၂၀၀၇ ဖော်မြူလာဝမ်း ကမ္ဘာ့ချန်ပီယံဆုရရှိခဲ့တဲ့ ရေခဲလူသား ပြိုင်ပွဲမှအနားယူတော့မည်

ဖော်မြူလာဝမ်း ကားပြိုင်ပွဲလောကက အနားယူပြီး ပထမဆုံး ပြုလုပ်လိုက်တဲ့  တွေ့ဆုံမေးမြန်းခန်းမှာ  ခီမီရိုက်ကိုနန်က ဖော်မြူလာဝမ်းဟာ ကျွန်တော့်ဘဝမှာ ဘယ်တော့မှ မဖြစ်နိုင်တော့ဘူးလို့ ပြောလိုက်ပါတယ်။ 
အသက် ၄၁ နှစ်ရှိပြီဖြစ်တဲ့ ရေခဲလူသားလို့အသိများတဲ့ ဖင်လန်နိုင်ငံသား ရိုက်ကိုနန်ဟာ ၂၀၀၇ ခုနှစ် ဖော်မြူလာဝမ်း ကမ္ဘာ့ချန်ပီယံဆုကို ဖာရာရီနဲ့ ရရှိခဲ့ပါတယ်။ သူ့အနာဂတ်မှာ ကားပြိုင်ပွဲဝင်မယ့်အစီအစဉ်မရှိသလို အခုအဲဒီကိစ္စကိုလည်း စိတ်မဝင်စားတော့ဘူးလို့ ပြောပါတယ်။ 
ဖော်မြူလာဝမ်းဟာ ကျွန်တော်တို့ဘဝထဲကို အချိန်တွေအများကြီး ယူသွားခဲ့တယ်။ ဒါပေမယ့်လည်း အဲဒါက ကျွန်တော့် ဘဝရဲ့အရေးကြီးဆုံး အရာမဖြစ်လာတော့ပါဘူးလို့ ရိုက်ကိုနန်က ပြောပါတယ်။  ကျွန်တော့်ဘဝကို အပြင်ဘက်မှာ ကုန်ဆုံးပြီး ပုံမှန်အလုပ်တွေပဲလုပ်တာက ကောင်းမှာပါလို့ သူကဆက်ပြောလိုက်ပါတယ်။ ဖော်မြူလာဝမ်းရာသီကုန်မှာ ရိုက်ကိုနန်ဟာ ဖော်မြူလာဝမ်းပြိုင်ပွဲက အပြီးတိုင်ထွက်ခွာမှာ ဖြစ်ပါတယ်။   

လင်းခေတ်ဆန်