၂၀၂၁ ခုနှစ်၊ အောက်တိုဘာလမှ ၂၀၂၂ ခုနှစ်၊ မတ်လအထိ ခြောက်လအတွက် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေပြဋ္ဌာန်း

 

(ယမန်နေ့မှအဆက်) 

အခန်း(၄)
ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေအစီအစဉ်ပြင်ပမှ ဆောင်ရွက်သော
ပြည်ထောင်စုဝန်ကြီးဌာနများနှင့် ဦးစီးဌာနများ

၁၅။    လူမှုဖူလုံရေးအဖွဲ့သည် မိမိ၏ လူမှုဖူလုံရေးရန်ပုံငွေနှင့် အလုပ် တွင်ထိခိုက်မှုအကျိုးခံစားခွင့်  ရန်ပုံငွေတို့အပေါ် ရပ်တည်၍ လုပ်ငန်း များကို မိမိ၏ ဘဏ္ဍာငွေအစီအစဉ်ဖြင့် ဆောင်ရွက်ရမည်။

၁၆။    (က)    လူမှုဖူလုံရေးအဖွဲ့၏ ရငွေနှင့်  သုံးငွေအတွက် တာဝန် ပေးအပ်ခြင်းခံရသည့် ပုဂ္ဂိုလ်အသီးသီးသည် ဇယား(၅)နှင့် (၆)တို့တွင်  မိမိနှင့် ယှဉ်တွဲဖော်ပြထားသည့်ရငွေ တို့ကို စီမံကြီးကြပ်ကောက်ခံခြင်းနှင့် သုံးငွေတို့ကို  စီမံ ခန့်ခွဲခြင်းပြုရမည်။
    ( ခ )    ပုဒ်မခွဲ(က)ပါ တာဝန်ခံရသည့်   ပုဂ္ဂိုလ်အသီးသီးသည် မိမိအားအပ်နှင်းထားသော   လုပ်ပိုင်ခွင့်များကို မိမိ လက်အောက်ရှိ  လုပ်ငန်းဆိုင်ရာ   ပုဂ္ဂိုလ်အသီးသီးအား လွှဲအပ် ဆောင်ရွက်စေနိုင်သည်။
    ( ဂ )    ရငွေများကိုစီမံကြီးကြပ်ကောက်ခံရာတွင် လည်းကောင်း၊ သုံးငွေများကို စီမံခန့်ခွဲရာတွင်လည်းကောင်း  ဤဥပဒေ ပါ ပြဋ္ဌာန်းချက်များ၊ သက်ဆိုင်ရာဥပဒေများ၊ နည်းဥပဒေ များ၊ စည်းမျဉ်းများ၊ စည်းကမ်းများ၊ အမိန့်ကြော်ငြာစာ များ၊ အမိန့်များ၊ ညွှန်ကြားချက်များ၊  လုပ်ထုံးလုပ်နည်း များနှင့်အညီ ဆောင်ရွက်ရမည်။

၁၇။    (က)    ပြည်ထောင်စုအစိုးရအဖွဲ့သည်   လူမှုဖူလုံရေးအဖွဲ့၏ ဇယား(၅)နှင့် (၆)တို့တွင် ဖော်ပြထားသော ငွေများကို  လုပ်ငန်းအရလိုအပ်လျှင်      ပြောင်းလဲပေးနိုင်သည်။ ပြည်ထောင်စုအစိုးရအဖွဲ့သည် ဤပုဒ်မပါ    ကိစ္စရပ် များကို   ဆောင်ရွက်နိုင်ရန်   စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာနသို့ တာဝန်လွှဲအပ်ဆောင်ရွက်စေနိုင်သည်။ ထိုသို့ ငွေများပြောင်းလဲခြင်းများနှင့် စပ်လျဉ်း၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသို့ တင်ပြသော ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလမှ ၂၀၂၂ ခုနှစ်၊   မတ်လအထိ ခြောက်လအတွက် ပြုပြင်ပြီးခန့်မှန်းခြေ   ငွေစာရင်း များတွင်လည်းကောင်း၊ ပြုပြင်ပြီးခန့်မှန်းခြေ ငွေစာရင်း များတင်ပြချိန်   နောက်ပိုင်းမှဖြစ်ပေါ်သော  ပြောင်းလဲ ခြင်းများကို  အမှန်စာရင်းများတွင်    လည်းကောင်း ထည့်သွင်းဖော်ပြရမည်။
    ( ခ )    ပြည်ထောင်စုအစိုးရအဖွဲ့သည် လူမှုဖူလုံရေးအဖွဲ့အား လုပ်ငန်းလုပ်ကိုင်ရန်သော်လည်းကောင်း၊ ရင်းနှီးမြှုပ်နှံ ရန်သော်လည်းကောင်း လိုအပ်သည့်ငွေကို ထောက်ပံ့ငွေ ဖြင့်ဖြစ်စေ၊ ချေးငွေဖြင့်ဖြစ်စေ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏  အတည်ပြုချက်ဖြင့်   ရယူဆောင်ရွက် ခွင့်ပြုနိုင်သည်။

၁၈။    ပြည်ထောင်စုအစိုးရအဖွဲ့သည် လူမှုဖူလုံရေးအဖွဲ့က လူမှုဖူလုံ ရေးရန်ပုံငွေနှင့်အလုပ်တွင်ထိခိုက်မှု အကျိုးခံစားခွင့် ရန်ပုံငွေတို့ဖြင့် ရပ်တည်ပြီး   ယင်းရန်ပုံငွေမှ   အကျိုးခံစားခွင့်များ  ပေးရာတွင် လုံလောက်မှုမရှိ၍ တောင်းခံလာပါက ပြည်ထောင်စု၏ဘဏ္ဍာရန်ပုံ ငွေမှထည့်ဝင်ခြင်း၊ ထောက်ပံ့ခြင်းနှင့်  လိုအပ်သည့်ချေးငွေများ ထုတ်ချေးခြင်း၊ လူမှုဖူလုံရေး အိမ်ရာစီမံကိန်းအတွက် ပြည်ထောင်စု၏ ဘဏ္ဍာရန်ပုံငွေမှ ထောက်ပံ့ပေးခြင်းတို့ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အတည်ပြုချက်ဖြင့် ခွင့်ပြုနိုင်သည်။

အပိုင်း ၃
နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းများ
အခန်း(၁)
ရငွေများနှင့် သုံးငွေများ

၁၉။    နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းများသည် ပြည်ထောင်စု၏ ဘဏ္ဍာရန်ပုံငွေအစီအစဉ်ဖြင့် လုပ်ငန်းများကို ဆောင်ရွက်ကြရမည်။ ထိုသို့ ဆောင်ရွက်၍ရသော ရငွေများကို  ပြည်ထောင်စု၏ ဘဏ္ဍာ ရန်ပုံငွေသို့ပေးသွင်း၍      ထုတ်ပေးရန်ရှိသော      သုံးငွေများကို ပြည်ထောင်စု၏  ဘဏ္ဍာရန်ပုံငွေမှ   ထုတ်ယူသုံးစွဲရမည်။ 

၂၀။    (က)    ဇယား(၇)နှင့် (၈)တို့တွင် ဖော်ပြထားသည့် ရငွေများနှင့် သုံးငွေများသည်   နိုင်ငံတော်ပိုင်   စီးပွားရေးအဖွဲ့အစည်း များက   စီမံကိန်းရည်မှန်းချက်များအရ   ထမြောက် အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရန်    ရည်မှန်း ထားသောငွေများဖြစ်သည်။
    ( ခ )    နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းများ၏ ရငွေနှင့် သုံးငွေအတွက်   တာဝန်ပေးအပ်ခြင်းခံရသည့်    ပုဂ္ဂိုလ် အသီးသီးသည် ဇယား(၇)နှင့် (၈)တို့တွင် မိမိနှင့် ယှဉ်တွဲ ဖော်ပြထားသည့်  ရငွေတို့ကို  စီမံကြီးကြပ်ကောက်ခံခြင်း နှင့် သုံးငွေတို့ကို စီမံခန့်ခွဲခြင်းပြုရမည်။
    ( ဂ )    ပုဒ်မခွဲ(ခ)ပါ တာဝန်ခံရသည့် ပုဂ္ဂိုလ်အသီးသီးသည် မိမိ အား   အပ်နှင်းထားသော   လုပ်ပိုင်ခွင့်များကို   မိမိ လက်အောက်ရှိလုပ်ငန်းဆိုင်ရာ ပုဂ္ဂိုလ်အသီးသီးအား လွှဲအပ်ဆောင်ရွက်စေနိုင်သည်။
    (ဃ)    ရငွေများကို စီမံကြီးကြပ် ကောက်ခံရာတွင်လည်းကောင်း၊ သုံးငွေများကို စီမံခန့်ခွဲရာတွင်လည်းကောင်း ဤဥပဒေ ပါ ပြဋ္ဌာန်းချက်များ၊ သက်ဆိုင်ရာဥပဒေများ၊  နည်းဥပဒေ များ၊ စည်းမျဉ်းများ၊ စည်းကမ်းများ၊  အမိန့်ကြော်ငြာစာ များ၊ အမိန့်များ၊ ညွှန်ကြားချက်များ၊  လုပ်ထုံးလုပ်နည်း များနှင့်အညီ ဆောင်ရွက်ရမည်။ 

အခန်း(၂)
ပြည်ထောင်စုအစိုးရအဖွဲ့၏ လုပ်ပိုင်ခွင့်

၂၁။    (က)    ပြည်ထောင်စုအစိုးရအဖွဲ့သည်   စီးပွားရေးဆန်ဆန် ဆောင်ရွက်ရမည့် နိုင်ငံတော်ပိုင်စီးပွားရေး အဖွဲ့အစည်း များအား သတ်မှတ်ပေးရမည်။
    ( ခ )    ပြည်ထောင်စုအစိုးရအဖွဲ့သည် နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းများ၏  ဇယား(၇)တွင်  ဖော်ပြထားသော ရငွေများတိုးခြင်း၊   လျော့ခြင်းများကို   လုပ်ငန်းအရ လိုအပ်လျှင် ပြောင်းလဲပေးနိုင်သည်။ ပြည်ထောင်စုအစိုးရ အဖွဲ့သည်    ဤပုဒ်မပါကိစ္စရပ်များကို    စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနသို့    တာဝန်လွှဲအပ်ဆောင်ရွက် စေနိုင်သည်။ 
    ( ဂ )    ပြည်ထောင်စုအစိုးရအဖွဲ့သည် နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းများ၏ ဇယား(၈)အရ   ခွင့်ပြုထားသော သုံးငွေများကို လုပ်ငန်းအရ လိုအပ်လျှင် စိစစ်သုံးသပ်၍ ပြောင်းလဲပေးနိုင်သည်။ ပြည်ထောင်စုအစိုးရအဖွဲ့သည် သုံးငွေများကို အောက်ပါအတိုင်း​ ပြောင်းလဲပေးခြင်းနှင့် စပ်လျဉ်း၍   စီမံကိန်းနှင့်    ဘဏ္ဍာရေးဝန်ကြီးဌာနသို့ တာဝန်လွှဲအပ်ဆောင်ရွက်စေနိုင်သည်–
        (၁)    အဖွဲ့အစည်းတစ်ခု၏  သာမန်သုံးငွေ၊ ငွေလုံးငွေရင်း သုံးငွေနှင့် ကြွေးမြီသုံးငွေများ  ပြောင်းလဲသုံးစွဲခြင်း၊
        (၂)    သာမန်သုံးငွေ၊ ငွေလုံးငွေရင်းသုံးငွေနှင့် ကြွေးမြီသုံး ငွေများကို အဖွဲ့အစည်းတစ်ခုမှ  အခြားအဖွဲ့အစည်း တစ်ခုသို့ ပြောင်းလဲသုံးစွဲခြင်း၊
    (ဃ)    ထိုသို့ ရငွေများနှင့် သုံးငွေများ  ပြောင်းလဲခြင်းများနှင့်စပ်လျဉ်း၍    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသို့ တင်ပြသော ၂၀၂၁ ခုနှစ်၊   အောက်တိုဘာလမှ ၂၀၂၂ ခုနှစ်၊ မတ်လအထိ ခြောက်လအတွက် ပြုပြင်ပြီး ခန့်မှန်း ခြေငွေစာရင်းများတွင်လည်းကောင်း၊ ပြုပြင်ပြီးခန့်မှန်း ခြေငွေစာရင်းများ တင်ပြချိန်နောက်ပိုင်းမှ ဖြစ်ပေါ်သော ပြောင်းလဲခြင်းများနှင့်စပ်လျဉ်း၍ အမှန်စာရင်းများတွင် လည်းကောင်း ထည့်သွင်းဖော်ပြရမည်။
    ( င )    ပြည်ထောင်စုအစိုးရအဖွဲ့သည် နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းများက နိုင်ငံတော်သို့ ထည့်ဝင်ရမည့်ငွေကို သတ်မှတ်ပေးရမည်။

အခန်း(၃)
နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းများ၏ ဘဏ္ဍာရေးဆိုင်ရာလုပ်ပိုင်ခွင့်

၂၂။    (က)    နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းများသည် ဇယား(၇)နှင့် (၈)တို့တွင် ဖော်ပြထားသော သက်ဆိုင်ရာ တာဝန်ခံ ပုဂ္ဂိုလ်၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် မိမိတို့၏လုပ်ငန်းများကို စီမံခန့်ခွဲရမည်။ 
    ( ခ )    နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းများသည် လုပ်ငန်း လိုအပ်ချက်အရ ဇယား(၇)တွင် ဖော်ပြထားသော ရငွေ များတိုးခြင်း၊    လျော့ခြင်းနှင့်     စပ်လျဉ်း၍သော် လည်းကောင်း၊ ဇယား(၈)အရ  ခွင့်ပြုထားသော အဖွဲ့ အစည်းတစ်ခု၏ သာမန်သုံးငွေ၊ ငွေလုံးငွေရင်းသုံးငွေနှင့် ကြွေးမြီသုံးငွေများ ပြောင်းလဲသုံးစွဲခြင်းနှင့်စပ်လျဉ်း၍သော်လည်းကောင်း၊   သာမန်သုံးငွေ၊   ငွေလုံးငွေရင်း သုံးငွေနှင့်   ကြွေးမြီသုံးငွေများကို  အဖွဲ့အစည်းတစ်ခုမှ အခြားအဖွဲ့အစည်းတစ်ခုသို့  ပြောင်းလဲသုံးစွဲခြင်းနှင့် စပ်လျဉ်း၍သော်လည်းကောင်း ပြည်ထောင်စုအစိုးရအဖွဲ့ ၏ ခွင့်ပြုချက်ဖြင့်ဖြစ်စေ၊  ပြည်ထောင်စုအစိုးရအဖွဲ့၏ တာဝန်လွှဲအပ်ချက်အရ စီမံကိန်းနှင့်  ဘဏ္ဍာရေးဝန်ကြီး ဌာန၏ ခွင့်ပြုချက်ဖြင့်ဖြစ်စေ ပြောင်းလဲနိုင်သည်။ ထိုသို့ ရငွေများနှင့်    သုံးငွေများ     ပြောင်းလဲခြင်းများနှင့် စပ်လျဉ်း၍     နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသို့ တင်ပြသော ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလမှ ၂၀၂၂ ခုနှစ်၊ မတ်လအထိ ခြောက်လအတွက် ပြုပြင်ပြီးခန့်မှန်း ခြေငွေစာရင်းများတွင်လည်းကောင်း၊ ပြုပြင်ပြီး ခန့်မှန်း ခြေ ငွေစာရင်းများတင်ပြချိန် နောက်ပိုင်းမှဖြစ်ပေါ်သော ပြောင်းလဲခြင်းများနှင့်စပ်လျဉ်း၍   အမှန်စာရင်းများ တွင်လည်းကောင်း ထည့်သွင်းဖော်ပြရမည်။    

အခန်း(၄)
ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေအစီအစဉ်ပြင်ပမှ ဆောင်ရွက်သော
နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းများ

၂၃။    (က)    ပြည်ထောင်စုအစိုးရအဖွဲ့သည်    ပြည်ထောင်စုဘဏ္ဍာ ရန်ပုံငွေအစီအစဉ်ပြင်ပမှ ဆောင်ရွက်သော နိုင်ငံတော်ပိုင် စီးပွားရေးအဖွဲ့အစည်းများအား သတ်မှတ်ပေးရမည်။ ထိုသို့ သတ်မှတ်ပေးခြင်းကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသို့  အကျိုးအကြောင်း  ဖော်ပြချက်နှင့်အတူ အစီရင်ခံရမည်။
    ( ခ )    ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေ      အစီအစဉ်ပြင်ပမှ ဆောင်ရွက်သော နိုင်ငံတော်ပိုင်စီးပွားရေး အဖွဲ့အစည်း များသည် စီးပွားရေးဆန်ဆန် ဆောင်ရွက်နိုင်ရေးနှင့် မိမိတို့၏ ငွေကြေးအင်အားအပေါ်     မိမိတို့ရပ်တည် ဆောင်ရွက်ကြရမည်။
    ( ဂ )    ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေအစီအစဉ်ပြင်ပမှ ဆောင် ရွက်သော နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းများ၏ စုစုပေါင်းငွေအဝင်နှင့် အထွက်ကို စာရင်းပြုစုရန်အလို့ငှာ ပြည်ထောင်စု၏ အရအသုံးခန့်မှန်းခြေငွေစာရင်းတွင် ဖော်ပြရမည်။ 

၂၄။    (က)    ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေအစီအစဉ်ပြင်ပမှ  ဆောင် ရွက်သော နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းများ၏ ရငွေနှင့် သုံးငွေအတွက် တာဝန်ပေးအပ်ခြင်းခံရသည့် ပုဂ္ဂိုလ်အသီးသီးသည် ဇယား(၉)နှင့် (၁၀)တို့တွင် မိမိနှင့် ယှဉ်တွဲဖော်ပြထားသည့်   ရငွေတို့ကို    စီမံကြီးကြပ် ကောက်ခံခြင်းနှင့် သုံးငွေတို့ကို စီမံခန့်ခွဲခြင်းပြုရမည်။
    ( ခ )    ပုဒ်မခွဲ(က)ပါ တာဝန်ခံရသည့်   ပုဂ္ဂိုလ်အသီးသီးသည် မိမိအား အပ်နှင်းထားသော   လုပ်ပိုင်ခွင့်များကို မိမိ လက်အောက်ရှိ လုပ်ငန်းဆိုင်ရာ   ပုဂ္ဂိုလ်အသီးသီးအား လွှဲအပ်ဆောင်ရွက်စေနိုင်သည်။
    ( ဂ )    ရငွေများကို စီမံကြီးကြပ် ကောက်ခံရာတွင်လည်းကောင်း၊ သုံးငွေများကို       စီမံခန့်ခွဲရာတွင်    လည်းကောင်း သက်ဆိုင်ရာ ဥပဒေများ၊ နည်းဥပဒေများ၊ စည်းမျဉ်းများ၊ စည်းကမ်းများ၊ အမိန့်ကြော်ငြာစာများ၊ အမိန့်များ၊ ညွှန်ကြားချက်များ၊      လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ရမည်။


    (ဃ)    ပြည်ထောင်စုအစိုးရအဖွဲ့သည်    ပြည်ထောင်စုဘဏ္ဍာ
        ရန်ပုံငွေအစီအစဉ်ပြင်ပမှဆောင်ရွက်သော နိုင်ငံတော်ပိုင် စီးပွားရေးအဖွဲ့အစည်းများက နိုင်ငံတော်သို့ ထည့်ဝင် ရမည့်ငွေကို သတ်မှတ်ပေးရမည်။ 

၂၅။    (က)    ပြည်ထောင်စုအစိုးရအဖွဲ့သည်   ပြည်ထောင်စုဘဏ္ဍာ 
        ရန်ပုံငွေအစီအစဉ်ပြင်ပမှ ဆောင်ရွက်သော နိုင်ငံတော် ပိုင်စီးပွားရေးအဖွဲ့အစည်းများ၏ ဇယား (၉)နှင့် (၁၀) တို့တွင် ဖော်ပြထားသော  ရငွေများနှင့် သုံးငွေများကို လုပ်ငန်းအရ   လိုအပ်လျှင်  ပြောင်းလဲပေးနိုင်သည်။  ပြည်ထောင်စုအစိုးရအဖွဲ့သည် ဤပုဒ်မပါ ကိစ္စရပ်များ ကို ဆောင်ရွက်နိုင်ရန် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဌာနသို့    တာဝန်လွှဲအပ်ဆောင်ရွက်စေနိုင်သည်။   ထိုသို့ ရငွေများနှင့်     သုံးငွေများ   ပြောင်းလဲခြင်းများနှင့် စပ်လျဉ်း၍   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသို့ တင်ပြသော ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလမှ ၂၀၂၂ ခုနှစ်၊ မတ်လအထိ ခြောက်လအတွက် ပြုပြင်ပြီးခန့်မှန်း ခြေငွေစာရင်းများတွင်လည်းကောင်း၊ ပြုပြင်ပြီးခန့်မှန်း ခြေငွေစာရင်းများ တင်ပြချိန်နောက်ပိုင်းမှ ဖြစ်ပေါ်သော ပြောင်းလဲခြင်းများနှင့်  စပ်လျဉ်း၍ အမှန်စာရင်းများ တွင်လည်းကောင်း ထည့်သွင်းဖော်ပြရမည်။
    ( ခ )    ပြည်ထောင်စုအစိုးရအဖွဲ့သည်  ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေအစီအစဉ်ပြင်ပမှဆောင်ရွက်သော နိုင်ငံတော်ပိုင် စီးပွားရေးအဖွဲ့အစည်းများ၏ လုပ်ငန်းများ   လုပ်ကိုင် ရန်   ကနဦးရင်းနှီးမြှုပ်နှံငွေကို  သတ်မှတ်ချက်နှင့်အညီ ထည့်ဝင်နိုင်သည်။
    ( ဂ )    ပြည်ထောင်စုအစိုးရအဖွဲ့သည်    ပြည်ထောင်စုဘဏ္ဍာ ရန်ပုံငွေအစီအစဉ်ပြင်ပမှဆောင်ရွက်သော နိုင်ငံတော်ပိုင် စီးပွားရေးအဖွဲ့အစည်းများအား လုပ်ငန်းလုပ်ကိုင်ရန် သော်လည်းကောင်း၊ရင်းနှီးမြှုပ်နှံရန်သော်လည်းကောင်း လိုအပ်သည့်ငွေများကို           မြန်မာနိုင်ငံတော်     ငွေရေး ကြေးရေးအဖွဲ့အစည်းများဥပဒေအရ တည်ထောင်ထား သောဘဏ်များမှ သတ်မှတ်ချက်များနှင့်အညီ   ချေးယူ နိုင်ရန် ငွေပမာဏကို သတ်မှတ်ပေးနိုင်သည်။

အပိုင်း ၄
အရေးပေါ်ရန်ပုံငွေ

၂၆။    (က)    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံး၊   ပြည်ထောင်စု အစိုးရအဖွဲ့ရုံး၊   ပြည်ထောင်စုလွှတ်တော်၊   ပြည်သူ့ လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်ထောင်စုတရား လွှတ်တော်ချုပ်၊     နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာခုံရုံး၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊   ပြည်ထောင်စုရာထူးဝန် အဖွဲ့၊ ပြည်ထောင်စုဝန်ကြီးဌာနများနှင့်   ဦးစီးဌာနများ၊ နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းများနှင့် တိုင်းဒေသ ကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့များသည် ဇယား (၄) တွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် ယှဉ်တွဲ ဖော်ပြထားသည့် အရေးပေါ်ရန်ပုံငွေမှ   ကျခံသုံးစွဲခြင်းကို ဘဏ္ဍာရေးနှစ်အတွင်း ပြည်ထောင်စုအစိုးရအဖွဲ့က မသုံးစွဲလျှင်မဖြစ်သည့်     အရေးပေါ်ကိစ္စရပ်အတွက် အသုံးစရိတ်ဖြစ်ပြီး    အရအသုံးခန့်မှန်းခြေငွေစာရင်း လျာထားချက်တွင် ပါဝင်ခြင်းမရှိသော    အသုံးစရိတ် အတွက်သာလျှင် ဆောင်ရွက်ခွင့်ရှိသည်။
    ( ခ )    ပုဒ်မခွဲ(က)အရ အရေးပေါ်ရန်ပုံငွေမှ ကျခံသုံးစွဲခြင်းကို ပြည်ထောင်စုအစိုးရအဖွဲ့၏       ဆုံးဖြတ်ချက်အရသာ ခွင့်ပြုရမည်။
    ( ဂ )    ပြည်ထောင်စုအစိုးရအဖွဲ့သည် ပုဒ်မခွဲ (က) နှင့် (ခ) တို့ အရ အရေးပေါ်ရန်ပုံငွေမှ ကျခံသုံးစွဲသည့် ကိစ္စရပ်များကို ကိစ္စတစ်ရပ်ချင်း အကျိုးအကြောင်း ဖော်ပြချက်များနှင့် အတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသို့    တင်ပြ ရမည်။
    (ဃ)    နေပြည်တော်ကောင်စီနှင့်    တိုင်းဒေသကြီး    သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့များသည် ဇယား(၄)နှင့် (၁၄) အရ အရေးပေါ်ရန်ပုံငွေမှ ကျခံသုံးစွဲခြင်းကို ဘဏ္ဍာရေးနှစ် အတွင်း ကြိုတင်မမျှော်မှန်းနိုင်သည့်ကိစ္စရပ်များနှင့် သဘာဝဘေးအန္တရာယ်ကြောင့်      ဖြစ်ပေါ်လာသည့် ကိစ္စရပ်များအတွက်သာလျှင်    ဆောင်ရွက်ခွင့်ရှိသည်။ ဤပုဒ်မခွဲပါ အရေးပေါ်ရန်ပုံငွေဟူသောစကားရပ်တွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် ယှဉ်တွဲဖော်ပြပါ အရေးပေါ်ရန်ပုံငွေနှင့် သက်ဆိုင်ခြင်းမရှိစေရ။
    ( င )    ပုဒ်မခွဲ(ဃ)အရ အရေးပေါ်ရန်ပုံငွေမှ ကျခံသုံးစွဲခြင်းကို နေပြည်တော်ကောင်စီ အစည်းအဝေး၊ တိုင်းဒေသကြီး သို့မဟုတ်    ပြည်နယ်အစိုးရအဖွဲ့၏    ဆုံးဖြတ်ချက် အရသာ ခွင့်ပြုရမည်။
    ( စ )    နေပြည်တော်ကောင်စီနှင့်   တိုင်းဒေသကြီး  သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့များသည် ပုဒ်မခွဲ (ဃ) နှင့် (င) တို့ အရ အရေးပေါ်ရန်ပုံငွေမှ ကျခံသုံးစွဲသည့် ကိစ္စရပ်များကို ကိစ္စတစ်ရပ်ချင်း အကျိုးအကြောင်း ဖော်ပြချက်များနှင့် အတူ  အနီးကပ်ဆုံးကျင်းပသော  ပြည်ထောင်စုအစိုးရ အဖွဲ့အစည်းအဝေးသို့ တင်ပြရမည်။
အပိုင်း ၅
ကိုဗစ်-၁၉ ကပ်ရောဂါဆိုင်ရာ အထူးရန်ပုံငွေ

၂၇။    (က)    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံး၊   ပြည်ထောင်စု အစိုးရအဖွဲ့ရုံး၊   ပြည်ထောင်စုလွှတ်တော်၊   ပြည်သူ့ လွှတ်တော်၊  အမျိုးသားလွှတ်တော်၊   ပြည်ထောင်စုတရား လွှတ်တော်ချုပ်၊    နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာခုံရုံး၊    ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊    ပြည်ထောင်စုရာထူးဝန် အဖွဲ့၊ ပြည်ထောင်စုဝန်ကြီးဌာနများနှင့်   ဦးစီးဌာနများ၊ နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းများနှင့် တိုင်းဒေသ ကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့များသည် ဇယား (၄)တွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနနှင့်   ယှဉ်တွဲ ဖော်ပြထားသည့် ကိုဗစ်-  ၁၉ ကပ်ရောဂါဆိုင်ရာ အထူး ရန်ပုံငွေမှ   ကျခံသုံးစွဲခြင်းကို   ဘဏ္ဍာရေးနှစ်အတွင်း ပြည်ထောင်စုအစိုးရအဖွဲ့၏ အတည်ပြုချက်ဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါဆိုင်ရာအသုံးစရိတ်များအတွက် သုံးစွဲခွင့် ရှိသည်။
    ( ခ )    ပုဒ်မခွဲ(က)အရ ကိုဗစ်-၁၉ ကပ်ရောဂါဆိုင်ရာ အထူးရန်ပုံ ငွေမှ   ကျခံသုံးစွဲခြင်းကို    ပြည်ထောင်စုအစိုးရအဖွဲ့၏ ဆုံးဖြတ်ချက်အရသာ ခွင့်ပြုရမည်။
    ( ဂ )    ပြည်ထောင်စုအစိုးရအဖွဲ့သည် ပုဒ်မခွဲ (က) နှင့် (ခ) တို့အရ ကိုဗစ်- ၁၉ ကပ်ရောဂါဆိုင်ရာ အထူးရန်ပုံငွေမှ ကျခံသုံးစွဲသည့် ကိစ္စရပ်များကို ကိစ္စတစ်ရပ်ချင်း အကျိုး အကြောင်းဖော်ပြချက်များနှင့်အတူ       နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီသို့ တင်ပြရမည်။
အပိုင်း ၆
တပ်မြို့စည်ပင်သာယာရေးအဖွဲ့များ

၂၈။    တပ်မြို့စည်ပင်သာယာရေးအဖွဲ့များသည် မိမိတို့၏ ဘဏ္ဍာငွေ အပေါ်ရပ်တည်၍  လုပ်ငန်းများကို  မိမိတို့၏    ဘဏ္ဍာငွေအစီအစဉ်ဖြင့် ဆောင်ရွက်ကြရမည်။

၂၉။    (က)    တပ်မြို့စည်ပင်သာယာရေးအဖွဲ့များ၏ ရငွေနှင့်သုံးငွေ အတွက် တာဝန်ပေးအပ်ခြင်းခံရသည့် ပုဂ္ဂိုလ်အသီးသီး သည် ဇယား(၁၁)နှင့် (၁၂)တို့တွင်   မိမိနှင့်ယှဉ်တွဲဖော်ပြ ထားသည့်  ရငွေတို့ကို စီမံကြီးကြပ်ကောက်ခံခြင်းနှင့် သုံးငွေတို့ကို စီမံခန့်ခွဲခြင်းပြုရမည်။
    ( ခ )    ပုဒ်မခွဲ(က)ပါ  တာဝန်ခံရသည့်  ပုဂ္ဂိုလ်အသီးသီးသည် မိမိအား အပ်နှင်းထားသော   လုပ်ပိုင်ခွင့်များကို   မိမိ လက်အောက်ရှိ   လုပ်ငန်းဆိုင်ရာ ပုဂ္ဂိုလ်အသီးသီးအား လွှဲအပ်ဆောင်ရွက်စေနိုင်သည်။
    ( ဂ )    ရငွေများကို စီမံကြီးကြပ် ကောက်ခံရာတွင်လည်းကောင်း၊ သုံးငွေများကို စီမံခန့်ခွဲရာတွင်လည်းကောင်း ဤဥပဒေ ပါ ပြဋ္ဌာန်းချက်များ၊ သက်ဆိုင်ရာဥပဒေများ၊ နည်းဥပဒေ များ၊ စည်းမျဉ်းများ၊ စည်းကမ်းများ၊  အမိန့်ကြော်ငြာစာ များ၊ အမိန့်များ၊ ညွှန်ကြားချက်များ၊ လုပ်ထုံးလုပ်နည်း များနှင့်အညီ ဆောင်ရွက်ရမည်။

၃၀။    (က)    ပြည်ထောင်စုအစိုးရအဖွဲ့သည်   တပ်မြို့စည်ပင်သာယာ ရေးအဖွဲ့များ၏ ဇယား (၁၁)နှင့် (၁၂) တို့တွင် ဖော်ပြ ထားသော   ငွေများကို   လုပ်ငန်းအရ    လိုအပ်လျှင် ပြောင်းလဲပေးနိုင်သည်။ ပြည်ထောင်စုအစိုးရအဖွဲ့သည် ဤပုဒ်မပါ ကိစ္စရပ်များကို  ဆောင်ရွက်နိုင်ရန်  စီမံကိန်း နှင့် ဘဏ္ဍာရေးဝန်ကြီးဌာနသို့ တာဝန်လွှဲအပ်ဆောင်ရွက် စေနိုင်သည်။ ထိုသို့ငွေများပြောင်းလဲခြင်းနှင့် စပ်လျဉ်း၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသို့    တင်ပြသော ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလမှ ၂၀၂၂ ခုနှစ်၊ မတ်လအထိ ခြောက်လအတွက် ပြုပြင်ပြီးခန့်မှန်းခြေငွေစာရင်းများတွင်   ထည့်သွင်းဖော်ပြရမည်။   ပြုပြင်ပြီး   ခန့်မှန်းခြေ ငွေစာရင်းများ  တင်ပြချိန်နောက်ပိုင်းမှ   ဖြစ်ပေါ်သော ပြောင်းလဲခြင်းများကို အမှန်စာရင်းများတွင်   ထည့်သွင်း ဖော်ပြရမည်။
    ( ခ )    ပြည်ထောင်စုအစိုးရအဖွဲ့သည် တပ်မြို့စည်ပင်သာယာရေးအဖွဲ့များအား    လုပ်ငန်းလုပ်ကိုင်ရန်သော်လည်း ကောင်း၊   ရင်းနှီးမြှုပ်နှံရန်သော်လည်းကောင်း   လိုအပ် သည့်ငွေကို ထောက်ပံ့ငွေဖြင့်ဖြစ်စေ၊ ချေးငွေဖြင့်ဖြစ်စေ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏  အတည်ပြုချက် ဖြင့် ရယူဆောင်ရွက်ခွင့်ပြုနိုင်သည်။

၃၁။    တပ်မြို့စည်ပင်သာယာရေးအဖွဲ့များသည်  မိမိတို့နှင့်သက်ဆိုင် သော တည်ဆဲဥပဒေများ၊ နည်းဥပဒေများ၊ စည်းမျဉ်းများ၊ စည်းကမ်း များ၊ အမိန့်ကြော်ငြာစာများ၊   အမိန့်များ၊   ညွှန်ကြားချက်များအရ ခွင့်ပြုထားသော အခွန်အကောက်အမျိုးအစားများကိုသာ ကောက်ခံ နိုင်သည်။
အပိုင်း ၇
နေပြည်တော်ကောင်စီ

၃၂။    နေပြည်တော်ကောင်စီသည် ပြည်ထောင်စု၏   ဘဏ္ဍာရန်ပုံငွေ အစီအစဉ်ဖြင့် လုပ်ငန်းများကို ဆောင်ရွက်ရမည်။ ထိုသို့ ဆောင်ရွက်၍ ရသော   ရငွေများကို ပြည်ထောင်စု၏ဘဏ္ဍာရန်ပုံငွေသို့ ပေးသွင်း၍ ထုတ်ပေးရန်ရှိသော သုံးငွေများကို ပြည်ထောင်စု၏ ဘဏ္ဍာရန်ပုံငွေမှ ထုတ်ယူသုံးစွဲရမည်။

၃၃။    (က)    နေပြည်တော်ကောင်စီ၏ ရငွေနှင့်သုံးငွေအတွက် တာဝန် ပေးအပ်ခြင်းခံရသည့် ပုဂ္ဂိုလ်အသီးသီးသည် ဇယား(၁၃)နှင့် (၁၄)တို့တွင်  မိမိနှင့်   ယှဉ်တွဲဖော်ပြထားသည့် ရငွေ တို့ကို စီမံကြီးကြပ်ကောက်ခံခြင်းနှင့်   သုံးငွေတို့ကို စီမံ ခန့်ခွဲခြင်းပြုရမည်။
    ( ခ )    ပုဒ်မခွဲ (က) ပါ တာဝန်ခံရသည့်   ပုဂ္ဂိုလ်အသီးသီးသည် မိမိအားအပ်နှင်းထားသော    လုပ်ပိုင်ခွင့်များကို   မိမိ လက်အောက်ရှိ လုပ်ငန်းဆိုင်ရာ ပုဂ္ဂိုလ်အသီးသီးအား လွှဲအပ် ဆောင်ရွက်စေနိုင်သည်။
    ( ဂ )    ရငွေများကို စီမံကြီးကြပ် ကောက်ခံရာတွင်လည်းကောင်း၊ သုံးငွေများကို စီမံခန့်ခွဲရာတွင်လည်းကောင်း ဤဥပဒေပါ ပြဋ္ဌာန်းချက်များ၊ သက်ဆိုင်ရာဥပဒေများ၊  နည်းဥပဒေ များ၊ စည်းမျဉ်းများ၊ စည်းကမ်းများ၊ အမိန့်ကြော်ငြာစာ များ၊ အမိန့်များ၊ ညွှန်ကြားချက်များ၊ လုပ်ထုံးလုပ်နည်း များနှင့်အညီ ဆောင်ရွက်ရမည်။

၃၄။    ပြည်ထောင်စုအစိုးရအဖွဲ့သည် နေပြည်တော်ကောင်စီ၏ ဇယား (၁၃) နှင့် (၁၄) တို့တွင်    ဖော်ပြထားသောငွေများကို       လုပ်ငန်းအရ လိုအပ်လျှင် ပြောင်းလဲပေးနိုင်သည်။ ပြည်ထောင်စုအစိုးရအဖွဲ့သည်  ဤပုဒ်မပါ ကိစ္စရပ်များကို ဆောင်ရွက်နိုင်ရန် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနသို့ တာဝန်လွှဲအပ်ဆောင်ရွက်စေနိုင်သည်။ ထိုသို့ ငွေများ ပြောင်းလဲခြင်းများနှင့်    စပ်လျဉ်း၍   နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီသို့ တင်ပြသော ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလမှ ၂၀၂၂ ခုနှစ်၊ မတ်လအထိ ခြောက်လအတွက် ပြုပြင်ပြီးခန့်မှန်းခြေငွေစာရင်းများတွင် ထည့်သွင်းဖော်ပြရမည်။   ပြုပြင်ပြီး    ခန့်မှန်းခြေငွေစာရင်းများ တင်ပြချိန်နောက်ပိုင်းမှဖြစ်ပေါ်သော     ပြောင်းလဲခြင်းများကို   အမှန် စာရင်းများတွင် ထည့်သွင်းဖော်ပြရမည်။

အပိုင်း ၈
နေပြည်တော်စည်ပင်သာယာရေးကော်မတီ

၃၅။    နေပြည်တော်စည်ပင်သာယာရေးကော်မတီသည် မိမိ၏ဘဏ္ဍာ ငွေအပေါ်ရပ်တည်၍ လုပ်ငန်းများကို မိမိ၏ ဘဏ္ဍာငွေ အစီအစဉ်ဖြင့် ဆောင်ရွက်ရမည်။

၃၆။    (က)    နေပြည်တော်စည်ပင်သာယာရေးကော်မတီ၏ ရငွေနှင့် သုံးငွေအတွက်   တာဝန်ပေးအပ်ခြင်းခံရသည့်   ပုဂ္ဂိုလ် အသီးသီးသည် ဇယား(၁၅)နှင့်    (၁၆)တို့တွင်   မိမိနှင့် ယှဉ်တွဲဖော်ပြထားသည့်  ရငွေတို့ကို   စီမံကြီးကြပ် ကောက်ခံခြင်းနှင့်သုံးငွေတို့ကို စီမံခန့်ခွဲခြင်းပြုရမည်။
    (ခ )    ပုဒ်မခွဲ(က)ပါ တာဝန်ခံရသည့်   ပုဂ္ဂိုလ်အသီးသီးသည် မိမိအား အပ်နှင်းထားသော    လုပ်ပိုင်ခွင့်များကို မိမိ လက်အောက်ရှိ လုပ်ငန်းဆိုင်ရာ   ပုဂ္ဂိုလ်အသီးသီးအား လွှဲအပ်ဆောင်ရွက်စေနိုင်သည်။
    ( ဂ )    ရငွေများကို စီမံကြီးကြပ် ကောက်ခံရာတွင်လည်းကောင်း၊ သုံးငွေများကို စီမံခန့်ခွဲရာတွင်လည်းကောင်း  ဤဥပဒေပါ ပြဋ္ဌာန်းချက်များ၊ သက်ဆိုင်ရာဥပဒေများ၊ နည်းဥပဒေ များ၊ စည်းမျဉ်းများ၊ စည်းကမ်းများ၊ အမိန့်ကြော်ငြာစာ များ၊ အမိန့်များ၊ ညွှန်ကြားချက်များ၊ လုပ်ထုံးလုပ်နည်း များနှင့်အညီ ဆောင်ရွက်ရမည်။


(ဆက်လက်ဖော်ပြပါမည်)

၃၇။    (က)    ပြည်ထောင်စုအစိုးရအဖွဲ့သည်   နေပြည်တော်စည်ပင် သာယာရေးကော်မတီ၏ ဇယား (၁၅) နှင့် (၁၆) တို့တွင် ဖော်ပြထားသောငွေများကို လုပ်ငန်းအရ လိုအပ်လျှင် ပြောင်းလဲ ပေးနိုင်သည်။ ပြည်ထောင်စုအစိုးရအဖွဲ့သည် ဤပုဒ်မပါကိစ္စရပ်များကို ဆောင်ရွက် နိုင်ရန် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနသို့ တာဝန်လွှဲအပ်ဆောင်ရွက်စေနိုင်သည်။                                
ထိုသို့ ငွေများပြောင်းလဲခြင်းနှင့် စပ်လျဉ်း၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသို့ တင်ပြသော ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလမှ ၂၀၂၂ ခုနှစ်၊ မတ်လအထိ ခြောက်လ အတွက် ပြုပြင်ပြီးခန့်မှန်းခြေငွေစာရင်းများတွင် ထည့်သွင်းဖော်ပြရမည်။ ပြုပြင်ပြီး ခန့်မှန်းခြေငွေစာရင်းများ တင်ပြချိန်နောက်ပိုင်းမှ ဖြစ်ပေါ်သော ပြောင်းလဲခြင်းများ ကို အမှန်စာရင်းများတွင် ထည့်သွင်းဖော်ပြရမည်။
( ခ )    ပြည်ထောင်စုအစိုးရအဖွဲ့သည် နေပြည်တော်စည်ပင်သာယာရေးကော်မတီအား လုပ်ငန်းလုပ်ကိုင်ရန်သော်လည်းကောင်း၊ ရင်းနှီးမြှုပ်နှံရန်သော်လည်းကောင်း လိုအပ် သည့်ငွေကို ထောက်ပံ့ငွေဖြင့်ဖြစ်စေ၊ ချေးငွေဖြင့်ဖြစ်စေ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ အတည်ပြုချက်ဖြင့် ရယူဆောင်ရွက်ခွင့် ပြုနိုင်သည်။

၃၈။    နေပြည်တော်စည်ပင်သာယာရေးကော်မတီသည် မိမိနှင့်သက်ဆိုင်သော တည်ဆဲဥပဒေများ၊ နည်းဥပဒေများ၊ စည်းမျဉ်းများ၊ စည်းကမ်းများ၊ အမိန့်ကြော်ငြာစာများ၊ အမိန့်များ၊ ညွှန်ကြားချက်များ အရ ခွင့်ပြုထားသော အခွန်အကောက်အမျိုးအစားများကိုသာ ကောက်ခံနိုင်သည်။

     
အပိုင်း ၉
မြန်မာနိုင်ငံတော်ဗဟိုဘဏ်

၃၉။    (က)    မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် မိမိ၏ ဘဏ္ဍာငွေအပေါ်ရပ်တည်၍ မိမိ၏ ဘဏ္ဍာငွေ အစီအစဉ်ဖြင့် လုပ်ငန်းများကိုဆောင်ရွက်ရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အတည်ပြုချက်ရယူရမည်။
    ( ခ )    မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ငွေအဝင်နှင့် အထွက်ကို စာရင်းပြုစုရန်အလို့ငှာ ပြည်ထောင်စု၏ အရအသုံးခန့်မှန်းခြေငွေစာရင်းတွင် ဖော်ပြရမည်။

၄၀။    (က)    မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ရငွေနှင့် သုံးငွေအတွက် တာဝန်ပေးအပ်ခြင်းခံရသည့် ပုဂ္ဂိုလ်အသီးသီးသည် ဇယား(၁၇)နှင့် (၁၈)တို့တွင် မိမိနှင့်ယှဉ်တွဲဖော်ပြထားသည့် ရငွေတို့ကို စီမံကြီးကြပ်ကောက်ခံခြင်းနှင့် သုံးငွေတို့ကို စီမံခန့်ခွဲခြင်းပြုရမည်။
    ( ခ )    ပုဒ်မခွဲ(က)ပါ တာဝန်ခံရသည့် ပုဂ္ဂိုလ်အသီးသီးသည် မိမိအားအပ်နှင်းထားသော လုပ်ပိုင်ခွင့်များကို မိမိလက်အောက်ရှိ လုပ်ငန်းဆိုင်ရာ ပုဂ္ဂိုလ်အသီးသီးအား လွှဲအပ် ဆောင်ရွက်စေနိုင်သည်။
    ( ဂ )    ရငွေများကို စီမံကြီးကြပ်ကောက်ခံရာတွင်လည်းကောင်း၊ သုံးငွေများကို စီမံခန့်ခွဲရာတွင် လည်းကောင်း၊ ဤဥပဒေပါ ပြဋ္ဌာန်းချက်များ၊ သက်ဆိုင်ရာဥပဒေများ၊ နည်းဥပဒေများ၊ စည်းမျဉ်းများ၊ စည်းကမ်းများ၊ အမိန့်ကြော်ငြာစာများ၊ အမိန့်များ၊ ညွှန်ကြားချက်များ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ရမည်။

၄၁။    ပြည်ထောင်စုအစိုးရအဖွဲ့သည် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ဇယား (၁၇) နှင့် (၁၈) တို့တွင် ဖော်ပြထားသော ရငွေများနှင့် သုံးငွေများကို လုပ်ငန်းအရ လိုအပ်လျှင် ပြောင်းလဲပေးနိုင်သည်။ ပြည်ထောင်စုအစိုးရအဖွဲ့သည် ဤပုဒ်မပါ ကိစ္စရပ်များကို ဆောင်ရွက်နိုင်ရန် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနသို့  တာဝန်လွှဲအပ် ဆောင်ရွက်စေနိုင်သည်။ ထိုသို့ ရငွေများနှင့် သုံးငွေများပြောင်းလဲခြင်းများ နှင့်စပ်လျဉ်း၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသို့ တင်ပြသော ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလမှ ၂၀၂၂ ခုနှစ်၊ မတ်လအထိ ခြောက်လအတွက် ပြုပြင်ပြီးခန့်မှန်းခြေငွေစာရင်းများတွင်လည်းကောင်း၊ ပြုပြင်ပြီးခန့်မှန်းခြေငွေစာရင်းများ တင်ပြချိန်နောက်ပိုင်းမှဖြစ်ပေါ်သော ပြောင်းလဲခြင်းများနှင့် စပ်လျဉ်း၍ အမှန်စာရင်းများတွင် လည်းကောင်း ထည့်သွင်းဖော်ပြရမည်။    

၄၂။    (က)    မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလမှ ၂၀၂၂ ခုနှစ်၊ မတ်လ အထိ ခြောက်လကုန်ဆုံးသည့်အခါ အသားတင်အမြတ်ငွေ၏ လေးဆယ်ရာခိုင်နှုန်း နှင့်ညီမျှသော ငွေပမာဏကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ အထွေထွေသီးသန့်ငွေ စာရင်းသို့ ပေးသွင်းပြီး၊ အသားတင်အမြတ်ငွေမှ ကျန်ရှိငွေကို မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ကိုင်ဆောင်ထားသော အစိုးရငွေချေးသက်သေခံလက်မှတ်များကို ရွေး ယူရန် အသုံးပြုပြီးနောက် ကျန်ရှိသော အသားတင်အမြတ်လက်ကျန်ငွေကို နိုင်ငံတော် သို့ ထည့်ဝင်ရမည်။
    ( ခ )    ပြည်ထောင်စုအစိုးရအဖွဲ့သည် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က နိုင်ငံတော်သို့ ထည့်ဝင် ရမည့်ငွေကို သတ်မှတ်ပေးရမည်။
    ( ဂ )    မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလမှ ၂၀၂၂ ခုနှစ်၊ မတ်လအထိ ခြောက်လကုန်ဆုံး၍ အရှုံးပေါ်ပေါက်ပါက အဆိုပါ အရှုံးကို မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ အထွေထွေသီးသန့်ငွေစာရင်းမှ ခုနှိမ်ရမည်။
    (ဃ)    မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် လိုအပ်ပါက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ခွင့်ပြုချက်ဖြင့် ပြည်ထောင်စုအစိုးရအဖွဲ့သို့ သတ်မှတ်ချက်နှင့်အညီ ချေးငွေထုတ်ချေး နိုင်သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ ကျွန်ုပ်လက်မှတ်ရေးထိုးသည်-
                 (ပုံ)မင်းအောင်လှိုင်
ဗိုလ်ချုပ်မှူးကြီး
ဥက္ကဋ္ဌ
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ