ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူနှင့်ဇနီး ထန်တလန်မြို့၊ အမှတ် (၂) ရပ်ကွက် မဲရုံအမှတ် (၁) တွင် ဆန္ဒမဲပေး

ထန်တလန် နိုဝင်ဘာ ၈

ချင်းပြည်နယ်၊ ဟားခါးခရိုင်၊ထန်တလန်မြို့နယ်၌ ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ဆန္ဒမဲပေးခြင်းများကို ယနေ့နံနက် ၆ နာရီအချိန်မှစတင်ကျင်းပခဲ့ရာ မဲဆန္ဒရှင်ပြည်သူများအနေဖြင့် သက်ဆိုင်ရာ မဲရုံအသီးသီး၌ လွတ်လပ်စွာ ဆန္ဒမဲပေးလျက်ရှိကြောင်းသိရသည်။
 
 ဒုတိယသမ္မတဦးဟင်နရီဗန်ထီးယူနှင့်ဇနီးဒေါက်တာရွှေလွှမ်းတို့သည် လည်း နံနက်( ၇)နာရီ (၅၇)မိနစ်တွင် ထန်တလန်မြို့ ၊အမှတ်(၂)ရပ်ကွက် မြို့နယ်ခန်းမ၌ ဖွင့်လှစ်ထားသော မဲရုံအမှတ်(၁)သို့ လာရောက်၍ ဆန္ဒမဲပေးခဲ့ကြသည်။
 
ထန်တလန်မြို့နယ်တွင် မဲရုံပေါင်း(၁၀၅)ရုံ ဖွင့်လှစ်ထားရှိပြီး ဆန္ဒမဲပေးခွင့်ရှိသူ ( ၃၃၈၀၆ )ဦးရှိရာ မဲဆန္ဒရှင်ပြည်သူများသည် မဲရုံစတင်ဖွင့်လှစ်ချိန်မှစ၍ သက်ဆိုင်ရာ မဲရုံအသီးသီးသို့ လာရောက်ကြပြီး ဆန္ဒမဲပေးခဲ့ကြကြောင်း၊  မဲရုံများတွင် ဆန္ဒမဲလာရောက်ပေးသူများ စိတ်ချလုံခြုံစွာ မဲပေးနိုင်ရန်နှင့် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ ဆန္ဒမဲပေးနိုင်ရေး မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများ၊ မဲရုံမှူးများနှင့် မဲရုံအဖွဲ့ဝင်များ၊ မဲရုံလုံခြုံရေးများနှင့်စေတနာ့ဝန်ထမ်းများက လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးလျက်ရှိကြကြောင်းသိရသည်။
 
မြို့နယ်(ပြန်/ဆက်)