
ရန်ကုန် ဇန်နဝါရီ ၂၆
၂၀၂၂ အာရှဖလားအမျိုးသမီးဘောလုံးပြိုင်ပွဲ အုပ်စုနောက်ဆုံးနေ့ပွဲစဉ်များကို ဇန်နဝါရီ ၂၇ ရက် (ယနေ့) ဆက်လက်ကျင်းပမည်ဖြစ်ပြီး မြန်မာအသင်းသည် ဗီယက်နမ်အသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
အုပ်စု (ဂ) နောက်ဆုံးပွဲအဖြစ် မြန်မာစံတော်ချိန် ယနေ့မွန်းလွဲ ၂ နာရီခွဲ တွင် မြန်မာနှင့် ဗီယက်နမ်၊ လက်ရှိချန်ပီယံ ဂျပန်နှင့် တောင်ကိုရီးယားအသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ အုပ်စု(ဂ)တွင် ဂျပန်နှင့် တောင်ကိုရီးယားက နှစ်ပွဲ ကစား ခြောက်မှတ်စီဖြင့် ကွာတားဖိုင်နယ် တက်ရောက်ထားပြီး နှစ်သင်းထိပ်တိုက် တွေ့ဆုံမည့်ပွဲမှာ အုပ်စုပထမနေရာအတွက်သာ ကစားရမည်ဖြစ်သည်။ နှစ်ပွဲဆက် အရေးနိမ့်ထားသည့် မြန်မာနှင့် ဗီယက်နမ်ပွဲမှာမူ အနိုင်ရသည့်အသင်းမှာ အုပ်စုတတိယနေရာရယူနိုင် မည်ဖြစ်သည်။ ယခုပြိုင်ပွဲကျင်းပသည့်ပုံစံအရ အုပ်စု သုံးခုမှ ထိပ်ဆုံးနှစ်သင်းစီနှင့် တတိယနေရာရ အသင်းများအနက် အကောင်းဆုံးနှစ်သင်းမှာ ကွာတားဖိုင်နယ် တက်ရောက်ခွင့်ရမည်ဖြစ်ရာ မြန်မာ အသင်းအနေဖြင့် ဗီယက်နမ်ကိုအနိုင်ရပြီး အုပ်စု တတိယနေရာရပါက ကွာတားဖိုင်နယ် တက်ရောက် ခွင့်မျှော်လင့်နိုင်မည်ဖြစ်ရာ ယခုပွဲမှာ အရေးပါလျက် ရှိသည်။ ကွာတားဖိုင်နယ်ရောက်ရှိသည့် အသင်း အများစုမှာ ၂၀၂၃ ခုနှစ်တွင် ကျင်းပမည့် အမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲ ယှဉ်ပြိုင်ခွင့်ရမည်ဖြစ်ရာ မြန်မာ အသင်းအနေဖြင့် ကွာတားဖိုင်နယ်တက်ရောက်ခွင့် ရပါက ယင်းမျှော်လင့်ချက်အကောင်အထည်ဖော် နိုင်ရန် မျှော်လင့်နိုင်မည်ဖြစ်သည်။
ယှဉ်ပြိုင်ကစားမည်
အုပ်စု (ခ) နောက်ဆုံးနေ့အဖြစ် မြန်မာစံတော် ချိန် ည ၈ နာရီခွဲတွင် သြစတြေးလျနှင့် ထိုင်း၊ အင်ဒို နီးရှားနှင့် ဖိလစ်ပိုင်အသင်းတို့ ယှဉ်ပြိုင်ကစား မည်ဖြစ်သည်။ အုပ်စု(ခ)တွင်မူ သြစတြေးလျက ခြောက်မှတ်ဖြင့် ကွာတားဖိုင်နယ် တက်ရောက် ထားပြီး ဖိလစ်ပိုင်နှင့် ထိုင်းက သုံးမှတ်စီရထားကာ အင်ဒိုနီးရှားအသင်းမှာမူ အမှတ်မရသေးပေ။ ထိုင်း အသင်းသည် သြစတြေးလျနှင့် ကစားရမည်ဖြစ်သော ကြောင့် ဒုတိယနေရာရယူနိုင်ရန် ခက်ခဲနိုင်ပြီး အင်ဒို နီးရှားနှင့် ကစားရမည့် ဖိလစ်ပိုင်အသင်းမှာမူ အုပ်စု ဒုတိယနေရာရယူနိုင်ရန် သေချာသလောက်ရှိနေ သည်။
ရဲရင့်လွင်