Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်း သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်)နှင့် သန်လျင်ခရိုင်အတွင်းရှိ ဦးစီးဌာနများမှ ဝန်ထမ်းများနှင့်တွေ့ဆုံ

နေပြည်တော် မေ ၂၃

သမဝါယမနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်းသည် ယနေ့မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ်ရှိ သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်) သို့ သွားရောက်ပြီး တက္ကသိုလ်မှ ဝန်ထမ်းများ၊ သန်လျင်ခရိုင်အတွင်းမှ ဝန်ကြီးဌာနကွပ်ကဲမှုအောက်ရှိ ဦးစီးဌာနများမှ ဝန်ထမ်းများနှင့် တွေ့ဆုံသည်။

တွေ့ဆုံစဉ် ဆရာ ဆရာမများအနေဖြင့် စွမ်းရည်ရှိပြီး တက္ကသိုလ်၏ မျှော်မှန်းချက်အတိုင်း ကျောင်းသား ကျောင်းသူများကို အမှန်တကယ်တတ်မြောက်ရေး သင်ကြားပေးရန်လိုအပ်ကြောင်း၊ သမဝါယမစနစ်၊ လူမှုစီးပွားဖွံ့ဖြိုးရေး၊ ကျေးလက်ဖွံ့ဖြိုးရေးနှင့် MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးကို ကျောင်းသား ကျောင်းသူများ သိရှိစေရေးသင်ကြားပေးရန်နှင့် ပြန်လည်အသုံးချနိုင်ရန်လိုအပ်ကြောင်း၊ စနစ်ကျသည့် စိုက်ပျိုးရေး မွေးမြူရေးလုပ်ငန်းများဖြစ်စေရေးနှင့် သမဝါယမစနစ်ဖြင့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME) လုပ်ငန်းများအောင်မြင်ရေး၊ ဒေသထွက်ကုန်ကြမ်းများကို အသုံးပြု၍ တန်ဖိုးမြှင့်ထုတ်ကုန် (Value Added) များ ထုတ်လုပ်နိုင်ရေး ကြိုးစားဆောင်ရွက်ကြရန်လိုအပ်ကြောင်း တိုက်တွန်းမှာကြားပြီး ဝန်ထမ်းများ၏ တင်ပြချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ထို့နောက် သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်) ဝင်းအတွင်းရှိ တက္ကသိုလ်အဝင် မုခ်ဦးနှင့် အဓိပတိလမ်း၊ တက္ကသိုလ်စာကြည့်တိုက်၊ စာသင်ဆောင်များ၊ ဝန်ထမ်းအိမ်ရာများနှင့် အားကစားရုံတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်