ပြန်ကြားရေးဆပ်ကော်မတီဆိုင်ရာကိစ္စရပ်များကို ပြန်ကြားရေးဝန်ကြီးဌာနမှ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဖေမြင့်နှင့် အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်တို့က လည်းကောင်း၊နိုင်ငံတော်သမ္မတ၏ လွတ်လပ်ရေးနေ့သဝဏ်လွှာပြုစုရေးဆပ်ကော်မတီဆိုင်ရာကိစ္စရပ်များကို ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းကလည်းကောင်း၊အားကစားပြိုင်ပွဲများ ကျင်းပရေးဆပ်ကော်မတီဆိုင်ရာကိစ္စရပ်များကို ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်က လည်းကောင်း၊စာရင်းစစ်ဆေးရေး ဆပ်ကော်မတီဆိုင်ရာကိစ္စရပ်များကို ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ အမြဲတမ်းအတွင်းဝန် ဒေါ်နိုင်သက်ဦးက လည်းကောင်း သက်ဆိုင် ရာ ကဏ္ဍများအလိုက် ဆက်လက်ဆောင်ရွက်သွားမည့်အစီအမံများနှင့် Coronavirus Disease 2019 (COVID-19) ဖြစ်ပွားနေသော အချိန်ကာလဖြစ်သည့်အတွက် အခမ်းအနား ကျင်းပမည့် အခြေအနေများနှင့် စပ်လျဉ်း၍ လိုအပ်သည်များကို အကြံပြုဆွေးနွေး တင်ပြကြသည်။

ထို့နောက် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးတင်မြင့်၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်းနှင့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဌာန၊ အမြဲတမ်းအတွင်းဝန် ဦးထွန်းအုံတို့က ၂၀၂၁ ခုနှစ်၊ (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာဌာနများအလိုက် ဆောင်ရွက်မည့် အစီအမံများ ကို ဆွေးနွေးတင်ပြကြသည်။

ယင်းနောက် ဗဟိုကော်မတီ ဥက္ကဋ္ဌ၊ ဒုတိယသမ္မတ ဦးမြင့်ဆွေက ဆပ်ကော်မတီများ အလိုက် တင်ပြချက်များ၊ အကြုံပြုဆွေးနွေးချက်များနှင့် စပ်လျဉ်း၍ ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။ 

 (သတင်းစဉ်)