
ပုသိမ် ဇွန် ၂၅
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပုသိမ်တက္ကသိုလ် ဘာသာရပ်ပေါင်းစုံ ပိုက်ကျော်ခြင်း ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ယနေ့ နံနက် ၈ နာရီခွဲက ပုသိမ်တက္ကသိုလ် မိုးလုံလေလုံအားကစားခန်းမ၌ပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီး ချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ ပါမောက္ခချုပ်၊ ဒုတိယ ပါမောက္ခချုပ်များ၊ ပြိုင်ပွဲဝင် အားကစားသမားများ၊ ကျောင်းသား ကျောင်းသူများ တက်ရောက်အားပေးသည်။
ရှေးဦးစွာ ဗိုလ်လုပွဲစဉ်အဖြစ် သင်္ချာဘာသာရပ် အသင်းနှင့် သမိုင်းဘာသာရပ်အသင်းတို့ ငါးပွဲ ယှဉ်ပြိုင်ကစားခဲ့ကြရာ သင်္ချာဘာသာရပ်အသင်းက သမိုင်းဘာသာရပ်အသင်းကို သုံးပွဲ-နှစ်ပွဲဖြင့် အနိုင် ရရှိခဲ့သည်။
ဆက်လက်၍ ဆုပေးပွဲကျင်းပရာ ပွဲစဉ် တစ်လျှောက် ရိုက်ခုတ်၊ ပင့်ထောင်၊ နောက်ထိန်း၊ ဆယ်မ၊ အကောင်းဆုံးဆုရ အားကစားသမားများနှင့် နှစ်ယောက်တွဲ ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် တတိယ ဆုရ ရုက္ခဗေဒဘာသာရပ်အသင်း၊ ဒုတိယဆုရ ရူပဗေဒဘာသာရပ်အသင်း၊ ပထမဆုရ သင်္ချာဘာသာ ရပ် အသင်းများအား ဆုတံဆိပ်နှင့် ဂုဏ်ပြုဆုငွေများ ကို ဒုတိယပါမောက္ခချုပ်များက လည်းကောင်း၊ သုံးယောက်တွဲပိုက်ကျော်ခြင်းပြိုင်ပွဲတွင် တတိယ ဆုရ ပထဝီဝင်ဘာသာရပ်အသင်း၊ ဒုတိယဆုရ သမိုင်းဘာသာရပ်အသင်း၊ ပထမဆုရ သင်္ချာဘာသာ ရပ်အသင်းများကို ဆုတံဆိပ်နှင့် ဂုဏ်ပြုဆုငွေများ ကို ပါမောက္ခချုပ်ကလည်းကောင်း ပေးအပ်ချီးမြှင့်သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် က နှစ်ယောက်တွဲ ပိုက်ကျော်ခြင်းပြိုင်ပွဲ အသင်းလိုက် ပထမဆုနှင့် သုံးယောက်တွဲ ပိုက်ကျော်ခြင်းပြိုင်ပွဲ အသင်းလိုက် ပထမဆုရ သင်္ချာဘာသာရပ်အသင်း ကို တံခွန်စိုက်ဆုဖလားများချီးမြှင့်သည်။
အဆိုပါ ပိုက်ကျော်ခြင်းပြိုင်ပွဲကို ယခုလ ၂၁ ရက် မှ ၂၄ ရက်အထိ ကျင်းပပြီး ဘာသာရပ်အသီးသီးမှ ပြိုင်ပွဲဝင်အသင်း ၁၂ သင်း ဝင်ရောက်ယှဉ်ပြိုင် ကြသည်။
လှမင်းထွဋ်(ပြန်/ဆက်)