၂၀၂၂ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး အသက် ၁၉ နှစ်အောက် (အမျိုးသား)ဘောလုံးပြိုင်ပွဲ ဆက်လက်ကျင်းပ

 

နေပြည်တော်  ဇူလိုင်  ၂၁


မြန်မာ့ဘောလုံး    အားကစား လောကအဆင့်အတန်း    ဖွံ့ဖြိုး တိုးတက်လာစေရေးကို  အထောက် အကူပြုစေရန်နှင့်  မျိုးဆက်သစ် ဘောလုံး  အားကစားသမားများ ပေါ်ထွက်လာစေရန်   ရည်ရွယ်၍  ၂၀၂၂ ခုနှစ်   ပြည်နယ်နှင့် တိုင်း ဒေသကြီး အသက် ၁၉ နှစ်အောက် (အမျိုးသား)   ဘောလုံးပြိုင်ပွဲကို နေပြည်တော် ဝဏ္ဏသိဒ္ဓိဘောလုံး အားကစားကွင်း အမှတ်(၁)နှင့် (၃) ၌  ဆက်လက်ကျင်းပလျက် ရှိသည်။

 


ယနေ့   ပထမအဆင့်အုပ်စု ပတ်လည်ပြိုင်ပွဲ  ပွဲစဉ်များအဖြစ် ဝဏ္ဏသိဒ္ဓိ   ဘောလုံးအားကစား ကွင်း   အမှတ်(၁)၌  ရှမ်းပြည်နယ် အသင်းနှင့်   တနင်္သာရီတိုင်းဒေသ ကြီးအသင်းတို့     ယှဉ်ပြိုင်ကစား ကြရာ  ရှမ်းပြည်နယ်အသင်းက    တနင်္သာရီတိုင်းဒေသကြီးအသင်း ကို    တစ်ဂိုး-ဂိုးမရှိဖြင့်လည်း ကောင်း၊       ဝဏ္ဏသိဒ္ဓိဘောလုံး အားကစားကွင်း  အမှတ်  (၃)  ၌   ပဲခူးတိုင်းဒေသကြီး    အသင်းနှင့်      ချင်းပြည်နယ်အသင်းတို့ ယှဉ်ပြိုင် ကစားကြရာ   ပဲခူးတိုင်းဒေသကြီး အသင်းက   ချင်းပြည်နယ်အသင်း ကို  လေးဂိုး-တစ်ဂိုးဖြင့်လည်း ကောင်း အနိုင်ရရှိခဲ့သည်။

 


ဇူလိုင်  ၂၂  ရက်တွင်  ပထမ အဆင့်    အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်အဖြစ် ညနေ ၃ နာရီခွဲတွင် ဝဏ္ဏသိဒ္ဓိ    ဘောလုံးအားကစား ကွင်းအမှတ်(၁)၌   မကွေးတိုင်း ဒေသကြီးအသင်းနှင့်  မန္တလေး တိုင်းဒေသကြီးအသင်း၊ ဝဏ္ဏသိဒ္ဓိ ဘောလုံးအားကစားကွင်း အမှတ် (၃)၌   ကရင်ပြည်နယ်အသင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီး အသင်း တို့    ဆက်လက်ယှဉ်ပြိုင်ကစား ကြမည်ဖြစ်ရာ     ဘောလုံးအား ကစားနည်းကို  စိတ်ပါဝင်စားသည့် မည်သူမဆို    အခမဲ့လာရောက် ကြည့်ရှုအားပေးနိုင်ကြောင်း   သိရ သည်။        
အားကာမောင်