နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ကနေဒါနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့် ဩစတြီးယား သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး၊ ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းများဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် တို့အား လမ်းညွှန်မှာကြား

နေပြည်တော် နိုဝင်ဘာ ၁၉

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် ကနေဒါနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ခန့်အပ်ပြီးဖြစ်သည့် ဦးဟောက်ခန့်ဆုမ်းနှင့် ဩစတြီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ် ကြီးတာဝန်နှင့်အတူ ဗီယင်နာမြို့ အခြေစိုက် ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းများ ဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖြစ် ခန့်အပ်ပြီးဖြစ်သည့် ဦးမင်းသိမ်းတို့အား ယနေ့ နံနက်  ၁၀ နာရီတွင်  နိုင်ငံတော်သမ္မတအိမ်တော် သမ္မတရုံးခန်း၌  တွေ့ဆုံပြီး လိုအပ်သည့် မူဝါဒများကို လမ်းညွှန်မှာကြားသည်။  (သတင်းစဉ်)