
ရန်ကုန် ဒီဇင်ဘာ ၂၅
မြန်မာနိုင်ငံ တိုက်ကွမ်ဒိုအဖွဲ့ချုပ် နည်းစနစ်ကော်မတီက ကြီးမှူး ကျင်းပမည့် ၂၀၂၂ ခုနှစ် နှစ်သစ် အကြို အွန်လိုင်းတိုက်ကွမ်ဒိုပြိုင်ပွဲ များ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲတွင် တိုက်ကွမ် ဒို သရုပ်ဖော် ရောင်စုံပန်းချီပြိုင်ပွဲ၊ တိုက်ကွမ်ဒိုအားကစား ကဗျာ ရေးစပ်ပြိုင်ပွဲ၊ တိုက်ကွမ်ဒို အားကစားအတွက် ဆောင်ပုဒ် ပြိုင်ပွဲ၊ တိုက်ကွမ်ဒိုကစားခြင်း၏ အောင်မြင်မှုရလဒ် ဆောင်းပါး ပြိုင်ပွဲ၊ တိုက်ကွမ်ဒိုဝတ်စုံဖြင့် ရပ်လျက် ကန်ချက်အလှပြိုင်ပွဲ၊ တိုက်ကွမ်ဒိုဝတ်စုံဖြင့် လေထဲ အမြင့် ကန်ချက်အလှပြိုင်ပွဲ၊ အကူ ကစားသမားများဖြင့် လေထဲ အမြင့် ခုန်ကန်ခြင်းပြိုင်ပွဲ၊ တစ်ဦး ချင်း(ကျား/မ) တိုက်ကွမ်ဒိုအက ပြိုင်ပွဲ၊ အဖွဲ့လိုက်(ကျား မ-ငါးဦး)တိုက်ကွမ်ဒိုအကပြိုင်ပွဲ၊ အသင်း ကိုယ်စားပြု ကစားသမား ၁၀ ဦး နှင့်အထက် အလှဓာတ်ပုံပြိုင်ပွဲ၊ တာဝန်ခံနည်းပြနှင့်အတူ ၁ဝ ဦး နှင့်အထက် အလှဓာတ်ပုံပြိုင်ပွဲ၊ တိုက်ကွမ်ဒို မိသားစုအလိုက် ဝတ်စုံအပြည့်ဖြင့် အလှဓာတ်ပုံ ပြိုင်ပွဲများ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ ပြိုင်ပွဲဝင်များအနေဖြင့် ယှဉ်ပြိုင်မှုများကို ဒီဇင်ဘာ ၂၈ ရက် နောက်ဆုံးထား ပေးပို့ရ မည်ဖြစ်ပြီး အသေးစိတ်သိရှိ မေးမြန်းစုံစမ်းလိုပါက ဦးကျော် သန်းဦး (နည်းပြချုပ်) နည်းစနစ် ကော်မတီ၊ ဖုန်း-ဝ၉-၇၈၅ဝ၇ဝဝ၃၉ သို့ ဆက်သွယ်၍ မေးမြန်းနိုင် ကြောင်း သိရသည်။
2022 New Years အကြို အထိမ်းအမှတ် ဖြစ်သည့်အတွက် တိုက်ကွမ်ဒိုပစ္စည်းများ၊ အမှတ် တရအိတ်၊ အင်္ကျီများ၊ ဘောင်းဘီ များ၊ ဖိနပ်များ၊ နာရီများ ဆက်တိုက် ကံစမ်းမဲဖောက်ပေး သွားမည်။ ၂၀၂၁ ခုနှစ် တစ်နှစ်တာ အကောင်းဆုံး ဒိုင်လူကြီးဆု၊ နည်းပြဆု၊ ကစားသမားဆု၊ အတိုးတက်ဆုံးဆုများ ချီးမြှင့် ပေးအပ်သွားမည် ဖြစ်ကြောင်း သိရသည်။
အာကာစိုး