၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၂၆ ရက်ထုတ် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ Politic Magazine တွင် ခေါင်းစီးဆောင်းပါးအဖြစ် ဖော်ပြခဲ့သော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ အိမ်စောင့်အစိုးရ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အင်တာဗျူးအစီ

Type

၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၂၆ ရက်တွင် ထုတ်ဝေခဲ့သည့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ နာမည်ကြီးနိုင်ငံရေးမဂ္ဂဇင်းတစ်ခုဖြစ်သော Politic Magazine အမှတ်စဉ်(၁၂၀)ကို “ကမ္ဘာမြေငြိမ်းချမ်းရေးသည် ကမ္ဘာသူကမ္ဘာသား အားလုံး၏ တာဝန်ဖြစ်သည်” အမည်ဖြင့် ထုတ်ဝေခဲ့ပါသည်။ အဆိုပါ Politic Magazine ၌ ခေါင်းစီးဆောင်းပါးအဖြစ် ရုရှားနိုင်ငံ စာပေပညာရှင်အသင်းဝင် Mrs. Tatiyana GROZMANI ရေးသားသည့် “အမိနိုင်ငံ ပြည်သူပြည်သားတို့အတွက် ရည်ရွယ်ကာ ဆောင်ကြဉ်းခဲ့သည်” အမည်ရှိ အင်တာဗျူးဆောင်းပါးကို ထည့်သွင်းဖော်ပြခဲ့ပါသည်။ (၎င်းဆောင်းပါးသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ၊  နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၁၁-၈-၂၀၂၁ ရက်နေ့တွင် ၎င်းမဂ္ဂဇင်း၏ အင်တာဗျူးမေးခွန်းများအပေါ် ပြန်လည်‌ဖြေကြားခဲ့ခြင်းဖြစ်ကြောင်း  ဖြည့်စွက်ဖော်ပြ အပ်ပါသည်။)
 

(ယမန်နေ့မှအဆက်)
မေး။    ။ ရုရှား-မြန်မာ နှစ်နိုင်ငံအကြား အရပ်ဘက်နယ်ပယ်တွေထက် 
      သိသိသာသာ  သာလွန်ကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်လျက်ရှိ တဲ့ နယ်ပယ်ကိုပြပါဆိုရင် စစ်ဘက်နည်းပညာပူးပေါင်းဆောင်ရွက်ရေးနယ်ပယ်ကို ပြရမှာပဲဖြစ်ပါတယ်။ ဒီစစ်မှန်တဲ့ အောင်မြင်မှုတွေ ကြောင့်ပဲ နိုင်ငံရဲ့အချုပ်အခြာအာဏာကို ကောင်းစွာကာကွယ်စောင့် ရှောက်နိုင်ပြီး အကြမ်းဖက်သမားတွေရဲ့ရန်မှ ကာကွယ်ပေးနိုင်မယ့် ခေတ်မီတိုးတက်တဲ့ အဆင့်မြင့်တပ်မတော်ကို ဖွဲ့စည်းတည်ဆောက် လာနိုင်ခြင်းဖြစ်ပါတယ်။ မြန်မာ့တပ်မတော်မှ ကိုယ်စားလှယ်အဖွဲ့တွေ ဟာဆိုရင် International Army Games ပြိုင်ပွဲတွေမှာ ဝင်ရောက် ယှဉ်ပြိုင်တာ၊ KAVKAZ-2020 မဟာဗျူဟာမြောက်စစ်ဦးစီး လေ့ကျင့် ခန်းတွေမှာ  ပါဝင်လေ့ကျင့်တာတို့ကိုလည်း တက်တက်ကြွကြွ ဆောင်ရွက်လျက်ရှိနေပါတယ်။ အနာဂတ်မှာရော ဘယ်လိုနယ်ပယ်သစ် တွေမှာ ပူးပေါင်းဆောင်ရွက်သွားဖို့ စီစဉ်ထားပါသလဲ။
ဖြေ။    ။ ဒီ International Army Games ပြိုင်ပွဲ၊   KAVKAZ-2020 
      မဟာဗျူဟာမြောက် စစ်ဦးစီးလေ့ကျင့်ခန်းတွေမှာ ပါဝင် ယှဉ်ပြိုင်လေ့ကျင့်ခဲ့ရတာဟာ မြန်မာ့တပ်မတော်ရဲ့ ခေတ်မီတပ်မတော် တည်ဆောက်ရေးမှာ များစွာအထောက်အကူပြုခဲ့ပါတယ်။ အနာဂတ် မှာလည်း ကျွန်တော်တို့တပ်မတော်ရဲ့ တစ်ဦးချင်း၊ အဖွဲ့လိုက်၊ စစ်လက်ရုံးအလိုက်နဲ့ တပ်မတော်တစ်ရပ်လုံး စွမ်းရည်မြှင့်တင်နိုင် ဖို့အတွက် အကျိုးရှိမယ့်၊ အထောက်အကူပြုမယ့် လုပ်ငန်းမှန်သမျှကို ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။

မေး။    ။ သတင်းမီဒီယာတွေရဲ့ ရေးသားဖော်ပြချက်တွေအရ မြန်မာ့ 
     တပ်မတော်မှ  လေ့လာသူကိုယ်စားလှယ်အဖွဲ့အနေနဲ့    ရုရှား-ဘယ်လာရုစ် နှစ်နိုင်ငံ ပူးပေါင်းစစ်ရေးလေ့ကျင့်ခန်း ZAPAD-2021 သို့ တက်ရောက်လာနိုင်ဖွယ်ရှိကြောင်း ကြားသိရပါတယ်။ ဒီသတင်း ဟာ မြန်မာ့တပ်မတော်အနေနဲ့  ရုရှားနိုင်ငံနဲ့သာမက မော်စကို အတွက် အိမ်နီးနားချင်းမိတ်ဖက်နိုင်ငံတွေနဲ့ပါ စစ်ဘက်ပူးပေါင်း ဆောင်ရွက်ရေးတွေ   တိုးမြှင့်ဆောင်ရွက်သွားမယ်ဆိုတဲ့သဘော သက်ရောက်ပါသလား။  စစ်ဘက်နိုင်ငံရေးအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Collective Security Treaty Organization(CSTO) ပူးပေါင်းလုံခြုံ ရေးဆောင်ရွက်မှုသဘောတူညီချက်စာချုပ် အဖွဲ့ဝင်နိုင်ငံတွေအပေါ် ဘယ်လိုသဘောထားရှိပါသလဲ။  အနာဂတ်မှာ မြန်မာ့တပ်မတော်မှ ကိုယ်စားလှယ်တွေအနေနဲ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံနဲ့အတူ အခြား မဟာမိတ်နိုင်ငံတွေနဲ့ပါ စစ်ဘက်ပူးပေါင်းလေ့ကျင့်ခန်းတွေမှာ ပါဝင် လေ့ကျင့်ဆောင်ရွက်သွားဖို့ရော အစီအစဉ်ရှိပါသလား။
ဖြေ။    ။ ZAPAD-2021 ကို တက်ရောက်ဖို့ အလားအလာရှိပါတယ်။ 


     ကျွန်တော်တို့အနေနဲ့  ပိုမိုလုံခြုံတဲ့၊ ငြိမ်းချမ်းတဲ့ကမ္ဘာကြီး ဖြစ်လာဖို့ မိတ်ဆွေနိုင်ငံတွေနဲ့  ပူးပေါင်းဆောင်ရွက်ရေးတွေကို ဆက်လက်တိုးမြှင့်သွားပါမယ်။ အဖွဲ့ဝင်နိုင်ငံ ခြောက်နိုင်ငံနဲ့ လေ့လာသူ နိုင်ငံ နှစ်နိုင်ငံပါဝင်တဲ့ CST0 အဖွဲ့ဟာ ဒေသတွင်းနဲ့ ကမ္ဘာ့တည်ငြိမ် အေးချမ်းရေးအတွက် အထောက်အကူပြုနိုင်တဲ့အဖွဲ့ ဖြစ်ပါတယ်။  ဒေသ တွင်းနဲ့ ကမ္ဘာမှာ မလိုလားအပ်တဲ့၊ ကမ္ဘာ့ငြိမ်းချမ်းရေးကို ခြိမ်းခြောက် နိုင်တဲ့ ဗိုလ်ကျစိုးမိုးမှုတွေကို ကာကွယ်နိုင်မယ့် အဖွဲ့အဖြစ်လည်း မျှော်လင့်ပါတယ်။


မေး။    ။ ဗိုလ်ချုပ်မှူးကြီးဟာဆိုရင် အာရှတိုက် မျက်မှောက်ခေတ် 
      သမိုင်းသစ်မှာ ပေါ်ထွက်လာတဲ့ ခေတ်မီနိုင်ငံ့ခေါင်းဆောင် တစ်ဦးလို့ တင်စားချင်ပါတယ်။  ဘာလို့လဲဆိုတော့  ၁၉၅၅ ခုနှစ်က ကျင်းပပြုလုပ်ခဲ့တဲ့ Bandung ညီလာခံမှ ချမှတ်ခဲ့တဲ့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကြီး (၅ )ရပ်ကို လေးစားလိုက်နာစေရေး ကိုယ် တိုင်စံပြပုဂ္ဂိုလ်အဖြစ် မားမားမတ်မတ်ရပ်တည်ကာ နိုင်ငံတကာအပေါ် ကိုလည်း မှန်မှန်ကန်ကန် ပြန်လည်အသိပေးတိုက်တွန်းနိုင်ခဲ့ခြင်းကြောင့် ပဲဖြစ်ပါတယ်။ အဲဒီညီလာခံကို ကျင်းပပြုလုပ်ဖို့အစပြုခဲ့တဲ့ နိုင်ငံ ငါး နိုင်ငံထဲမှာ မြန်မာနိုင်ငံပါဝင်ခဲ့ပါတယ်။ ဖြတ်သန်းခဲ့တဲ့ နှစ် ၃၀ ကျော် ကာလအတွင်းမှာ အဲဒီညီလာခံရဲ့ဆုံးဖြတ်ချက်တွေဟာ “အနောက် နိုင်ငံများရဲ့စံနှုန်းများ”၊  “ဒီမိုကရေစီ” ဆိုတဲ့ ခေါင်းစဉ်တွေအောက်မှာ တဖြည်းဖြည်း မသိမသာ အစားထိုးခံခဲ့ရပါတယ်။ ဒီလို ကမ္ဘာ့နိုင်ငံရေး အတွက် တန်ဖိုးရှိလှတဲ့ အခြေခံမူကြီးတွေကို ပြန်လည်အမှတ်ရ အသက်ဝင်လာအောင် ဘယ်လိုဆောင်ရွက်သွားသင့်တယ်လို့ ထင်ပါသလဲ။


ဖြေ။    ။ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူကြီး(၅)ချက်ဟာ ခေတ် 


        အဆက်ဆက် မြန်မာ့နိုင်ငံခြားရေးမူဝါဒရဲ့ အခြေခံရေသောက် မြစ်ဖြစ်ပါတယ်။ ကျွန်တော်တို့ ၁၉၅၄ ခုနှစ်မှာ လက်မှတ်ရေးထိုး စတင်ခဲ့ပါတယ်။ ဒီမူကြီး (၅) ရပ်ဟာ ယနေ့အထိ နိုင်ငံတကာရဲ့ နိုင်ငံ အချင်းချင်းဆက်ဆံရာမှာ လက်ကိုင်ထား စံပြုနေရတဲ့မူတွေပဲဖြစ်ပါ တယ်။ နိုင်ငံတွေရဲ့ အချုပ်အခြာအာဏာပိုင်ဆိုင်မှုကို လေးစားခြင်း၊ ကျူးကျော်မှုကို ရှောင်ရှားခြင်း၊ ပြည်တွင်းရေးကိစ္စများကို ဝင်ရောက် စွက်ဖက်မှုမပြုခြင်း၊ တန်းတူရည်တူရှိမှုနဲ့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်မှု စတာတွေဟာ ကမ္ဘာ့မိသားစုကြီးအတွက် ငြိမ်းချမ်းမှုနဲ့ သာယာဝပြောမှုတွေကို စဉ်ဆက်မပြတ်ဖြစ်စေမယ့် အကြောင်းအရာ တွေပါ။ ဒါမတိုင်ခင် ၁၆၄၈ ခုနှစ်ကတည်းက နိုင်ငံတကာဆက်ဆံ ရေးနယ်ပယ်မှာ ထင်ရှားတဲ့     စာချုပ်တစ်ခုရှိတယ်။ ဒါကတော့  “ဝဘ်စဖေးလီယားစာချုပ်” (Treaty of Westphalia) ပဲ။ စာချုပ်ဖြစ်လာ တဲ့အကြောင်းနဲ့ရည်ရွယ်ချက်က အမျိုးမျိုးရှိပေမယ့် အနှစ်သာရကတော့ အချုပ်အခြာအာဏာပိုင်စိုးမှု  (Sovereignty)၊   ပြည်တွင်းရေး ဝင်ရောက်မစွက်ဖက်ရေး (Non Intervention) နဲ့ အင်အားချိန်ခွင်လျှာ ထိန်းညှိခြင်း(Balance of Power)ပါပဲ။ နောက်ပိုင်းမှာ  ပေါ်လာတဲ့ ကုလသမဂ္ဂပဋိညာဉ်စာတမ်းဟာလည်း ဒီ Westphalia ရဲ့ အခြေခံမူ သုံးချက်ကို ဆက်ခံလိုက်တာပါပဲ။ သို့သော် လက်တွေ့လိုက်နာဆောင် ရွက်မှုမှာ လိုအပ်ချက်တွေ ရှိပါတယ်။ ခင်ဗျားပြောခဲ့သလို “အနောက် နိုင်ငံများရဲ့စံနှုန်းများ”၊“ဒီမိုကရေစီ” ဆိုတဲ့ ခေါင်းစဉ်တွေနဲ့ အစားထိုးခံ ရတာပေါ့။ သို့သော် အဲဒီ “စံနှုန်း”ဆိုရာမှာလည်း နှစ်မျိုးကျင့်သုံးနေတာ (Double Standard) ဖြစ်နေတာက ပြဿနာပါပဲ။ သူတို့လိုတဲ့သူ၊ လိုတဲ့နိုင်ငံအတွက်ကတစ်မျိုး၊ မလိုတဲ့သူ၊ မလိုတဲ့နိုင်ငံ၊ မလိုတဲ့အဖွဲ့ အစည်းအတွက်ကျ တစ်မျိုးပေါ့ဗျာ။    အခုပြောခဲ့တဲ့  တန်ဖိုးရှိပြီး ကမ္ဘာ့ငြိမ်းချမ်းရေး၊ တန်းတူညီမျှရေးအတွက် အရေးကြီးတဲ့ ဒီအခြေခံ အချက်တွေဟာ ကမ္ဘာ့ပြည်သူတွေအကြား   ကျယ်ကျယ်ပြန့်ပြန့် သိရှိနေမှ ပိုပြီးအလုပ်ဖြစ်မှာပါ။ ဒါတွေကို နိုင်ငံတွေသာမက နိုင်ငံတကာ အဖွဲ့အစည်းတွေ၊ အစိုးရမဟုတ်တဲ့ အင်အားကြီးအဖွဲ့တွေကတစ်ဆင့် ချို့ယွင်းအားနည်းချက်တွေကို ထောက်ပြမှ၊ ပညာပေးမှ အလုပ်ဖြစ် နိုင်ပါတယ်။


မေး။    ။ အာရှ-ပစိဖိတ်ဒေသနဲ့အရှေ့တောင်အာရှဒေသဟာ ကမ္ဘာ့ 
       နိုင်ငံရေးပေါက်ကွဲမှုရဲ့ ဗဟိုချက်မတစ်ခု ဖြစ်လာနိုင်ပါတယ်။ ဂျပန်နိုင်ငံ၊ တောင်ကိုရီးယားနဲ့ ထိုင်းနိုင်ငံတို့မှာ အမေရိကန်အခြေ စိုက်စစ်စခန်းတွေ ရှိနေပါတယ်။ တရုတ်နဲ့ မြောက်ကိုရီးယားတို့ဟာ နျူကလီးယားလက်နက် ပိုင်ဆိုင်ထားတဲ့နိုင်ငံတွေဖြစ်ကြပြီး ရုရှားနဲ့ ဘေးချင်းကပ်လျက်တည်ရှိနေပါတယ်။ ဒီလိုအခြေအနေမျိုးမှာ ဘယ်လို နည်းလမ်းမျိုးနဲ့များ မလိုလားအပ်တဲ့စစ်ပွဲတွေကို ရှောင်ရှားနိုင်မယ့် ပူးပေါင်းလုံခြုံရေးအစီအမံတွေကို တည်ဆောက်ထားနိုင်ပါသလဲ။ ဒေသတွင်း တည်ငြိမ်အေးချမ်းရေးအတွက် အာဆီယံအဖွဲ့ဝင်နိုင်ငံတွေဟာ အဓိက မဏ္ဍိုင်တစ်ရပ် ဖြစ်လာနိုင်ပါသလား။              
ဖြေ။    ။ကျွန်တော် နံပါတ် ၂ မေးခွန်းမှာပြောခဲ့သလိုပဲ အာရှ-ပစိဖိတ် 
     ဒေသဟာ ကမ္ဘာ့စီးပွားရေးဗဟိုချက်(World’s Economic Centre of Gravity) ဖြစ်လာတဲ့အတွက် အခွင့်အရေး(Opportunity)နဲ့ ခြိမ်းခြောက်မှု(Threat)ဆိုတာ ဒွန်တွဲနေမှာပါပဲ။ ဒါကြောင့် ဒေသ တွင်းမှာ ကျယ်ပြန့်စွာဖွဲ့စည်းထားတဲ့ အာဆီယံရဲ့ကဏ္ဍဟာ ပိုအရေး ပါလာပါမယ်။ မလိုလားအပ်တဲ့ ပဋိပက္ခတွေမဖြစ်အောင် ထိန်းသိမ်းဖို့ အတွက်ကတော့ နိုင်ငံရေးအရ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်တာ တွေ၊ လိုက်နာတာတွေနဲ့ စီးပွားရေးအရ ပူးပေါင်းဆောင်ရွက်မှုတွေတိုးမြှင့်ခြင်းအားဖြင့် အပြန်အလှန်နားလည်မှုခိုင်မာအောင် တည်ဆောက် တာမျိုးတွေ လုပ်ရပါမယ်။


မေး။    ။ အားလုံးသိရှိလက်ခံထားပြီးဖြစ်တဲ့အတိုင်း ဗိုလ်ချုပ်မှူးကြီး 
       ဟာဆိုရင် စစ်မှန်သော ဒီမိုကရေစီစနစ်ရဲ့အနှစ်သာရတွေကို လေးစားတန်ဖိုးထား ကာကွယ်စောင့်ရှောက်သူတစ်ဦးဖြစ်ပါတယ်။ တပ်မတော်ဆိုတာ နိုင်ငံတိုင်းမှာ  ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ ဖွဲ့စည်းထားသော နိုင်ငံ့အမှုထမ်းအဖွဲ့အစည်းဖြစ်ပါတယ်။ လက်ရှိ မြန်မာနိုင်ငံအတွက် အရေးပေါ်အခြေအနေကြေညာထားတဲ့ကာလအတွင်းမှာ ဗိုလ်ချုပ်မှူးကြီးဟာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌအနေနဲ့   စစ်မှန်ပြီးတရားမျှတတဲ့    ရွေးကောက်ပွဲကို ပြန်လည်ကျင်းပပေးနိုင်ဖို့  စီစဉ်ဆောင်ရွက်ပေးလျက်ရှိနေတယ်လို့ ကြားသိရပါတယ်။ ဒီအစီအစဉ်နဲ့ပတ်သက်ပြီး ဘယ်လိုအမြင်မျိုးရှိပါ သလဲ။ ကာလအပိုင်းအခြားကန့်သတ်ချက်နဲ့ အဆင့်ဆင့်ဆောင်ရွက် သွားမယ့် အစီအစဉ်တွေကိုလည်း  သိလိုပါတယ်။ ရွေးကောက်ပွဲ ကျင်းပခြင်းဆိုင်ရာဥပဒေအနေနဲ့ရော ပြောင်းလဲသတ်မှတ်တာတွေ ရှိလာနိုင်ပါသလား။

ဖြေ။    ။ ကျွန်တော်တို့မြန်မာ့တပ်မတော်ရဲ့သမိုင်းဟာ နိုင်ငံတော် 
     သမိုင်းနဲ့ ဆက်စပ်လျက်ရှိပါတယ်။ ခွဲပြောလို့မရပါဘူး။ တပ်မတော်ကပဲ ပြည်သူလူထုနဲ့ပူးပေါင်းပြီး နိုင်ငံရဲ့လွတ်လပ်ရေးကို ရအောင်ယူပေးခဲ့တယ်။ လွတ်လပ်ရေးနဲ့အတူပေါ်ပေါက်လာတဲ့ ပြည်တွင်းသောင်းကျန်းမှုကို  နှိမ်နင်းပေးပြီး နိုင်ငံ့လွတ်လပ်ရေးနဲ့ အချုပ်အခြာအာဏာကို တည်တံ့ခိုင်မြဲစေခဲ့ပါတယ်။ ဒါကြောင့်လည်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ   တပ်မတော်ရဲ့အခန်းကဏ္ဍကို အမျိုးသားနိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍနေရာမှာ ထားခဲ့တာဖြစ်ပါ တယ်။ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေးနဲ့ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး စတဲ့ နိုင်ငံတော်ရဲ့ အမျိုးသားအကျိုးစီးပွားတွေကို ကာကွယ်ဖို့၊ ပါတီစုံဒီမိုကရေစီစနစ် ရဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်ဖို့ အဓိကတာဝန်ရှိကြောင်း အခြေခံဥပဒေမှာတာဝန်အပ်နှင်းထားပါ တယ်။ ဒီတာဝန်တွေကို ကျွန်တော်တို့ အလေးအနက်ထား ဆောင်ရွက် လျက်ရှိပါတယ်။ ပြည်သူတွေ လိုလားတောင့်တတဲ့ ပါတီစုံဒီမိုကရေ စီစနစ်ကို ကျွန်တော်တို့ လမ်းခင်းပေးခဲ့တာပါ။ ဒီစနစ်ကနေ ဘယ် တော့မှ ရှောင်လွှဲသွားမှာမဟုတ်ဘူးလို့ အာမခံပါတယ်။ အခု အရေး ပေါ် အခြေအနေကြေညာပြီး နိုင်ငံ့တာဝန်ကို ကျွန်တော်တို့ရယူထား ရတယ်။ အခြေခံဥပဒေမှာ အရေးပေါ်ကာလဆိုင်ရာပြဋ္ဌာန်းချက်တွေ ရှိပါတယ်။ ဒီအတိုင်း ကျွန်တော်တို့ ဆောင်ရွက်သွားပါမယ်။ အရေးပေါ်ကာလဆိုင်ရာပြဋ္ဌာန်းချက်မှာ   လုပ်ဆောင်စရာရှိတာတွေ လုပ်ဆောင်လို့ပြီးရင် ရွေးကောက်ပွဲကျင်းပရမှာဖြစ်တယ်။ 


သို့သော် ဒီပြီးရမယ့်အချိန်ကလည်း အချိန်အကန့်အသတ်ရှိပါ တယ်။ တစ်နှစ်အတွင်း ပြီးအောင်ကြိုးစားရမယ်။ မပြီးရင် နောက်ထပ် ခြောက်လ နှစ်ခါတိုးခွင့်ရှိတယ်။ ပြီးရင်တော့ ရွေးကောက်ပွဲလုပ်ရမှာပဲ။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က   မဲစာရင်းတွေအားလုံးကို စိစစ်ပြီးပါပြီ။ မဲမသမာမှုပေါင်း ၁၁ သန်းကျော်ရှိတာကို ခိုင်လုံစွာတွေ့ရ ပါတယ်။ အဲဒီလူတွေကို ကျွန်တော်တို့စစ်ဆေးတဲ့အခါမှာ လေးသန်း ကျော်လောက်က  မှတ်ပုံတင်ပေးဖို့  အရေးတကြီးလိုနေပါတယ်။ ဒါကြောင့် စီမံချက်နဲ့မှတ်ပုံတင်တွေ လုပ်ပေးနေပါတယ်။ ဒီလုပ်ငန်း စဉ်ကိုက ၁၈ လလောက်ကြာမယ်လို့ သက်ဆိုင်ရာတာဝန်ရှိ ပုဂ္ဂိုလ် တွေက ခန့်မှန်းပါတယ်။ ၁၈ လကြာမယ်ဆိုတော့ ဒါက သတ်မှတ် တစ်နေ့ကို လူ ၃၀၀ လုပ်ရမယ်။ အဲဒီ ၃၀၀ လုံး မှန်မှန်ကန်ကန်လုပ်မှ ၁၈ လနဲ့ပြီးမှာ။ တကယ်လို့ အဲဒီလို အရေအတွက်အတိုင်း မလာဘူး ဆိုရင် ဒီထက်ပိုကြာဖို့ပဲရှိတော့တာ။ ကျွန်တော်တို့က မဲစာရင်းမှားတာ၊ မှတ်ပုံတင်မပါဘဲနဲ့ မဲစာရင်းတွေထည့်တဲ့အတွက်ကြောင့် မှားတာကို ထောက်ပြထားတာ။ အဲဒီတော့ လာမယ့်ရွေးကောက်ပွဲအသစ် လုပ်လို့ရှိရင် မှတ်ပုံတင်မပါဘဲနဲ့ မဲစာရင်းထဲမှာ ပါလာလို့ရှိရင် ကျွန်တော် တို့ ပြောစရာဖြစ်လာမယ်။ ဒါ့ကြောင့် မဲစာရင်းမှန်ကန်မှုကို အဓိက ဖြစ်စေတဲ့ မှတ်ပုံတင်က မရှိမဖြစ် ကျွန်တော်တို့ပေးရမယ့် လုပ်ငန်း တစ်ရပ်ဖြစ်တယ်။ ဒီလုပ်ငန်းပြီးမှ ကျွန်တော်တို့က ရွေးကောက်ပွဲကို စာရင်းဇယားမှန်မှန်နဲ့ ရွေးကောက်ပွဲတစ်ခုလုပ်လို့ရမယ်။ ဒီဟာကို ကျွန်တော်တို့ အချိန်တစ်ခုပေးရလိမ့်မယ်။ ဒါ့ကြောင့် နှစ်နှစ်လည်း ဖြစ်ရင်ဖြစ်သွားမယ်လို့ ကျွန်တော်ပြောတာ။ နောက်တစ်ခုရှိသေးတယ်၊ အဲဒါကဘာလဲဆိုတော့ ကျွန်တော်တို့ဟာ ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေ ဆိုတာရှိတယ်။ ဒီဥပဒေဟာ နိုင်ငံသားပေးရမယ့်ပုဂ္ဂိုလ်တွေ စိစစ် ပေးဖို့၊ ဒါတွေလည်း ဒီမဲပေးတဲ့ကာလအတွင်းမှာ မကြာရအောင်လုပ်ဖို့ ဆိုပြီးတော့ တာဝန်တစ်ခုရှိတယ်။ ဒါလည်း ကျွန်တော်တို့ သက်ဆိုင် ရာတွေနဲ့ဆွေးနွေးပြီးတော့ ဆောင်ရွက်နေတာလည်းရှိတယ်။ ဒါလည်း နှောင့်နှေးနေလို့မရဘူး။ နှောင့်နှေးမယ်ဆိုရင်လည်း ဒါတွေဟာ ကျန်ခဲ့ တယ်ဆိုရင်လည်း အဲဒီမှာ ပြဿနာတစ်ခုကလာလိမ့်မယ်။ ဒါလည်း ဖြေရှင်းဆောင်ရွက်ဖို့ ရှိနေသေးတယ်လို့ ကျွန်တော်ပြောချင်တယ်။ ရွေးကောက်ပွဲဆိုင်ရာဥပဒေ ပြောင်းလဲခြင်း ရှိ၊ မရှိဆိုတာ UEC က နိုင်ငံရေးပါတီတွေနဲ့ ဆွေးနွေးနေပါတယ်။ သို့သော် ပါတီစုံဒီမိုကရေစီ စနစ်ကနေ ကျွန်တော်တို့ ဘယ်တော့မှ သွေဖည်သွားမှာမဟုတ်ဘူးလို့ ပြောလိုပါတယ်။


မေး။    ။ ဗိုလ်ချုပ်မှူးကြီးဟာ လက်ရှိအချိန်မှ မြန်မာနိုင်ငံအတွက် 
      တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အဖြစ်သာမက နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌအဖြစ်ပါ တာဝန်ထမ်းဆောင်နေရသူ တစ်ဦးဖြစ်တဲ့အတွက် ဥပဒေအကြောင်းအရရော  လက်တွေ့အခြေ အနေအရပါ    နိုင်ငံရဲ့ တရားဝင်ခေါင်းဆောင်တစ်ဦးဖြစ်ပါတယ်။ စောင့်ကြည့်လေ့လာသူတွေအနေနဲ့လည်း ဗိုလ်ချုပ်မှူးကြီးဟာ လုပ်ငန်းခွင်မှာ ယခင်ကထက် မြန်မာ့ရိုးရာဝတ်စုံကို ပိုမိုဝတ်ဆင်လာ တယ်လို့ ဆိုကြပါတယ်။ မြန်မာနိုင်ငံပြည်သူများအကြားမှာလည်း ထင်ပေါ်ကျော်ကြားမှုဟာ ယခင်ကထက် များစွာပိုမိုမြင့်မားလာခဲ့ပါ တယ်။ ဒါ့အပြင် လက်ရှိအစိုးရအဖွဲ့ရဲ့ ထိရောက်မှန်ကန်တဲ့ ဆုံးဖြတ် ချက်တွေနဲ့ စီစဉ်ဆောင်ရွက်ပေးနေမှုတွေတဲ့  ပြည်ပနိုင်ငံတွေရဲ့ ဖိအားပေးမှုတွေ၊  ပြည်တွင်းအဖျက်သမားတွေရဲ့ နှောင့်ယှက်ဖျက်ဆီး မှုတွေကိုပင်မမှုဘဲ သိသိသာသာ တိုးတက်ကောင်းမွန်လာတာကို တွေ့မြင်နေကြရပါတယ်။ ဒီအကြောင်းအရာတွေနဲ့ဆက်စပ်ပြီးတော့ စာဖတ်သူပရိသတ်အနေနဲ့ စိတ်ဝင်စားလျက်ရှိတဲ့ မေးခွန်းတစ်ခု ကတော့ လာမယ့်ရွေးကောက်ပွဲမှာ ပြန်လည်စတင်လည်ပတ်လာမယ့် နိုင်ငံရေးစင်မြင့်ပေါ်မှာ ဗိုလ်ချုပ်မှူးကြီးအနေနဲ့ အခန်းကဏ္ဍတစ်ခုက နေ ပါဝင်လာနိုင်သလားဆိုတဲ့မေးခွန်းပဲ ဖြစ်ပါတယ်။
ဖြေ။    ။ ကျွန်တော့်ရဲ့ပုဂ္ဂလိကခံစားချက်က ကျွန်တော်သည် စစ်သား 
     တစ်ယောက် ဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံရဲ့ ဖြစ်ပေါ်ပြီးခဲ့ တဲ့ အချိန်ကာလနဲ့ အခြေအနေတွေအရ ကျွန်တော်လုပ်ရတဲ့အလုပ်တွေ က နိုင်ငံရေးအလုပ်၊ နိုင်ငံရေးသမား (Politican) ဆိုတာထက် နိုင်ငံရဲ့ တည်ဆောက်ရေးအလုပ်၊ နိုင်ငံပြုသမား(State Man) အလုပ်ကို လုပ်ခဲ့ရတာဖြစ်ပါတယ်။ ဒါ့ကြောင့် နိုင်ငံရေးသမားဆိုတာထက် နိုင်ငံ တည်ဆောက်သူ (State Man) အလုပ်ကိုပဲ ပိုပြီးစိတ်ဝင်စားပါတယ်။ ပြည်သူနဲ့  နိုင်ငံတော်အတွက်  ကျွန်တော့်အတွေ့အကြုံတွေကို အကောင်းဆုံးအသုံးချပြီး နိုင်ငံတည်ဆောက်ရေး (State Building)၊ တိုင်းပြည်တည်ဆောက်ရေး(Nation Building)  လုပ်ငန်းတွေမှာ ကျရာနေရာကနေ ပါဝင်ဆောင်ရွက်သွားပါမယ်။
မေး။    ။ ကမ္ဘာမှာ ကိုဗစ်-၁၉ ကူးစက်ရောဂါပြန့်ပွားနှုန်းဟာ တစ်ဖန် 
      ပြန်လည်မြင့်တက်လာလျက်ရှိပါတယ်။ ဒီလိုအခြေအနေမှာ လက်ရှိမြန်မာနိုင်ငံအစိုးရအနေနဲ့ ပြည်သူတွေအတွက် ကျန်းမာရေး စောင့်ရှောက်မှုပေးသွားမယ့်အခြေအနေနဲ့ ကိုဗစ်ရောဂါ ကာကွယ် တိုက်ဖျက်ရေးလုပ်ငန်းစဉ်တွေ ဆောင်ရွက်နေမှုတို့ကို သိရှိလိုပါတယ်။ ပြည်သူတစ်ရပ်လုံး ကာကွယ်ဆေးထိုးနှံသွားမယ့်အစီအစဉ်တွေရှိပါသလား။ ဒီစီမံကိန်းတွေမှာ ရုရှားနိုင်ငံအနေနဲ့ ဘာများအကူအညီပေး နိုင်ပါမလဲ။
ဖြေ။    ။ ကိုဗစ်-၁၉ တတိယလှိုင်းကတော့  ကမ္ဘာ့နိုင်ငံတော်တော်
     များများကို ရိုက်ခတ်လျက်ရှိပါတယ်။ ကျွန်တော်တို့ စုပေါင်း စွမ်းအားနဲ့ တော်တော်ကို ကြိုးကြိုးစားစားရင်ဆိုင်ရပါလိမ့်မယ်။ မြန်မာနိုင်ငံမှာလည်း ဇွန်လနဲ့ အခုဇူလိုင်လအတွင်းမှာ ကူးစက်မှုနှုန်း တော်တော်လေးမြင့်မားလျက်ရှိပါတယ်။ အစိုးရ၊ တပ်မတော်နဲ့ပြည်သူ အတူလက်တွဲ ပူးပေါင်းရင်ဆိုင်လျက်ရှိပါတယ်။ အခက်အခဲကတော့ ရှိပါတယ်။ ပြည်သူတစ်ရပ်လုံး ကာကွယ်ဆေးထိုးနှံနိုင်ရေး စီစဉ်ထား မှုတွေရှိပါတယ်။ အိန္ဒိယကနေ ဆေး သန်း ၃၀ မှာခဲ့တယ်။ နှစ်သန်း ရောက်ပြီး ပြည်သူ ၁ ဒသမ ၇သန်း ဆေးထိုးပြီးပြီ။ သို့သော် သူတို့နိုင်ငံ မှာလည်း ရောဂါကူးစက်ဖြစ်ပွားမှုတွေမြင့်နေတော့ ဆေးတွေ ဆက်မပို့ နိုင်တော့ဘူး။ မိတ်ဆွေနိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံက ကူညီတဲ့ဆေးတွေ ထပ်ရောက်လာဖို့ရှိတယ်။   ရုရှားနိုင်ငံခရီးစဉ်မှာ   ကျွန်တော်တို့ နောက်ထပ်ဝယ်ဖို့သဘောတူခဲ့တဲ့ ဆေးနှစ်သန်း အသုတ်လိုက်ခွဲပြီး ထပ်ရောက်ဖို့ရှိပါတယ်။ ကျွန်တော်တို့နိုင်ငံအတွင်းမှာပဲ ကိုဗစ်-၁၉ ကာကွယ်ဆေးကို ရုရှားနိုင်ငံရဲ့အကူအညီနဲ့ ထုတ်လုပ်ဖို့ အခြေခံ သဘောတူထားတာ ရှိပါတယ်။ ဒီကိစ္စက ပိုမိုထိရောက်နိုင်ပါတယ်။ ကိုဗစ်-၁၉ ကာကွယ်ဆေးရနိုင်သမျှ ရောင်းချပေးဖို့နဲ့ မြန်မာနိုင်ငံအတွင်း မှာ ကာကွယ်ဆေးထုတ်ဖို့အစီအစဉ်တွေ   ဖြစ်နိုင်သမျှ  မြန်မြန် အကောင်အထည်ဖော်နိုင်ဖို့ ကူညီပေးခြင်းအားဖြင့် ရုရှား-မြန်မာ နှစ်နိုင်ငံအကြား ဆက်ဆံရေးကိုတိုးမြှင့်ဖို့ မေတ္တာရပ်ခံလိုပါတယ်။


ယခုလို  အနှစ်သာရရှိတဲ့  အမေးအဖြေတွေကို စိတ်ရှည် လက်ရှည်  ထဲထဲဝင်ဝင်   ရှင်းလင်းဖြေကြားပေးခဲ့တဲ့အတွက်ရော၊ ကျွန်မတို့ ရုရှားနိုင်ငံအပေါ် ထားရှိတဲ့ ဖြူစင်ရိုးသားချစ်ခင်လေးစားတဲ့ စိတ်ထားတွေအတွက်ရော ကျေးဇူးအထူးတင်ရှိကြောင်း ပြောကြား လိုပါတယ်။ ရုရှားနိုင်ငံဟာလည်း မြန်မာနိုင်ငံလို တိုင်းရင်းသားမျိုးနွယ်စု ပေါင်းများစွာ အတူယှဉ်တွဲနေထိုင်လျက်ရှိတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ ဒါကြောင့်ပဲ မြန်မာနိုင်ငံလည်း အမြန်ဆုံးခေတ်မီဖွံ့ဖြိုးတိုးတက်ပြီး စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို ဆောလျင်စွာရရှိကာ ရုရှားနိုင်ငံနဲ့လည်း ဆတက်ထမ်းပိုးတိုး၍ ချစ်ကြည်ရေးလုပ်ငန်းတွေ တိုးမြှင့်ဆောင်ရွက် သွားနိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုပါတယ်။


ယခုလို ကျေးဇူးတင်စကား၊ ဆုတောင်းစကားတွေကို ကြားရတဲ့ အတွက် လှိုက်လှိုက်လှဲလှဲ ဝမ်းသာပီတိဖြစ်မိပါတယ်။ ရုရှားနိုင်ငံ အကြောင်း အနည်းငယ်ထပ်လောင်းပြောကြားလိုပါတယ်။ ရုရှား ပြည်သူ၊ ပြည်သားတွေဟာ ဒုတိယကမ္ဘာစစ်အတွင်းမှာ ဖက်ဆစ်စနစ်ကို ကြံ့ကြံ့ခံ တိုက်ဖျက်ခဲ့သူတွေဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံနဲ့ ပြည်သူ တွေဟာလည်း ဒီလိုပါပဲ။ ၁၉၉၀ ပြည့်နှစ်တစ်ဝိုက်ကာလတွေမှာလည်း ရုရှားပြည်သူလူထုအနေနဲ့ ပြုပြင်ပြောင်းလဲမှုနဲ့ အချို့အင်အားကြီး နိုင်ငံတွေ၊ အဖွဲ့အစည်းတွေရဲ့ စွက်ဖက်မှုကို ကြံ့ကြံ့ခံရင်း ရုရှားကို အင်အားကြီးနိုင်ငံအဖြစ် ပြန်လည်တည်ဆောက်ခဲ့ရပါတယ်။ ကျွန်တော် တို့နိုင်ငံနဲ့ ပြည်သူလူထုလည်း ဒီလိုပါပဲ။ သို့သော် ကျွန်တော်တို့က အခုထိ ရုန်းကန်တည်ဆောက်နေရဆဲ ဖြစ်ပါတယ်။ သမိုင်းဖြစ်စဉ် ဖြစ်ရပ်တွေ၊ ရင်ဆိုင်ခဲ့ရတဲ့ အခက်အခဲတွေ၊ ရင်ဆိုင်နေရဆဲ အခက်အခဲ တွေ တူညီကြပါတယ်။ ဒါ့ကြောင့် ရုရှားပြည်သူပြည်သားတွေရဲ့ စိတ်ဓာတ်နဲ့ လုံ့လဝီရိယတွေကို ချီးကျူးပါတယ်။ မြန်မာနိုင်ငံပြည်သူ လူထုနဲ့ ကျွန်တော်တို့အစိုးရရဲ့ စစ်မှန်စည်းကမ်းပြည့်ဝတဲ့  ပါတီစုံ ဒီမိုကရေစီစနစ်တည်ဆောက်မှု၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတည်ဆောက် မှုတွေမှာလည်း တတ်နိုင်တဲ့ဘက်က အားပေးဆောင်ရွက်ပေးကြပါ လို့ မေတ္တာရပ်ခံလိုပါတယ်။      ။

အောင်ကျော်မိုး