ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်  ကျောက်တံတားမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးနေမျိုးထက်အား လက်ခံတွေ့ဆုံ

နေပြည်တော် ဒီဇင်ဘာ ၁၀

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်သည် ကျောက်တံတား မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုးထက်အား ယနေ့မွန်းလွဲ ၃ နာရီတွင် ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် မြန်မာနိုင်ငံ ဂီတအစည်းအရုံး(ဗဟို) အမှုဆောင်သစ်ရွေးကောက်ပွဲ ကျင်းပနိုင် ရန်အတွက် ကူညီဆောင်ရွက်ပေးရေး၊ မြန်မာနိုင်ငံ ဂီတအစည်းအရုံး၏ ဖွဲ့စည်းပုံ အခြေခံ စည်းမျဉ်းများကိစ္စ စသည်တို့နှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲသို့ ပြန်ကြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်၊ မြန်မာ့ အသံနှင့် ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်၊ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးမြင့် ကျော်တို့ တက်ရောက်ခဲ့ကြသည်။

(သတင်းစဉ်)