အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ခြင်းအပေါ် နိုင်ငံတော်သမ္မတထံသို့ ကိုရီးယားသမ္မတနိုင်ငံ သမ္မတ မစ္စတာ မွန်ဂျေအင်း က ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့

နေပြည်တော် နိုဝင်ဘာ ၂၁

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ခြင်းအပေါ် နိုင်ငံတော်သမ္မတ ထံသို့ ကိုရီးယားသမ္မတနိုင်ငံ သမ္မတ မစ္စတာ မွန်ဂျေအင်း က ဝမ်းမြောက်ကြောင်း သဝဏ်လွှာ ပေးပို့ခဲ့သည်။

အဆိုပါသဝဏ်လွှာအပြည့်အစုံမှာ -

နိုင်ငံတော်သမ္မတထံသို့ ကိုရီးယားသမ္မတနိုင်ငံ၊ သမ္မတ မစ္စတာ မွန်ဂျေအင်းထံမှ ပေးပို့သည့် ဝမ်းမြောက်ကြောင်းသဝဏ်လွှာ

မြန်မာနိုင်ငံ၏ အထွေထွေရွေးကောက်ပွဲကို ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် မကြုံစဖူး စိန်ခေါ်မှုများအကြား အောင်မြင်စွာကျင်းပနိုင်ခဲ့သည့်အတွက် လှိုက်လှဲစွာဂုဏ်ယူ ဝမ်းမြောက်ပါ ကြောင်း၊ ၂၀၂၀ ပြည့်နှစ်တွင် ကျရောက်သည့် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး (၄၅) နှစ်ပြည့် အထိမ်းအမှတ်သည် မိမိတို့နှစ်နိုင်ငံအကြား စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုကဏ္ဍများ အပါအဝင် ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်နိုင်ခဲ့ခြင်းအတွက် ဝမ်းမြောက်ပါကြောင်း၊

မြန်မာနိုင်ငံ၏ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မိမိတို့နှစ်နိုင်ငံအကြား နီးကပ်စွာပူးပေါင်းဆောင်ရွက်နိုင်ခြင်းအပေါ် အားရကျေနပ်မိပါကြောင်း၊

မိမိတို့နှစ်နိုင်ငံအနေဖြင့် လက်ရှိစိန်ခေါ်မှုများကို အတူတကွကျော်လွှားနိုင်ပြီး နှစ်နိုင်ငံ ဆက်ဆံရေး ပိုမိုတိုးတက်လာစေရန် မျှော်လင့်ပါကြောင်း၊

အဆွေတော်ကျန်းမာစေရန်နှင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် သာယာဝပြောမှု အဓွန့်ရှည်စေရန် ဆုမွန်ကောင်း တောင်းအပ်ပါကြောင်း၊

#Myanmar President Office