၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်မှ ယနေ့အထိ မြို့ကြီးအချို့တွင် အကြမ်းဖက်မှု ၃၇၅၁ ကြိမ်ရှိခဲ့

 

NCA သဘောတူစာချုပ် လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များသို့ အသိပေးထုတ်ပြန်ချက်
 

 

နေပြည်တော်  ဒီဇင်ဘာ   ၃၀


တပ်မတော်က နိုင်ငံရေးအရ အရေးပေါ်အခြေအနေကြောင့်   နိုင်ငံတော်တာဝန်အား ထိန်းသိမ်းဆောင်ရွက်ခဲ့သည့် ဖေဖော်ဝါရီလ ၁ ရက် နောက်ပိုင်းတွင် NLD အစွန်းရောက် တို့၏ သွေးထိုးလှုံ့ဆော်မှု၊  ၎င်းတို့ဖန်တီးခဲ့သည့် CRPH၊ NUG နှင့်  PDF အမည်ခံ အကြမ်း ဖက်အဖွဲ့များက မြို့ကြီးအချို့တွင် ဆူပူအကြမ်းဖက်မှုများ ပြုလုပ်ခဲ့ပြီး ဆေးရုံ၊  ကျောင်း များမှစ၍ ဘာသာရေးနှင့် သက်ဆိုင်သော နေရာ၊ အဆောက်အဦများ   ဖောက်ခွဲဖျက်ဆီး ခြင်း၊ သတ်ဖြတ်ခြင်းများ ဆောင်ရွက်လာခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက တာဝန်သိ ပြည်သူများဖြင့်  ပူးပေါင်း၍ ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့သည်။

 


ထိုသို့ဆောင်ရွက်ခဲ့ရာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်မှ ယနေ့အထိ မြို့ကြီး အချို့တွင် အကြမ်းဖက်မှု ၃၇၅၁ ကြိမ်ရှိခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များက ထိန်းသိမ်းခဲ့ရမှု အနေဖြင့် အကြမ်းဖက်သူ ၁၄၉၂ ဦး၊ လက်နက်မျိုးစုံ ၁၃၃ လက်၊  ခဲယမ်းမျိုးစုံ ၁၆၉၃ တောင့်၊ လက်ပစ်ဗုံး ၂၈ လုံး၊ လက်လုပ်မိုင်း ၂၁၇ လုံး နှင့်  အခြားဖောက်ခွဲဖျက်ဆီးရေးပစ္စည်းများကို သိမ်းဆည်းရမိခဲ့သည်။ ထို့ပြင် လုံခြုံရေးတပ်ဖွဲ့ဝင်များက အကြမ်းဖက်မှု များမရှိစေရေးအတွက် ရှာဖွေဖော်ထုတ်မှုများ ဆောင်ရွက်ခဲ့ရာ  အကြမ်းဖက်သူ ၉၉၅၈ ဦး၊ လက်နက်မျိုးစုံ ၃၄၁၇ လက်၊ ခဲယမ်းမျိုးစုံ ၁၆၁၅၀၀ တောင့်၊  လက်ပစ်ဗုံး ၆၄၇ လုံး၊ လက်လုပ်မိုင်း ၆၈၉၅ လုံးနှင့် အခြားဖောက်ခွဲဖျက်ဆီးရေးပစ္စည်းများကို အချိန်မီ ဖော်ထုတ် တားဆီးထိန်းသိမ်းနိုင်ခဲ့သည်။  

 


ထိုသို့ဆောင်ရွက်ခဲ့မှုကြောင့်   ရန်ကုန်မြို့နှင့် မြန်မာနိုင်ငံတောင်ပိုင်းရှိ မြို့ကြီးများတွင် အကြမ်း ဖက်မှုများကို အဓိကဦးဆောင် ကြိုးကိုင်ဆောင်ရွက် နေသည့် အကြမ်းဖက်အဖွဲ့ကြီးများကို     ဖမ်းဆီး ထိန်းသိမ်းနိုင်ခဲ့ပြီး  ဖြစ်စဉ် ၁၅ ကြိမ်တွင် ဖမ်းဆီး ရမိသူ ၂၇၂ ဦး၊ လက်နက်ခဲယမ်းအနေဖြင့်  ပစ္စတို ၄၄  လက်၊  ပွိုင့်-၂၂  သေနတ် ရှစ်လက်၊   MK-12 ၅၁ လက်၊ M-16 ၃၀ လက်၊ M-22 ၁၅ လက်၊ AK-47 ၅၅ လက်၊ M4-A1 ၁၀ လက်၊ 56-1 ငါးလက်၊ M-79 လေးလက်အပါအဝင် လက်နက်မျိုးစုံ ၂၂၈ လက်၊ ခဲယမ်းမျိုးစုံ ၂၇၂၂၈ တောင့်၊    ရှေ့ထွက်မိုင်းနှင့် လက်ပစ်ဗုံးမျိုးစုံ ၂၈၆ လုံးတို့အား သိမ်းဆည်း ရမိခဲ့ သည်။ ဖမ်းဆီးရမိသူများကို ဖော်ထုတ်ချက်များအရ KNU အဖွဲ့၏ အချို့တပ်မဟာများတွင် အကြမ်းဖက် ဖောက်ခွဲရေးသင်တန်းတက်ရောက်ခဲ့ပြီး   အမည် စာရင်းတိကျစွာ ဖော်ထုတ်ရရှိသူ ၁၇၃ ဦး ရှိကြောင်း နှင့် အမည်စာရင်း    တိကျစွာဖော်ထုတ်မရရှိသူ မြောက်မြားစွာရှိကြောင်း သိရှိရသည်။ ဖမ်းဆီးရမိ လက်နက်၊ ခဲယမ်းအများစုသည်လည်း KNU နယ်မြေ အသီးသီးမှတစ်ဆင့် ပြည်တွင်းသို့   ဝင်ရောက်လာ သော လက်နက်/ ခဲယမ်းများဖြစ်သည်။ အရှေ့တောင် အာရှဒေသအတွင်း စစ်အေးခေတ်နှင့် စစ်အေးလွန် ခေတ်၌ ဖြစ်ပွားခဲ့သည့် လက်နက်ကိုင်ပဋိပက္ခများ၌ အားပေးအားမြှောက် ပြုလုပ်ခဲ့သည့် နိုင်ငံကြီးအချို့၏ ပဋိပက္ခ လက်ကျန်လက်နက်များဖြစ်ကြောင်း တွေ့ရှိ ရသည်။ 

 


တပ်မတော်အနေဖြင့်  ထာဝရငြိမ်းချမ်းရေးကို ရှေးရှု၍ ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်တွင် သဘောတူလက်မှတ်ရေးထိုးခဲ့သည့် NCA သဘော တူညီချက်များကို တိကျစွာ လေးစားလိုက်နာလျက် ရှိသည့်အပြင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲ ရေးကိုလည်း ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်အထိ သက်တမ်းတိုးမြှင့်ထားပြီးဖြစ်သည်။   တပ်မတော် ကာကွယ်ရေးဦးစီးချုပ်အနေဖြင့်လည်း ငြိမ်းချမ်းရေး နှင့်ပတ်သက်သည့် အစည်းအဝေးများ၊ ဆွေးနွေးပွဲ များနှင့် အခမ်းအနားများ၌ “နိုင်ငံတော်နှင့်ပြည်သူတို့ လိုအပ်လျက်ရှိသည့် ထာဝရငြိမ်းချမ်းရေးရရှိအောင် ဆောင်ရွက်ရာတွင် တပ်မတော်အနေဖြင့် တစ်နိုင်ငံ လုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA)ပါအတိုင်း    တိကျစွာလိုက်နာသွားမည်” ဖြစ်ကြောင်း   သဘောထားထုတ်ပြန်ပြီးဖြစ်သည်။ ထို့ပြင်       နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် ၅ ရပ်နှင့် ဦးတည်ချက် ၉ ရပ်တို့တွင် လည်း ငြိမ်းချမ်းရေးကို  ဦးစားပေးလုပ်ငန်းအဖြစ် ချမှတ်၍ အကောင်အထည်ဖော်  ဆောင်ရွက်လျက် ရှိပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ တိုးမြှင့်လုပ်ဆောင် နိုင်ရေးအတွက် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီ၊ အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းကော်မတီ၊ အမျိုးသားစည်းလုံးညီညွတ်ရေး နှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီများဖွဲ့စည်း၍ ငြိမ်းချမ်းရေးဆွေးနွေးပွဲများအတွက် လျင်မြန်လွယ်ကူထိရောက်စွာ ဆွေးနွေးဆောင်ရွက် နိုင်သည့် လမ်းကြောင်းများ ဖွင့်လှစ်ပေးခဲ့ပြီးဖြစ်သည်။ 

 


သို့ဖြစ်၍ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲ ရေး သဘောတူစာချုပ် NCA လက်မှတ်ရေးထိုးထား သည့်   လက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် သဘောတူစာချုပ်ပါ  ကတိကဝတ်များကို အလေး ထား     လိုက်နာဆောင်ရွက်သွားရန်နှင့်      မိမိ လက်အောက်ခံအဖွဲ့အစည်းများအပေါ်တွင်လည်း စာချုပ်ပါစည်းကမ်းများ လိုက်နာစေရေး ထိန်းသိမ်း သွားရန် တိုက်တွန်းကြောင်းနှင့် စာချုပ်ပါစည်းကမ်း များကို  ကျူးလွန်ချိုးဖောက်မှုများနှင့်ပတ်သက်၍ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးအတွက်   လိုအပ် သည့်   လုံခြုံရေးဆိုင်ရာဆောင်ရွက်ချက်များကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း  သတင်းထုတ်ပြန် အပ်ပါသည်။


သတင်းထုတ်ပြန်ရေးအဖွဲ့
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ