နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့် မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး တို့အား လမ်းညွှန်မှာကြား

နေပြည်တော် အောက်တိုဘာ ၂၀

 

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ခန့်အပ်ပြီးဖြစ်သည့် ဦးစိုးဟန်နှင့် မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ခန့်အပ် ပြီးဖြစ်သည့် ဦးအောင်စိုးဝင်းတို့အား ယနေ့နံနက်  ၁၀ နာရီတွင်  နိုင်ငံတော်သမ္မတအိမ်တော် သမ္မတရုံးခန်း၌  တွေ့ဆုံပြီး လိုအပ်သည့် မူဝါဒများကို လမ်းညွှန်မှာကြားသည်။

(သတင်းစဉ်)