
၂၀၂၂ ကာတာကမ္ဘာ့ဖလား ပြိုင်ပွဲ ၏ ဥရောပဇုန်မှ လက်ကျန်သုံး နေရာအတွက် ယှဉ်ပြိုင်ကစားကြ မည့်ရှုံးထွက် (ဆီမီးဖိုင်နယ်) ပွဲစဉ် များကို မဲခွဲထုတ်ပြန်လိုက်ပြီဖြစ် ရာ နာမည်ကြီး ပေါ်တူဂီနှင့် အီတလီအသင်းတို့သည် လမ်းကြောင်း တစ်ခုတည်း ကျရောက်ခဲ့သည့်အတွက် အဆိုပါ နှစ်သင်းထဲမှ တစ်သင်းသာလျှင် ကမ္ဘာ့ဖလားပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိဖွယ်ရှိသည်။
လမ်းကြောင်း (A) တွင် ဝေးလ်၊ ဩစတြီးယား၊ စကော့ တလန်နှင့် ယူကရိန်းတို့ပါဝင်ပြီး လမ်းကြောင်း (B) တွင် ရုရှား၊ ပိုလန်၊ ဆွီဒင်နှင့် ချက်၊ လမ်းကြောင်း (C)တွင် ပေါ်တူဂီ၊ တူရကီ၊ အီတလီနှင့် မြောက်မက်ဆီဒိုးနီးယားတို့ ပါဝင်နေ သည်။ အဆိုပါ ပွဲစဉ်များကို တစ်ကျော့တည်းစနစ်ဖြင့် ကစား မည်ဖြစ်ကာ ဝေးလ်နှင့် ဩစတြီးယား၊ စကော့တလန်နှင့် ယူကရိန်း၊ ရုရှားနှင့် ပိုလန်၊ ဆွီဒင်နှင့် ချက်၊ ပေါ်တူဂီနှင့် တူရကီ၊ အီတလီနှင့် မြောက်မက်ဆီဒိုးနီးယားတို့ တွေ့ဆုံ နေပြီး မတ် ၂၄ ရက်တွင် ကစားမည်။ ဝေးလ်နှင့် ဩစတြီးယား တို့ထဲမှ အနိုင်ရရှိမည့်အသင်းအနေဖြင့် ဗိုလ်လုပွဲတွင် စကော့ တလန်နှင့် ယူကရိန်းမှ အနိုင်ရရှိမည့်အသင်းနှင့် ကစားရမည်။
ရုရှားနှင့် ပိုလန်မှ အနိုင်ရရှိမည့်အသင်းအနေဖြင့် ဗိုလ်လု ပွဲတွင် ဆွီဒင်နှင့် ချက်မှ အနိုင်ရရှိမည့်အသင်းနှင့် ကစားရမည်။ ပေါ်တူဂီနှင့် တူရကီမှ အနိုင်ရရှိမည့် အသင်းအနေဖြင့် ဗိုလ်လု ပွဲတွင် အီတလီနှင့် မြောက်မက်ဆီဒိုးနီးယားမှ အနိုင်ရရှိမည့် အသင်းနှင့် ကစားရမည်။ ဗိုလ်လုပွဲတွင် လမ်းကြောင်းတစ်ခုစီ မှ အနိုင်ရရှိသည့်အသင်း သုံးသင်းသာလျှင် ကမ္ဘာ့ဖလားပြိုင်ပွဲ ကို ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိမည် ဖြစ်သည်။
အောင်ဇော်