၂၀၁၈ ခုနှစ်အတွင်း ပို့ကုန်တင်ပို့ခဲ့ပြီး ပို့ကုန်ရငွေ ပြန်လည်ဝင်ရောက် ရန် ကျန်ရှိသည့် ကုမ္ပဏီများအနေဖြင့် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှု ဥပဒေအရ ပို့ကုန်ရငွေများအား မိမိပို့ကုန်ရငွေ ဝင်ရောက်ခဲ့သည့် ဘဏ်များနှင့် ဆက်သွယ်စာရင်းရှင်းလင်းရန် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်း ချုပ် (UMFCCI)မှတစ်ဆင့် ဆက်သွယ်အကြောင်းကြားထားပြီး ဖြစ်ပါသည်။
အဆိုပါ စာရင်းရှင်းလင်းရန် သတ်မှတ်ထားသည့်အချိန်သည် (၇-၈-၂၀၂၁) ရက်နေ့တွင် စေ့ရောက်မည်ဖြစ်သော်လည်း ကိုဗစ်-၁၉ ဖြစ်ပွားနေချိန်နှင့် ရုံးပိတ်ရက်များနှင့် တိုက်ဆိုင်နေပါ၍ စာရင်း ရှင်းလင်းရမည့်အချိန်ကို ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၉ ရက်နေ့မှစ၍ ရက်ပေါင်း (၃၀) အတွင်း ရှင်းလင်းရန် ထပ်မံတိုးမြှင့်ဖြေလျှော့ လိုက်ပါသည်။
ဘဏ်များနှင့် ဆက်သွယ်စာရင်းရှင်းလင်းရန် ကျန်ရှိသည့် ကုမ္ပဏီ များ(အသေးစိတ်စာရင်းကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ Website- www.cbm.gov.mm တွင် ကြည့်ရှုနိုင်ပါသည်။) အနေဖြင့် အဆိုပါ ရက်ကုန်ဆုံးသည့်နေ့ရက်အထိ စာရင်းရှင်းလင်းခြင်းမရှိပါက စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ပို့ကုန်/သွင်းကုန် ဆိုင်ရာ လုပ်ထုံးလုပ်နည်းများအရလည်းကောင်း၊ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေပါ ပြဋ္ဌာန်းချက်များအရ လည်းကောင်း ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးပါသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်
Type