၂၀၂၂ ရာသီ MNL ပြိုင်ပွဲ အဖွင့်ပွဲတွင် မြဝတီကို ရန်ကုန်အသင်း အနိုင်ယူ

 

ရန်ကုန်   ဇွန်   ၂၅


၂၀၂၂ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၁) ပထမနေ့ကို ဇွန် ၂၅ ရက် ညနေပိုင်းက သုဝဏ္ဏကွင်း၌ကျင်းပရာ ရန်ကုန်အသင်းက မြဝတီ အသင်းကို နှစ်ဂိုးပြတ်အနိုင်ရသည်။

 


ပြည်တွင်းလိဂ်ပြိုင်ပွဲများကို      ကာလအတန်ကြာရပ်နားပြီး ပြန်လည်ကျင်းပသည့် ပထမဆုံးပွဲတွင် ရန်ကုန်အသင်းက အမှတ် ပြည့် ရယူနိုင်ခဲ့ခြင်းဖြစ်သည်။ နှစ်သင်းစလုံး နိုင်ငံခြားသားကစားသမား ခေါ်ယူခြင်းမရှိဘဲ ပြည်တွင်းကစားသမားများဖြင့် ယှဉ်ပြိုင်ခြင်းဖြစ်ပြီး ရန်ကုန်အသင်းက   ပထမပိုင်းတွင် သွင်းယူသည့်ဂိုးများဖြင့် အနိုင်ရခဲ့ ခြင်းဖြစ်သည်။

 


ရန်ကုန်အသင်းတွင်   ကစားသမားသစ်များ ဖြစ်သည့်   ဘုန်းသစ္စာမင်း (ဂိုး)၊   ထက်ဖြိုးဝေ၊ ဟိန်းဇေယျာလင်း  အသင်းသို့  ပြန်လည်ရောက်ရှိ လာသည့်      ကစားသမားဟောင်းများဖြစ်သော ဒေးဗစ်ထန်နှင့် သီဟထက်အောင်တို့ကို ပွဲစကတည်း က အသုံးပြုခဲ့ပြီး မြဝတီအသင်းတွင်လည်း ဝေယံဦး၊ ကောင်းစည်သူ၊ ထွန်းနန္ဒဦး (ဂိုး) စသည့်ကစား သမားများ ပါဝင်ခဲ့သည်။ ရန်ကုန်အသင်းသည် ပွဲစကတည်းက    ခြေအသာဖြင့်   ကစားနိုင်ခဲ့ပြီး ၁၃ မိနစ်တွင် တိုက်စစ်မှူး လမင်းထွေးက အဖွင့်ဂိုး သွင်းယူခဲ့သည်။ ယင်းဂိုးမှာ ၂၀၂၂ ရာသီ MNL ပြိုင်ပွဲ ၏ ပထမဆုံးသွင်းဂိုးလည်းဖြစ်ခဲ့သည်။ ယင်းနောက် ပိုင်းတွင် မြဝတီအသင်း၏ ချေပဂိုးပြန်လည်ရရှိရေး ကြိုးပမ်းမှုများကြောင့်   ပွဲမှာအပြန်အလှန်ရှိလာ သော်လည်း ရန်ကုန်အသင်းက ဒုတိယဂိုးထပ်ရခဲ့ပြီး ၃၇ မိနစ်တွင် ထက်ဖြိုးဝေက သွင်းယူခဲ့ခြင်းဖြစ်သည်။ ထက်ဖြိုးဝေသည် ရန်ကုန်အသင်းသို့ ပြောင်းရွှေ့ အပြီး   ပထမဆုံးပွဲမှာပင်   ဂိုးသွင်းယူနိုင်ခဲ့ခြင်း ဖြစ်သည်။

 


ဒုတိယပိုင်းတွင် မြဝတီအသင်းက ချေပဂိုးရရန် တိုက်စစ်အားမြှင့်လာပြီး ဂိုးသွင်းခွင့်များ ရသော် လည်း အဆုံးသတ်အားနည်းခြင်းနှင့်    ရန်ကုန် ဂိုးသမား   ဘုန်းသစ္စာမင်း   ကာကွယ်နိုင်ခဲ့ခြင်းတို့ ကြောင့် ချေပဂိုးနှင့် ဝေးခဲ့ရသည်။ ရန်ကုန်အသင်း မှာလည်း ဂိုးထပ်ရနိုင်သည့် အခွင့်အရေး သုံးကြိမ် ထက်မနည်းရသော်လည်း အဆုံးသတ်အားနည်းမှု ကြောင့်   ပထမပိုင်းရလဒ်အတိုင်း  ပြီးဆုံးခဲ့ခြင်း ဖြစ်သည်။

 


ပွဲစဉ် (၁) ဒုတိယနေ့ကို ဇွန် ၂၆ ရက် (ယနေ့) ညနေ ၃ နာရီတွင် သုဝဏ္ဏကွင်း၌ ဆက်လက်ကျင်းပ မည်ဖြစ်ပြီး   ဟံသာဝတီအသင်းနှင့်     ဧရာဝတီ အသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။


သတင်း-ရဲရင့်လွင်၊ ဓာတ်ပုံ- MNL