အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ခဲ့ခြင်းအပေါ် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ထံသို့ ၊ ဗီယက်နမ်ကွန်မြူနစ်ပါတီ၊ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးနှင့် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာ ငုယင်ကျောင်း၊ ကိုရီးယားသမ္မတနိုင်ငံ သမ္မတ မစ္စတာ မွန်ဂျေအင်းနှင့် ချက်သမ္မတနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ အန်းဒရက် ဘာဘိစ်ရှ် တို့က ဝမ်းမြောက်ကြောင်း သဝဏ်လွှာများပေးပို့

နေပြည်တော် နိုဝင်ဘာ ၂၁

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ခဲ့ခြင်းအပေါ် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်ထံသို့ ဗီယက်နမ် ကွန်မြူနစ်ပါတီ၊ ဗဟိုကော်မတီအထွေထွေအတွင်းရေးမှူးနှင့် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံသမ္မတ မစ္စတာ ငုယင်ဖုကြောင့်၊ ကိုရီးယား သမ္မတနိုင်ငံ သမ္မတ မစ္စတာ မွန်ဂျေအင်းနှင့် ချက်သမ္မတနိုင်ငံဝန်ကြီးချုပ် မစ္စတာ အန်းဒရက် ဘာဘိစ်ရှ် တို့က ဝမ်းမြောက်ကြောင်း သဝဏ်လွှာများ ပေးပို့ခဲ့သည်။

အဆိုပါ သဝဏ်လွှာအပြည့်အစုံမှာ-

 

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ထံသို့ ဗီယက်နမ်ကွန်မြူနစ်ပါတီ၊ ဗဟိုကော်မတီ အထွေထွေအတွင်း ရေးမှူးနှင့် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံသမ္မတ မစ္စတာ ငုယင်ဖုကျောင့် ထံမှ ပေးပို့သည့် ဝမ်းမြောက် ကြောင်းသဝဏ်လွှာ

 ဗီယက်နမ်ကွန်မြူနစ်ပါတီ၊ ဗဟိုကော်မတီကိုယ်စား မိမိအနေဖြင့် မကြာမီကကျင်းပခဲ့သည့် မြန်မာနိုင်ငံ၏ အထွေထွေ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီက အောင်မြင်မှုရရှိခဲ့ခြင်းအတွက် အဆွေတော်နှင့်တကွ | ပါတီခေါင်းဆောင်များနှင့် အဖွဲ့ဝင်များ အား ဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊

ပြီးခဲ့သည့်နှစ်များအတွင်း အဆွေတော်ခေါင်းဆောင်သည့် NLD ပါတီ၏ ဦးဆောင်မှုဖြင့် မြန်မာအစိုးရအနေဖြင့် အခက်အခဲနှင့် စိန်ခေါ်မှုများစွာတို့ကို ရဲရင့်စွာရင်ဆိုင်ကျော်လွှားနိုင်ကာ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို မြှင့်တင်နိုင်ခဲ့ပြီး လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သိသာထင်ရှားသည့်

အောင်မြင်မှုများကို မှတ်တမ်းတင်နိုင်ခဲ့ပါကြောင်း၊ အထွေထွေရွေးကောက်ပွဲရလဒ်သည် NLD ပါတီ၏ ဦးဆောင်မှုအပေါ် မြန်မာပြည်သူများ၏ ထောက်ခံမှုနှင့် ယုံကြည်မှုတို့ကို ထပ်မံထင်ဟပ်ပြသခဲ့ခြင်းဖြစ် ပါကြောင်း၊

NLD ပါတီအနေဖြင့် စွမ်းဆောင်ရည်၊ လေးနက်သည့်ခံယူချက်၊ ထပ်မံဦးစီးဆောင်ရွက်ခွင့်များနှင့်အတူ မြန်မာ ပြည်သူများအား ဦးဆောင် ဦးရွက်ပြု၍ စိန်ခေါ်မှုများအား ရင်ဆိုင်ဖြေရှင်းနိုင်ပြီး မကြာမီကမ္ဘာ့ကပ်ရောဂါအား ထိန်းချုပ်ကာကွယ်နိုင်၍ စီးပွားရေးပြန်လည် ကောင်းမွန်လာပြီးနောက် မြန်မာနိုင်ငံအား ငြိမ်းချမ်းသာယာ၊ စည်းလုံးပြီး သာတူညီမျှကြွယ်ဝတိုးတက်သည့်နိုင်ငံအဖြစ် တည်ဆောက်နိုင် လိမ့်မည်ဟု ယုံကြည်ပါကြောင်း၊

မြန်မာ-ဗီယက်နမ်နှစ်နိုင်ငံအကြားတည်ထောင်ထားသည့် ဘက်စုံပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ မိတ်ဖက်ဆက် ဆံရေးနှင့် မိမိတို့ပါတီနှစ်ရပ် အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုတို့ ပိုမိုခိုင်မာပြီး ဆက်လက်ဖွံ့ဖြိုးတိုးတက် စေရန် ဆန္ဒပြုပါကြောင်း၊

အဆွေတော်ကျန်းမာပျော်ရွှင်စေရန်နှင့် လုပ်ငန်းတာဝန်များဆောင်ရွက်ရာတွင် အောင်မြင်မှုများရရှိစေရန် ဆုမွန်ကောင်းတောင်း အပ်ပါ ကြောင်း။

 

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ထံသို့ ကိုရီးယားသမ္မတနိုင်ငံ သမ္မတ မစ္စတာ မွန်ဂျေအင်းထံမှ ပေးပို့သည့် ဝမ်းမြောက်ကြောင်းသဝဏ်လွှာ

မကြာမီကကျင်းပခဲ့သည့် မြန်မာနိုင်ငံ၏ အထွေထွေရွေးကောက်ပွဲတွင် မြန်မာပြည်သူများ၏ တစ်ခဲနက် အားပေး ထောက်ခံမှုဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အောင်နိုင်မှုရရှိခဲ့ခြင်းအတွက် လှိုက်လှိုက်လှဲလှဲ ဂုဏ်ယူဝမ်းမြောက် ပါကြောင်း၊

ယင်းရွေးကောက်ပွဲသည် အဆွေတော် စွမ်းဆောင်အောင်မြင်ခဲ့သည့် ရလဒ်ကောင်းများအပေါ် မြန်မာပြည်သူ များ၏ ယုံကြည်မှုနှင့် ထောက်ခံအားပေးမှုကို ထုတ်ဖော်ပြသခဲ့ခြင်း ဖြစ်ပါကြောင်း၊ ပြည်သူသာအဓိကဟူသည့် ဆောင်ပုဒ်နှင့်အညီ အဆွေတော်၏ ခေါင်းဆောင်မှုအောက်တွင် မြန်မာပြည်သူများသည် ပျော်ရွှင်မှုနှင့် သာယာဝပြောမှု တို့ကို ရရှိခံစားနိုင်ကြမည်ဟု ယုံကြည်ပါကြောင်း၊

၂၀၂၀ ပြည့်နှစ် နှစ်နိုင်ငံသံတမန်ဆက်ဆံရေး (၄၅)နှစ်ပြည့်အထိမ်းအမှတ်မှသည် စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုကဏ္ဍများအပါအဝင် ကဏ္ဍစုံ၌ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများ အစဉ်အမြဲ ခိုင်မာတိုး တက်စေရန် ထိန်းသိမ်းသွားနိုင်မည်ဟု မျှော်လင့်ပါကြောင်း၊ မြန်မာနိုင်ငံနှင့် ကိုရီးယားသမ္မတနိုင်ငံ တို့သည် နှစ်နိုင်ငံ အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုနှင့် ဘုံသာယာဝပြောမှုတို့ကို အတူတကွဆက် လက် ဖော်ဆောင်နိုင်မည်ဟု မျှော်လင့်ပါကြောင်း၊

အဆွေတော် ကျန်းမာစေရန်နှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သာယာဝပြောမှုတည်တံ့စေရန် ဆုမွန်ကောင်းတောင်း အပ်ပါကြောင်း။

 

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ထံသို့ ချက်သမ္မတနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ အန်းဒရက် ဘာဘိစ်ရှ်ထံမှ ပေးပို့သည့် ဝမ်းမြောက်ကြောင်း သဝဏ်လွှာ

 အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ရွေးကောက်ပွဲတွင် အပြတ်အသတ် အနိုင်ရရှိခဲ့ခြင်းအတွက် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ မိမိတို့နှစ်နိုင်ငံအကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးကို အလေးအနက်ထားပါကြောင်း၊ အဆွေတော်အနေဖြင့် လူ့အခွင့်အရေး၊ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ဆက်လက်ထောက်ခံအားပေးသွားမည်ဟု မိမိအနေဖြင့် ခိုင်မာစွာ ယုံကြည် ပါကြောင်း၊ အပြန်အလှန် အကျိုးဖြစ်ထွန်းစေမည့် နယ်ပယ်များ အထူးသဖြင့် စီးပွားရေး၊ ယဉ်ကျေးမှု၊ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေး နယ်ပယ်များတွင် နှစ်နိုင်ငံ အပြန်အလှန် ပိုမိုပူးပေါင်း ဆောင်ရွက်သွား နိုင်မည်ဟု မိမိအနေဖြင့် မျှော်လင့်ပါကြောင်း၊ အဆွေတော်အနေဖြင့် ကြီးလေးသောတာဝန်ဝတ္တရားများကို အောင်မြင်စွာ ထမ်းဆောင်နိုင် ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါကြောင်း။