
ရန်ကုန် နိုဝင်ဘာ ၁၇
မြန်မာနိုင်ငံတွင် ထူးချွန်သော ဂေါက်သီးအားကစားသမားများ ပေါ်ထွက် လာစေရေးအတွက် မြန်မာနိုင်ငံ ဂေါက်သီးအားကစားအဖွဲ့ချုပ်နှင့် မြန်မာပီဂျီအေတို့က စီစဉ်၍ Mytel Operator ၊ မြဝတီဘဏ်လီမိတက်နှင့် အင်းဝဘဏ်လီမိတက်တို့က အဓိကကူညီပံ့ပိုးသည့် ၂၀၂၂ ခုနှစ် မြန်မာ ပြည်တွင်းပတ်လည်ဂေါက်သီးရိုက်ပြိုင်ပွဲ (ပြင်ဦးလွင်ပွဲစဉ်) စတုတ္ထနေ့ ကို ယနေ့ နံနက်ပိုင်းတွင် ပြင်ဦးလွင်မြို့ ချယ်ရီလွင်တပ်မတော် ဂေါက်ကလပ်၌ ဆက်လက်ကျင်းပသည်။
ပြိုင်ပွဲအပြီးတွင် ဆုချီးမြှင့်ပွဲဆက်လက်ကျင်းပရာ မြန်မာနိုင်ငံ ဂေါက်သီးအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးကိုကိုအေးက ပြိုင်ပွဲကိုအဓိက ကူညီပံ့ပိုးပေးသော Mytel Operator ၊ မြဝတီဘဏ်လီမိတက်နှင့် အင်းဝဘဏ် လီမိတက် တို့ကို ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ရာ Mytel Operator ၊ မြဝတီဘဏ်လီမိတက်နှင့် အင်းဝဘဏ် လီမိတက်တို့မှ တာဝန်ရှိသူများက လက်ခံရယူသည်။ ဆက်လက်၍ မြန်မာနိုင်ငံ ဂေါက်သီးအားကစား အဖွဲ့ချုပ် တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးအောင်မြင့်ဦးနှင့် Mytel Operator မန္တလေး တာဝန်ခံတို့က ပြိုင်ပွဲအားလက်ခံကျင်းပပေးသော ချယ်ရီလွင်တပ်မတော်ဂေါက်ကွင်းသို့ အမှတ်တရ လက်ဆောင်နှင့် ဂုဏ်ပြုငွေများပေးအပ်ရာ ချယ်ရီလွင် တပ်မတော်ဂေါက်ကွင်း တာဝန်ရှိသူက လက်ခံရယူသည်။
ထို့နောက် မြန်မာနိုင်ငံ ဂေါက်သီးအားကစား အဖွဲ့ချုပ် Junior Golf Myanmar အလုပ်အမှုဆောင် ဒေါ်လွင်လွင်အောင်မှ ဝါသနာရှင်အဆင့် (အမျိုး သမီး)ပြိုင်ပွဲတွင် စုစုပေါင်းရိုက်ချက် ၂၅၂ ချက်ဖြင့် တတိယဆုရရှိသော ဝိုင်းဝိုင်းကိုလည်းကောင်း၊ Junior Golf Myanmar အလုပ်အမှုဆောင် ဒေါ်မြင့်မြင့်သန်းက စုစုပေါင်းရိုက်ချက် ၂၄၅ ချက်ဖြင့် ဒုတိယရရှိခဲ့သော တုန်ရန်ကြီးကို လည်းကောင်း၊ မြန်မာနိုင်ငံ ဂေါက်သီးအားကစားအဖွဲ့ချုပ် ဗဟို အလုပ်အမှုဆာင် ဦးကျော်ကျော်မြင့်က စုစုပေါင်း ရိုက်ချက် ၂၂၈ ချက်ဖြင့် ပထမရရှိခဲ့သော မိုးပြည့်စုံခင်တို့ကိုလည်းကောင်း ဆုများ ပေးအပ်ချီးမြှင့်ခဲ့ သည်။ ဆက်လက်၍ အထက်မြန်မာပြည် ဂေါက်သီးအားကစားအဖွဲ့ချုပ် ဆပ်ကော်မတီဥက္ကဋ္ဌ ဦးတင်ကိုကိုက ဝါသနာရှင်အဆင့်(အမျိုးသား) ပြိုင်ပွဲ တွင် စုစုပေါင်း ရိုက်ချက် ၂၉၂ ချက်ဖြင့် တတိယဆု ရရှိခဲ့သော လှိုင်မင်းထက်၊ မြန်မာနိုင်ငံ ဂေါက်သီး အားကစားအဖွဲ့ချုပ် တွဲဖက်အထွေထွေအတွင်း ရေးမှူး ဒေါက်တာမြင့်ဦးက စုစုပေါင်းရိုက်ချက် ၂၉၀ ဖြင့် ဒုတိယရရှိခဲ့သော ဇော်ဇော်ထွန်းတို့ကို လည်းကောင်း၊ ပြင်ဦးလွင်တပ်နယ်မှူး ဗိုလ်ချုပ် ဇော်မင်းလတ်က စုစုပေါင်းရိုက်ချက် ၂၈၄ ချက်ဖြင့် သတ်မှတ်ရိုက်ချက်ထက် လေးချက်လျှော့ရိုက်ကာ ပထမရရှိခဲ့သော လွင်မိုးကိုလည်းကောင်း ဆုများ ချီးမြှင့်သည်။
ထို့နောက် ပညာရှင်အဆင့်ပြိုင်ပွဲတွင် သတ်မှတ်ရိုက်ချက်ထက် ကိုးချက်လျှော့ရိုက်ကာ စုစုပေါင်းရိုက်ချက် ၂၇၉ ချက်ဖြင့် ပထမ ရရှိခဲ့သော သိန်းနိုင်စိုး (HAN Golf Academy) အား အလယ်ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကိုကိုဦးက ဆုဖလားနှင့် ဆုကြေး ငွေချက်လက်မှတ် ပေးအပ် ချီးမြှင့်ကာ ဆုရအားကစားသမားနှင့် တာဝန်ရှိ ပုဂ္ဂိုလ်များ အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ကြ သည်။
ကိုညီလေး၊
ဓာတ်ပုံ-MGF