နေပြည်တော် နိုဝင်ဘာ ၁၀
ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်က ကြီးမှူးကျင်းပသည့် ၂၀၂၀ ပြည့်နှစ်အတွက် စာပေ ဗိမာန်စာမူဆုပြိုင်ပွဲတွင် ဆုရရှိသောစာမူများနှင့် စာရေးဆရာများ၏ အမည်စာရင်းကို စာပေဗိမာန်စာမူဆုစိစစ်ရွေးချယ်ရေးအဖွဲ့က ယနေ့ထုတ်ပြန်ကြေညာသည်။
ဝတ္ထုရှည်ဆုတွင် ပထမဆုကို ညိမ်းညို၏ မလင်းဘယ်ခါရှိပါ့မယ်၊ ဒုတိယဆုကို ကံမြင့်မော်၏ မေတ္တာရှိရင်းစွဲမို့ လွဲနိုင်ပါဘူးရှင်၊ တတိယဆုကို တင်လင်းဇော်၏ လေဆန်သည့်ငှက်၊ လှိုင်းထက်ကလှေ စာမူများကလည်းကောင်း၊ ဝတ္ထုတိုပေါင်းချုပ်ဆုတွင် ပထမဆုကို သိန်းဇော်(ရွှေလီဦး)၏ ဖားဝိဇ္ဇာနှင့် ကျေးရွာအလှဝတ္ထုတိုများ၊ ဒုတိယဆုကို မင်းလပြည့်(ဟားခါး)၏ မိုးယံထက်ကအလှပန်းများနှင့် အခြားဝတ္ထုတိုများ၊ တတိယဆုကို တင်တော်၏ ပဲ့ကိုင်ရှင်တို့၏ နှလုံးသားအလှနှင့် ဝတ္ထုတိုများစုစည်းမှု စာမူများကလည်းကောင်း၊ ကဗျာပေါင်းချုပ်ဆုတွင် ပထမဆုကို ကောင်းနွဲ့၏ ရာသီမြုံလုံးချင်း ကဗျာများ၊ ဒုတိယဆုကို ကျော်သက်ခိုင်(မုံရွာ)၏ မြန်မာဂန္ထဝင်ရနံ့လက်ရွေးစင်ကဗျာများ၊ တတိယဆုကို ကနောင် နိုင်နွယ်ဦး၏ နေနှင့် လမင်းအလင်းသစ္စာကဗျာများ စာမူများကလည်းကောင်း၊ သုတ ပဒေသာ(ဝိဇ္ဇာ)ဆုတွင် ပထမဆုကို ယဉ်ယဉ်မွန်(ရှေးဟောင်း သုတေ သန)၏ ဒွတ္တပေါင်မင်းကြီးနှင့် ကမ္ဘာ့အမွေအနှစ်စာရင်းဝင် သရေ ခေတ္တရာ၊ ဒုတိယဆုကို ဦးညွန့်ဝေ (ဘီအေဘီအီးဒီ)၏ မြန်မာ့သုတ ပညာရေးမှတ်တိုင်များ၊ တတိယဆုကို လွင်မြန်မာ(မန်းတက္ကသိုလ်)၏ ပအိုဝ်းရိုးရာဒုံးလွှတ်ခြင်းဓလေ့နှင့် ဗမာဒုံးချင်းကဗျာများ စာမူများ ကလည်းကောင်း၊ သုတပဒေသာ(ရိုးရိုးသိပ္ပံနှင့်အသုံးချသိပ္ပံ)ဆုတွင် ပထမဆုကို အောင်စိုး (စိုက်ပျိုး/၁၀၇)၏ အရိပ်ရပင်နှင့်ပန်းအလှ ပင်များ၊ ဒုတိယဆုကိုဆွေဆွေအုန်း (ရန်ကုန်တက္ကသိုလ်)၏ သက်စွန့် ဆံဖျားတောင်တက်ခြင်းအားကစား၊ တတိယဆုကို ကိုတူး (သာယာမြိုင်) ၏ သားရေခွာ ရုပ်လုံးသွင်းအတတ်ပညာ မိတ်ဆက်စာမူများက လည်းကောင်း၊ စာပဒေသာဆုတွင် ပထမဆုကို မြေလတ်မင်းလွင်၏ ဆိုင်းဂီတဖြင့် တိုင်းပြည်အလှဆင်ခြင်း(သို့)အလင်္ကာကျော်စွာစိန်စတင်း၊ ဒုတိယဆုကို ဇာတ်ညွှန်းအကယ်ဒမီ ကိုကိုလေး၏ ဆည်းဆာရသ စာတမ်းများ၊ တတိယဆုကို နန္ဒာခင်(သက္ကလမြေ)၏ နာပေါင်းကုဋေ ဆရာ မြေဝယ် စာမူများကလည်းကောင်း၊ မြန်မာ့ယဉ်ကျေးမှုနှင့် အနုပညာဆိုင်ရာစာပေဆုတွင် ပထမဆုကိုအရှင်ပညာသာမိ၏ မြန်မာ နိုင်ငံအတွင်းရှိ အရှေ့ပိုးကရင်လူမျိုးတို့၏ ယဉ်ကျေးမှုဓလေ့ထုံးစံ နှင့်စာပေ၊ ဒုတိယဆုကို မင်းသျှင်အောင်(တွံတေး)၏ ကွက်စိပ်ဗေဒသုခုမ၊ တတိယဆုကို အောင်စိုး(တိရစ္ဆာန်ဆေးကုဆရာဝန်)၏ မြန်မာ့ ယဉ်ကျေးမှုဆယ့်နှစ်လရာသီ ဓလေ့ထုံးစဉ်လာ စာမူများကလည်း ကောင်း၊ ကလေးစာပေဆုတွင် ပထမဆုကို ဝတ်ရည်ခင်(ပဲခူး)၏ မြန်မာ့ မေတ္တာစွမ်းကမ္ဘာကိုလွှမ်းစေရမည်နှင့် ကလေးဝတ္ထုတိုများ၊ ဒုတိယဆု ကို သက်ဦးခင်၏ ဖူးစီဝေလန်း ရောင်စုံပန်းကလေး ကဗျာများ၊ တတိယ ဆုကို ညွန့်ဝင်း(နတ္တလင်း)၏ တို့လေးလေးစားစားသီဆိုမယ်နှင့် အခြား ဝတ္ထုတိုများ စာမူများကလည်းကောင်း၊ လူငယ်စာပေဆုတွင် ပထမဆု ကို ယဉ်ယဉ်(ဘက်ရဲ)၏ ကြယ်မကြွေသော ထိုကောင်းကင်၊ ဒုတိယဆု ကို သက်ဦးခင်၏ ပန်းတစ်ပွင့်လန်းစွင့်ခဲ့ပြီ၊ တတိယဆုကို နွေကံ့ကော် (မြို့လှ)၏ သားသို့ပေးစာများစာမူများကလည်းကောင်း ရရှိကြပါ သည်။
စာပေဗိမာန်စာမူဆုများကို ပထမဆု ၁၅ သိန်း၊ ဒုတိယဆု ၁၀သိန်း၊ တတိယဆု ၇ သိန်း ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရပါသည်။
စာပေဗိမာန်စာမူဆုများကို စာပေပညာရှင်၊ အသိပညာရှင်၊ အတတ်ပညာရှင်များနှင့် ပုံနှိပ်ရေးနှင့် စာအုပ်ထုတ်ဝေရေးလောကမှ အတွေ့အကြုံရှိသူများပါဝင်သော ပုဂ္ဂိုလ် ၂၄ ဦးဖြင့် ဖွဲ့စည်းထားပြီး ၂၀၂၀ ပြည့်နှစ် ပြိုင်ပွဲသို့ တင်သွင်းလာသော စာမူ ၂၅၉ စောင်ကို သက်ဆိုင်ရာဘာသာရပ်အလိုက် ခွဲခြားကာ ပဏာမအဆင့်၊ ဆန်ခါ တင်အဆင့်၊ အတည်ပြုအဆင့်ဟူသော အဆင့်သုံးဆင့်ဖြင့် စနစ်တကျ စိစစ်ရွေးချယ်ခဲ့ကြကြောင်း သိရှိရသည်။
ဆုရရှိသူများသည် ရန်ကုန်မြို့ အမှတ် (၅၂၉-၅၃၁)၊ကုန်သည်လမ်း၊ စာပေဗိမာန်ရှိ စာပေဗိမာန် စာမူဆုစိစစ်ရွေးချယ်ရေးအဖွဲ့ အတွင်းရေးမှူး တယ်လီဖုန်းအမှတ် ၀၁-၂၄၀၀၄၈ နှင့် စီမံရေးရာ ဌာန ၀၁-၃၈၁၄၄၉ သို့ အမြန်ဆုံးဆက်သွယ်ကြရန်နှင့် (၅x၈) လက်မရောင်စုံဓာတ်ပုံနှစ်ပုံနှင့် ပတ်စပို့အရွယ် ရောင်စုံဓာတ်ပုံ နှစ်ပုံစီကို ကိုယ်ရေးရာဇဝင် အကျဉ်းချုပ်နှင့်တကွ (ကြေညာသည့် ရက်မှ တစ်ပတ်အတွင်း) ပေးပို့ရန် နှိုးဆော်ထားကြောင်းသိရသည်။
အဆိုပါဆုများကို ၁၃၈၃ ခုနှစ်၊ နတ်တော်လဆန်း ၁ ရက် (စာဆိုတော်နေ့)၊ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၄ ရက် (စနေနေ့)တွင် ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်၊ မိုးကောင်းဘုရားလမ်းရှိ မြဝတီမီဒီယာစင်တာ၌ ကျင်းပပြုလုပ်မည့် အမျိုးသားစာပေ တစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန် စာမူဆုများချီးမြှင့်ပွဲအခမ်းအနားတွင် ချီးမြှင့်သွားမည်ဖြစ်ကြောင်း သတင်းရရှိ သည်။
၂၀၂၁ခုနှစ်အတွက် စာမူပြိုင်ပွဲဝင်လိုသူများအနေဖြင့် စာမူများကို ၃၁-၁၂-၂၀၂၁ရက်နေ့ နောက်ဆုံးထား၍ စာပေဗိမာန်ရုံးသို့ လာရောက်ပေးပို့ရန် နှိုးဆော်ထားကြောင်း သိရှိရသည်။
သတင်းစဉ်