၂၀၂၂ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ်(၃) ရှမ်းယူနိုက်တက်နှင့် ရတနာပုံ တွေ့ဆုံ

 

ရန်ကုန်   ဇူလိုင်   ၈


MNL အမှတ်ပေးပြိုင်ပွဲ  ပွဲစဉ် (၃) အဖြစ် ဇူလိုင် ၉ ရက်တွင် အား/ကာ သိပ္ပံအသင်းနှင့် ဟံသာဝတီအသင်း၊ ဇူလိုင် ၁၀ ရက်တွင် မဟာယူနိုက် တက်နှင့် ဧရာဝတီအသင်း၊ ဇူလိုင် ၁၁ ရက်တွင် ရှမ်းယူနိုက်တက်နှင့် ရတနာပုံအသင်း၊ ဇူလိုင် ၁၃ ရက် တွင် GFA အသင်းနှင့် မြဝတီအသင်း၊ ဇူလိုင် ၁၄ ရက်တွင် ရခိုင်အသင်းနှင့် ရန်ကုန်အသင်းတို့ ယှဉ်ပြိုင်ကစား မည်ဖြစ်သည်။ 

 


ပွဲစဉ်(၂)အပြီးတွင် နှစ်ပွဲဆက် အနိုင်ရထားသည့်အသင်း နှစ်သင်း သာရှိပြီး   လက်ရှိချန်ပီယံ  ရှမ်း ယူနိုက်တက်နှင့် ရန်ကုန်အသင်းတို့ အနိုင်ရထားခြင်း  ဖြစ်သည်။ ယခု တစ်ပတ်၏    စိတ်ဝင်စားစရာ အကောင်းဆုံးပွဲမှာ လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက်နှင့် နာမည်ကြီး ရတနာပုံအသင်းတို့    ထိပ်တိုက် တွေ့ဆုံသည့်ပွဲဖြစ်သည်။ ဇယား ထိပ်ဆုံး ဆက်လက်ဦးဆောင်နိုင်ရန် ယခုပွဲကို မဖြစ်မနေ အနိုင်ကစား ရမည်ဖြစ်သည်။ ရတနာပုံအသင်း သည်   ပွဲစဉ်(၂)တွင်   ရန်ကုန်ကို အရေးနိမ့်ခဲ့သဖြင့်   အမှတ်ရရန် ရုန်းကန်မည်ဖြစ်ရာ   ပြိုင်ဆိုင်မှု ပြင်းထန်ဖွယ်ရှိနေသည်။ အား/ကာ သိပ္ပံနှင့်   ဟံသာဝတီအသင်းတို့ တွေ့ဆုံမှုမှာလည်း   ပွဲကောင်း တစ်ပွဲဖြစ်လာနိုင်ပြီး အမှတ်ရရေး ရုန်းကန်မည့်အသင်းများကြောင့် ပွဲတိုင်းမှာ     စိတ်ဝင်စားဖွယ် ကောင်းနေသည်။


ရဲရင့်လွင်