၁၃၈၃ ခုနှစ် (၂၀၂၁ ခုနှစ်)၊ (၂၈)ကြိမ်မြောက် နိကာယ်စာမေးပွဲအောင်စာရင်း ထုတ်ပြန်ကြေညာ

၁။    ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊    သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနက ၂၀၂၁ ခုနှစ်၊ (၂၈) ကြိမ်မြောက်နိကာယ်စာမေးပွဲကြီးကို တစ်ပြည်လုံးရှိ ခွင့်ပြုစာဖြေဌာန ၇၆ ဌာနတို့၌  ၂၁-၆-၂၀၂၁ ရက်နေ့မှ   ၂၅-၆-၂၀၂၁ ရက်နေ့အထိ ၅ ရက်တိုင်တိုင် ကျင်းပခဲ့ပါသည်။
၂။    (၂၈) ကြိမ်မြောက် နိကာယ်စာမေးပွဲတွင် ဝင်ရောက်ဖြေဆိုရန် စာရင်းသွင်း ၁၄၇၆၆ ပါးရှိပြီး ဖြေဆို ၉၅၈၇ ပါးဖြစ်၍ ကျမ်းစဉ်အလိုက် အောင်မြင်သူ စုစုပေါင်း ၃၆၆၆ ပါးဖြစ်ရာ ၃၈.၂၄ ရာခိုင်နှုန်း အောင်မြင် ကြပါသည်။
၃။    အုပ်စု(၁) ခုဒ္ဒကနိကာယ(ဝိနယပိဋက) ဝိနည်းငါးကျမ်းဖြေဆို ကြသော ပုဂ္ဂိုလ်တို့တွင် ငါးကျမ်းအောင် ၆၈၀ ပါး၊ လေးကျမ်းအောင် ၂၅၈ ပါး၊ သုံးကျမ်းအောင် ၂၆၈ ပါး၊ နှစ်ကျမ်းအောင် ၃၄၈ ပါး၊ တစ်ကျမ်းအောင် ၃၈၄ ပါးတို့ဖြစ်ပါသည်။ ဝိနည်းငါးကျမ်းအောင် ၆၈၀ ပါးအနက် ပထမ၊ ဒုတိယ၊ တတိယ၊ သီလရှင်ပထမရရှိသော အထူးအောင် ပုဂ္ဂိုလ်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
    (က)    ခုံအမှတ် ရက-၁၄၊ ဦးဣန္ဒက၊ အသက် ၂၂ နှစ်၊ အဘ ဦးတင်စိုး၊ ပဉ္စနိကာယသာသန ဗိမာန်ကျောင်းတိုက်၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး (ပထမ)
    (ခ)    ခုံအမှတ် မှော်-၂၈၉၊ ရှင်နန္ဒိယ၊ အသက် ၂၀ နှစ်၊ အဘ ဦးခွန်ဗွာ၊ မဟာဝိဟာရ ကျောင်းတိုက်၊ မှော်ဘီမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး (ဒုတိယ)
    (ဂ)    ခုံအမှတ် ပူရ-၁၅၅၊ ဦးအဂ္ဂါစာရ၊ အသက် ၂၄ နှစ်၊ အဘ ဦးမော်သိန်း၊  မဟာဂန္ဓာရုံကျောင်းတိုက်၊  အမရပူရ မြို့နယ်၊ မန္တလေးတိုင်းဒေသကြီး (တတိယ)
    (ဃ)    ဝိနည်းငါးကျမ်းအောင် သီလရှင်များအနက် ခုံအမှတ် မရ-၇၀၊ မယုနန္ဒာ၊ အသက် ၃၃ နှစ်၊ အဘ ဦးသန်းမောင်၊ ရွှေမြိုင်သီရိသီလရှင်စာသင်တိုက်၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး (သီလရှင်ပထမ)
၄။    အုပ်စု (၂) ဒီဃနိကာယ(သုတ္တန္တပိဋက) သုံးကျမ်းဖြေဆိုကြသော ပုဂ္ဂိုလ်တို့တွင် သုံးကျမ်းအောင် ၂၉၁ ပါး၊ နှစ်ကျမ်းအောင် ၂၃၆ ပါး၊ တစ်ကျမ်းအောင် ၅၅ ပါးတို့ဖြစ်ပါသည်။ ဒီဃနိကာယ် သုံးကျမ်း အောင် ၂၉၁ ပါးအနက် ပထမ၊ ဒုတိယ၊ တတိယ၊ သီလရှင်ပထမ ရရှိသော အထူးအောင် ပုဂ္ဂိုလ်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
    (က)    ခုံအမှတ် မရ-၃၊ ဦးကေသဝ၊ အသက် ၃၀ နှစ်၊ အဘ ဦးမောင်နု၊     တိပိဋက    မဟာဂန္ဓာရုံကျောင်းတိုက်၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး (ပထမ)
    (ခ)    ခုံအမှတ် မန်း/အမဇ-၁၄၊ ဦးပညောဘာသာလင်္ကာရ၊ အသက် ၂၃ နှစ်၊ အဘ ဦးသိန်းဖေ၊ မဟာဓမ္မိကာရာမရွှေကျင်တိုက်မကြီး၊ အောင်မြေသာစံမြို့နယ်၊  မန္တလေး တိုင်းဒေသကြီး (ဒုတိယ)
    (ဂ)    ခုံအမှတ် မော်-၃၊ ဦးသဉ္ဇီဝ၊ အသက် ၂၉ နှစ်၊ အဘ ဦးထွန်းအောင်၊ ဆင်ဖြူစာသင်တိုက်၊ မော်လမြိုင်မြို့၊ မွန်ပြည်နယ် (တတိယ)
    (ဃ)    ဒီဃနိကာယ(သုတ္တန္တပိဋက)သုံးကျမ်းအောင် သီလရှင် များအနက် ခုံအမှတ် လွင်-၃၊ မရူပစန္ဒီ၊ အသက် ၃၃ နှစ်၊ အဘ ဦးစိန်ဝင်း၊ ဗုဒ္ဓဓီတာသီလရှင်စာသင်တိုက်၊ ပြင်ဦး လွင်မြို့နယ်၊ မန္တလေးတိုင်းဒေသကြီး (သီလရှင်ပထမ)
၅။    အုပ်စု(၃) မဇ္ဈိမနိကာယ(သုတ္တန္တပိဋက)သုံးကျမ်းဖြေဆိုကြသော ပုဂ္ဂိုလ်တို့တွင်  သုံးကျမ်းအောင် ၆၃ ပါး၊  နှစ်ကျမ်းအောင် ၂၃ ပါး၊ တစ်ကျမ်းအောင် ၈ ပါးတို့ဖြစ်ပါသည်။ 
၆။    အုပ်စု(၄) သံယုတ္တနိကာယ (သုတ္တန္တပိဋက) သုံးကျမ်းဖြေဆိုကြ သော ပုဂ္ဂိုလ်တို့တွင် သုံးကျမ်းအောင် ၂၉ ပါး၊ နှစ်ကျမ်းအောင် ၂၉ ပါး၊ တစ်ကျမ်းအောင် ၆ ပါးတို့ဖြစ်ပါသည်။
၇။    အုပ်စု (၅) အင်္ဂုတ္တရနိကာယ (သုတ္တန္တပိဋက) သုံးကျမ်းဖြေဆိုကြ သော ပုဂ္ဂိုလ်တို့တွင် သုံးကျမ်းအောင် ၁၀၅ ပါး၊ နှစ်ကျမ်းအောင် ၇၀ ပါး၊ တစ်ကျမ်းအောင် ၃၆ ပါးတို့ဖြစ်ပါသည်။ အင်္ဂုတ္တရနိကာယ သုံးကျမ်း အောင် ၁၀၅ ပါးအနက် ပထမ၊ ဒုတိယ၊ တတိယ ရရှိသော အထူးအောင် ပုဂ္ဂိုလ်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
    (က)    ခုံအမှတ် ပူရ-၁၊ ရှင်ကဝိန္ဒ၊ အသက် ၂၁ နှစ်၊ အဘ ဦးမောင် မြင့်၊ မဟာဂန္ဓာရုံကျောင်းတိုက်၊   အမရပူရမြို့နယ်၊ မန္တလေးတိုင်းဒေသကြီး (ပထမ)
    (ခ)    ခုံအမှတ် မရ-၂၊ ဦးပုညာနန္ဒ၊ အသက် ၃၁ နှစ်၊ အဘ ဦးပွ ကြီး၊ တိပိဋကမဟာဂန္ဓာရုံကျောင်း၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး (ဒုတိယ)
    (ဂ)    ခုံအမှတ် စက-၅၀၊ ရှင်ဝိသိဋ္ဌ၊ အသက် ၂၃ နှစ်၊ အဘ ဦးမောင်လုပ်၊ မဟာသုဗောဓာရုံကျောင်းတိုက်၊ စစ်ကိုင်း မြို့၊ စစ်ကိုင်းတိုင်းဒေသကြီး (တတိယ)
၈။    အုပ်စု (၆) ခုဒ္ဒကနိကာယ-၁ (သုတ္တန္တပိဋက) ငါးကျမ်းဖြေဆို ကြသော ပုဂ္ဂိုလ်တို့တွင် တစ်ကျမ်းအောင် ၁ ပါးဖြစ်ပါသည်။
၉။    အုပ်စု (၇) ခုဒ္ဒကနိကာယ-၂ (သုတ္တန္တပိဋက) ငါးကျမ်းဖြေဆို ကြသော ပုဂ္ဂိုလ်တို့တွင် ငါးကျမ်းအောင် ၁ ပါး၊ သုံးကျမ်းအောင် ၃ ပါး တို့ဖြစ်ပါသည်။
၁၀။    အုပ်စု (၈) ခုဒ္ဒကနိကာယ (အဘိဓမ္မပိဋက) (ပထမပိုင်း) နှစ်ကျမ်း ဖြေဆိုကြသော ပုဂ္ဂိုလ်တို့တွင် နှစ်ကျမ်းအောင် ၂၂၆ ပါး၊ တစ်ကျမ်းအောင် ၈၅ ပါးတို့ဖြစ်ပါသည်။ အဘိဓမ္မပိဋက နှစ်ကျမ်းအောင် ၂၂၆ ပါးအနက် ပထမ၊ ဒုတိယ၊ တတိယ ရရှိသော အထူးအောင် ပုဂ္ဂိုလ်များမှာ အောက်ပါ အတိုင်း ဖြစ်ပါသည်-
    (က)    ခုံအမှတ် မဟမ-၂၊ ဦးဝိမလာလင်္ကာရ၊ အသက် ၂၅ နှစ်၊ အဘ ဦးအေးသွင်၊   ဓမ္မဘာဏကကျောင်း၊   မစိုးရိမ် တိုက်သစ်၊  မဟာအောင်မြေမြို့နယ်၊     မန္တလေးတိုင်း ဒေသကြီး (ပထမ)
    (ခ)    ခုံအမှတ် ပခ-၃၊ ဦးကဝိသာရာလင်္ကာရ၊ အသက် ၂၆ နှစ်၊ အဘ ဦးအုန်းပိုင်၊ သာမဏေကျော် စာသင်တိုက်၊ ပဲခူးမြို့၊ ပဲခူးတိုင်းဒေသကြီး (ဒုတိယ)
    (ဂ)    ခုံအမှတ် ဒဂရ-၅၊ ဦးပညာသုတာလင်္ကာရ၊ အသက် ၂၅ နှစ်၊ အဘ ဦးဝင်းနိုင်၊ တိပိဋက မဟာဂန္ထဝင်နိကာယ် ကျောင်းတိုက်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ ရန်ကုန် တိုင်းဒေသကြီး (တတိယ)
၁၁။    အုပ်စု (၉) ခုဒ္ဒကနိကာယ  (အဘိဓမ္မပိဋက)  (ဒုတိယပိုင်း) လေးကျမ်းဖြေဆိုကြသော ပုဂ္ဂိုလ်တို့တွင် လေးကျမ်းအောင် ၂ ပါး၊ တစ်ကျမ်းအောင် ၁ ပါးတို့ဖြစ်ပါသည်။
၁၂။    အုပ်စု (၁) ခုဒ္ဒကနိကာယ (ဝိနယပိဋက) ဝိနည်းအဋ္ဌကထာ (မဟာဝိဒူတန်း) သုံးကျမ်းဖြေဆိုကြသော ပုဂ္ဂိုလ်တို့တွင် သုံးကျမ်း အောင် ၁ ပါး၊ နှစ်ကျမ်းအောင် ၁ ပါး၊ တစ်ကျမ်းအောင် ၉ ပါးတို့ ဖြစ်ပါ သည်။
၁၃။    အုပ်စု (၂) ဒီဃနိကာယ (သုတ္တန္တပိဋက) ဒီဃနိကာယ်အဋ္ဌကထာ (မဟာဝိဒူတန်း) သုံးကျမ်းဖြေဆိုကြသော ပုဂ္ဂိုလ်တို့တွင် တစ်ကျမ်း အောင် ၂ ပါးဖြစ်ပါသည်။
၁၄။    အုပ်စု (၈) ခုဒ္ဒကနိကာယ (အဘိဓမ္မပိဋက) အဋ္ဌကထာ (မဟာ ဝိဒူတန်း) နှစ်ကျမ်းဖြေဆိုကြသော ပုဂ္ဂိုလ်တို့တွင် နှစ်ကျမ်းအောင် ၄ ပါးဖြစ်ပါသည်။
၁၅။    အုပ်စု (၉) ခုဒ္ဒကနိကာယ (အဘိဓမ္မပိဋက) အဋ္ဌကထာ (မဟာ ဝိဒူတန်း) ဖြေဆိုကြသော  ပုဂ္ဂိုလ်တို့တွင်  တစ်ကျမ်းအောင် ၁ ပါး ဖြစ်ပါသည်။
၁၆။    (၂၈) ကြိမ်မြောက် နိကာယ်စာမေးပွဲတွင် ဝိဒူတန်းအုပ်စု ၉ အုပ်စုနှင့် မဟာဝိဒူတန်းအုပ်စု ၄ အုပ်စု တို့တွင် ကျမ်းစဉ်အလိုက် အောင်မြင်ကြသူပေါင်း ၃၆၆၆ ပါးဖြစ်ပါသည်။
၁၇။    ၁၃၈၃ ခုနှစ် (၂၀၂၁ ခုနှစ်၊ (၂၈) ကြိမ်မြောက် နိကာယ်အောင် စာရင်းအပြည့်အစုံကို နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ Website www.mahana.org.mm ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန Website www.mora.gov.mm နှင့် သာသနာရေးဦးစီးဌာန Website www.dra.org.mm တို့တွင်လည်း ဝင်ရောက်ကြည့်ရှုနိုင်ပါကြောင်း သာသနာရေးဦးစီးဌာနမှ သတင်းရရှိသည်။
သတင်းစဉ်