
၂၀၂၃ - ၂၀၂၄ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ၌ ထူးချွန်စွာအောင်မြင်ခဲ့သည့် တပ်မတော်(ကြည်း၊ ရေ၊ လေ)မှ
စစ်သည်များ၊ စစ်မှုထမ်းဆဲ၊ စစ်မှုထမ်းဟောင်း မိသားစုဝင်သားသမီးများ၊ စစ်သည်အစားခန့်အရပ်သားဝန်ထမ်းများ၏
သားသမီးများနှင့် လူရည်ချွန်ဆုရရှိသော ကျောင်းသား ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်
နေပြည်တော် ဇူလိုင် ၂၄
၂၀၂၃ - ၂၀၂၄ ပညာသင်နှစ်၊ တက္ကသိုလ် ဝင်စာမေးပွဲ၌ ထူးချွန်စွာအောင်မြင်ခဲ့ သည့် တပ်မတော်(ကြည်း၊ ရေ၊ လေ)မှ စစ်သည်များ၊ စစ်မှုထမ်းဆဲ၊ စစ်မှုထမ်း ဟောင်း မိသားစုဝင်သားသမီးများ၊ စစ်သည်အစားခန့် အရပ်သားဝန်ထမ်း များ၏ သားသမီးများနှင့် လူရည်ချွန်ဆုရရှိ သော ကျောင်းသား ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ဂုဏ်ပြု အမှာစကား ပြောကြားပြီး ဂုဏ်ပြုဆုများပေးအပ် ချီးမြှင့်သည်။
အဆိုပါ ဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်း အနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်အတူ ဇနီး ဒေါ်ကြူကြူလှ၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊
စာမျက်နှာ ၃ ကော်လံ ၁ o
o ရှေ့ဖုံးမှ
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ ဝင် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ)နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ)၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့် ဇနီး များ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့၊ ဗဟိုအမှုဆောင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ တပ်မတော်အခြေခံပညာအထက်တန်း ကျောင်းများနှင့် တပ်မတော်ပညာရေး ကျောင်းများမှ အုပ်ချုပ်မှုတာဝန်ခံအရာရှိ များနှင့် ကျောင်းအုပ်ကြီးများ၊ ဆုရ စစ်သည်များ၊ ကျောင်းသား ကျောင်းသူ များ၊ မိဘများ၊ ဆရာ ဆရာမများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။
အထောက်အပံ့ကောင်းများရရှိမည်
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ဂုဏ်ပြုအမှာစကားပြောကြား ရာတွင် ပညာရေးသည် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ခြင်း၏ အဓိကအခြေခံအုတ်မြစ် ဖြစ်သည့်အပြင် နိုင်ငံ့သားကောင်း တစ်ယောက်တွင်ရှိသင့်သည့် ကျင့်ဝတ်၊ စည်းကမ်းလိုက်နာမှု၊ စုပေါင်းဆောင်ရွက် တတ်မှု စသည့်စိတ်နေစိတ်ထားအခြေခံကောင်း များ ဖြစ်လာအောင် လေ့ကျင့်ပုံဖော်ပေး သည့်အရာဖြစ်ကြောင်း၊ အဆင့်မြင့်ပညာရပ်များတတ်ကျွမ်းပြီး အရည်အချင်း ပြည့်မီသည့် လူသားအရင်းအမြစ်ကောင်း များ ပေါ်ထွန်းလာမှသာ နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးနှင့် နိုင်ငံတည်ဆောက်ရေးပိုင်းတို့တွင် ကောင်းမွန်သည့် အထောက် အပံ့ကောင်းများ ရရှိမည်ဖြစ်ကြောင်း၊ အတတ်ပညာ၊ အသိပညာနှင့် အတွေး အခေါ် ထက်မြက်မြင့်မားသည့် လူ့စွမ်း အားအရင်းအမြစ်များ ပေါကြွယ်ဝမှသာ နိုင်ငံတစ်ခု ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ကြောင်း။
ကြိုတင်စီမံဆောင်ရွက်ထား
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်တာဝန်ယူပြီးချိန်မှ စပြီး ပညာရည်မြှင့်တင်ရေးအဖြစ် ကျောင်းနေအရွယ်အားလုံး ပညာသင်ကြား နိုင်ရေးနှင့် KG+9 အထိ မဖြစ်မနေ သင်ကြားရေးကို မူဝါဒချမှတ်ဆောင်ရွက် ခဲ့ကြောင်း၊ KG+9 တက်ရောက်အောင်မြင် သူများအနေဖြင့်လည်း စက်မှု၊ စိုက်ပျိုးရေး နှင့် မွေးမြူရေးဆိုင်ရာ ပညာရပ်များကို သင်ယူလေ့ကျင့်ခွင့်ရရှိရန်အတွက် ခရိုင် ၈၄ ခုတွင်ရှိသည့် အခြေခံပညာအထက် တန်းကျောင်း ၈၅ ကျောင်းကို ဖွင့်လှစ် ပေးခဲ့ပြီးဖြစ်ကြောင်း၊ အဆိုပါ အခြေခံ ပညာ အထက်တန်းကျောင်းများတွင် တက်ရောက် အောင်မြင်ပြီးသူများကိုလည်း မိမိတို့ရရှိသည့် သတ်မှတ်အရည်အချင်း ပေါ်မူတည်၍ စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးဆိုင်ရာ အဆင့်မြင့်ပညာရပ် များကို ဆက်လက်ကူးပြောင်း သင်ကြား နိုင်ရေးအတွက် ကြိုတင်စီမံဆောင်ရွက်ထားရှိပြီးဖြစ်ကြောင်း။
အထိရောက်ဆုံးနည်းလမ်းဖြစ်
နိုင်ငံတော်၏ အနာဂတ်ကို တည်ဆောက်ဖော်ဆောင်ရာတွင် ပညာ ရေးကို ရေရှည်မြင့်မားအောင် မြှင့်တင် ဆောင်ရွက်ခြင်းကသာ အကောင်းမွန်ဆုံး၊ အမှန်ကန်ဆုံးနှင့် အထိရောက်ဆုံး နည်းလမ်းဖြစ်သည်ဟု ယုံကြည်ကြောင်း၊ အသိပညာနှင့် အတတ်ပညာ ဟန်ချက် မျှတစွာ စွမ်းရည်မြင့်မားမှုမရှိပါက နိုင်ငံ တော်၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စသည့် နယ်ပယ်အသီးသီး၌ အားနည်း ချက်များ ဖြစ်ပေါ်စေမည်ဖြစ်ပြီး တိုင်းပြည် စည်းလုံးညီညွတ်ရေးအပေါ်ကို လည်း မလွဲမသွေ သက်ရောက်စေနိုင်ကြောင်း၊ ထို့ကြောင့် နိုင်ငံ့အနာဂတ်ကောင်းမွန်ရေးအတွက် ရည်ရွယ်ဆောင်ရွက်နေသည့် ပညာရေးကဏ္ဍ အဆင့်မြှင့်တင်ဆောင်ရွက် နေမှုလုပ်ငန်းများကို အားလုံးက သိရှိ နားလည်ပြီး ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားလိုကြောင်း။
တပ်မတော်သားများ အနေဖြင့် သက်ဆိုင်ရာ တပ်မတော်ပညာရေး ကျောင်းများမှ ပြီးခဲ့သည့်တက္ကသိုလ်ဝင် စာမေးပွဲတွင် ဝင်ရောက်ဖြေဆိုခဲ့ရာ အောင်မြင်မှု ပျမ်းမျှ ၂၄ ဒသမ ၅၈ ရာခိုင်နှုန်းရှိခဲ့ပြီး တပ်မတော်အခြေခံ ပညာအထက်တန်းကျောင်းများအနေဖြင့် အောင်မြင်မှုပျမ်းမျှ ၆၀ ဒသမ ၉၄ ရာခိုင်နှုန်းရှိခဲ့သည်ကို တွေ့ရကြောင်း၊ တပ်မတော်သား သုံးဘာသာဂုဏ်ထူးရှင် တစ်ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် ငါးဦး၊ တစ်ဘာသာဂုဏ်ထူးရှင် ၁၂ ဦး ရှိခဲ့သကဲ့ သို့ တပ်မတော်အခြေခံပညာအထက်တန်း ကျောင်းများ၌ တက်ရောက်ခဲ့သူများအနေ ဖြင့် ခြောက်ဘာသာဂုဏ်ထူးရှင် ၁၇ ဦး၊ ငါးဘာသာဂုဏ်ထူးရှင် ၂၆ ဦး၊ လေးဘာသာဂုဏ်ထူးရှင် ၃၁ ဦး၊ သုံးဘာသာဂုဏ်ထူးရှင် ၃၈ ဦး၊ နှစ်ဘာသာ ဂုဏ်ထူးရှင် ၆၅ ဦး၊ တစ်ဘာသာဂုဏ်ထူး ရှင် ၁၉၇ ဦးရှိခဲ့သည်ကို တွေ့ရှိရကြောင်း။
တပ်မတော်ပညာရေးကျောင်းများ၌ဆိုပါက အမှတ် (၂) ပညာရေးကျောင်း သည် အောင်မြင်မှုပျမ်းမျှ ၆၆ ဒသမ ၆၇ ရာခိုင်နှုန်းရှိခဲ့သကဲ့သို့ တပ်မတော်အခြေခံ ပညာအထက်တန်းကျောင်းများအနက် အမှတ်(၆) အခြေခံပညာအထက်တန်း ကျောင်း (စစ်တွေ)နှင့် အမှတ်(၂)အခြေခံ ပညာအထက်တန်းကျောင်း (မင်္ဂလာဒုံ) တို့သည်လည်း အောင်မြင်မှုပျမ်းမျှ ၉၅ ရာခိုင်နှုန်းကျော်အထိ ဖြစ်ခဲ့သည်ကို တွေ့ရှိရကြောင်း၊ ထိုကဲ့သို့ အောင်မြင်မှု များနှင့် ဂုဏ်ထူးရသူများစွာကို မွေးထုတ် ပေးနိုင်ခဲ့သည့်အတွက် များစွာဂုဏ်ယူမိ ကြောင်းကို ပြောကြားလိုကြောင်း။
ထိပ်တန်းကရပ်တည်နေ
မိမိတို့နိုင်ငံတွင် ပညာရေးကဏ္ဍ ပိုမိုကျယ်ပြန့်လာစေရေး ပုဂ္ဂလိကကိုယ်ပိုင် ကျောင်းများကို ၂၀၁၂-၂၀၁၃ ပညာသင်နှစ် မှစပြီး ဖွင့်လှစ်ခွင့်ပြုခဲ့ကြောင်း၊ ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်းများ ပေါ်ပေါက်လာသော် လည်း အခြေခံပညာကဏ္ဍတွင် ပြည်သူ လူထုအများစုသည် အစိုးရအခြေခံပညာ ကျောင်းများ၌ အဓိကတက်ရောက် ပညာ သင်ကြားကြကြောင်း၊ တပ်မတော်သား သား၊ သမီးများသည်လည်း နိုင်ငံ့ဝန်ထမ်း သား၊ သမီးများဖြစ်ကြသဖြင့် နိုင်ငံတော် အစိုးရ၏ အခြေခံကျောင်းများတွင် အလေးထားတက်ရောက်ပညာသင်ကြား ကြရကြောင်း၊ ယခု ထူးချွန်ဆုရသူအများစု သည် အစိုးရအခြေခံပညာကျောင်းများ တွင် တက်ရောက်ပညာသင်ကြားပြီး ထူးချွန်အောင်မြင်ခဲ့ကြသူများ ဖြစ် ကြောင်း၊ ကိုယ်တိုင်ကြိုးစားအားထုတ်မှုမှ ရရှိခဲ့ကြသူများဖြစ်ကြောင်း၊ ထို့ပြင်နှစ်စဉ် တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက်များ တွင်လည်း တပ်မတော်အခြေခံပညာ အထက်တန်းကျောင်းများ အပါအဝင် အစိုးရအခြေခံပညာအထက်တန်းကျောင်း များသည် ထိပ်တန်းကရပ်တည်နေသည် ကို တွေ့ရကြောင်း။
ကျောင်းအသီးသီးကကြိုးပမ်းမြှင့်တင်
ယင်းတို့ကို ကြည့်ရှုခြင်းအားဖြင့် ပညာသင်ကြားမှု၊ တတ်မြောက်မှုနှင့် ထူးချွန်စွာအောင်မြင်နိုင်မှု အခွင့်အလမ်း တို့သည် ငွေကြေးတတ်နိုင်မှု၊ အရင်းအမြစ် ကြွယ်ဝမှုတို့အပေါ်ထက် မိမိကိုယ်တိုင် ကြိုးစားအားထုတ်မှု၊ မိဘ၊ ဆရာနှင့် တာဝန်ရှိသူများ၏ အားပေးမှုတို့အပေါ် တွင် အဓိကတည်မှီနေခြင်းဖြစ်သည်ကို ပြောနိုင်ကြောင်း၊ နိုင်ငံတော်အစိုးရ၊ တပ်မတော်အနေဖြင့်လည်း တပ်မတော် သားများနှင့် အငြိမ်းစားမိသားစုဝင်များ ၏ ပညာရေးကို မိဘ၊ ဆရာ၊ ကျောင်းသား၊ တာဝန်ရှိသူများဟူသည့် စတုရန်းပုံစံ ဝိုင်းဝန်းကြိုးပမ်းပေးခြင်းဖြင့် မြှင့်တင် ပေးလျက်ရှိကြောင်း၊ ထို့ကြောင့် မိမိတို့ သား၊ သမီးတိုင်း၊ ကျောင်းသားတိုင်းကို ကိုယ်တိုင်ကြိုးစားအားထုတ်မှု၊ ဆရာ၊ ဆရာမများ၏ အနီးကပ်ကြပ်မတ်လေ့ကျင့်ပေးမှုများဖြင့် ကျောင်းအသီးသီးက ကြိုးပမ်းမြှင့်တင်ပေးရန် တိုက်တွန်း ပြောကြားလိုကြောင်း။
ယနေ့အခမ်းအနားတွင် ခြောက် ဘာသာဂုဏ်ထူးရရှိသူ ၆၉ ဦး၊ ငါးဘာသာ ဂုဏ်ထူးရရှိသူ ၈၀ ဦး၊ သုံးဘာသာဂုဏ်ထူး ရရှိသူ စစ်သည်တစ်ဦး၊ နှစ်ဘာသာ ဂုဏ်ထူးရရှိသူ စစ်သည် ခုနစ်ဦး၊ တစ်ဘာသာဂုဏ်ထူးရရှိသူ စစ်သည် ၁၃ ဦး၊ လူရည်ချွန် ၃၄ ဦးနှင့် အောင်ချက် အကောင်းဆုံးဖြစ်သည့် တပ်မတော်ပညာ ရေးကျောင်းများနှင့် တပ်မတော်အခြေခံ ပညာအထက်တန်းကျောင်းများမှ တာဝန် ရှိသူများကို ထိုက်ထိုက်တန်တန် ဆုပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း၊ အခြားဂုဏ်ထူးရရှိသူများနှင့် ပညာသင်ဆု ရရှိသူများကို သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်အသီးသီးတွင် ပေးအပ်ချီးမြှင့်သွား မည်ဖြစ်ကြောင်း။
ရှစ်ကြိမ်စေလွှတ်ပေး
တပ်မတော်အနေဖြင့် ယခုကဲ့သို့ ဂုဏ်ပြုချီးမြှင့်ခြင်းများအပြင် တက္ကသိုလ် ပညာသင်ထောက်ပံ့ကြေးများကိုလည်း ၂၀၁၃-၂၀၁၄ ပညာသင်နှစ်မှ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အထိ ကျောင်းသား ကျောင်း သူ ၇၈၇ ဦးကို ပညာသင်ထောက်ပံ့ကြေး များပေးခဲ့ကြောင်း၊ ၎င်းတို့အနက် ဆရာဝန် ဘွဲ့ရရှိသူ ၃၈ ဦး၊ အင်ဂျင်နီယာဘွဲ့ရရှိသူ ၃၅ ဦးနှင့် အခြားဘွဲ့ရရှိသူ ၄၁ ဦး ရှိခဲ့ပြီး ဖြစ်ကြောင်း၊ ထို့အတူ အတွေ့အကြုံများ ရရှိပြီး အနာဂတ်ဘဝပုံဖော်သည့်အခါ အကျိုးများစွာပြုစေရန် ရည်ရွယ်၍ ထူးချွန်ကျောင်းသား ကျောင်းသူ ၂၅၇ ဦး ကို ပြည်ပနိုင်ငံများသို့ လေ့လာရေးခရီး ရှစ်ကြိမ် စေလွှတ်ပေးခဲ့ကြောင်း၊ ပြည်ပ နိုင်ငံများကို လေ့လာရေးခရီးသွားရောက် ခဲ့သဖြင့် ရရှိခဲ့သည့်အတွေ့အကြုံများကို နိုင်ငံ့အကျိုးပြုလုပ်ငန်းများတွင် ပြန်လည် အသုံးချ လုပ်ဆောင်နိုင်မည်ဟုလည်း ယုံကြည်ကြောင်း။
မိမိတို့နိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံ အသီးသီးသည် ယနေ့အချိန်တွင် စိန်ခေါ်မှု မျိုးစုံကို ရင်ဆိုင်နေကြရချိန်ဖြစ်ကြောင်း၊အသိပညာ၊ အတတ်ပညာပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံများက ကြုံတွေ့ နေသည့် စိန်ခေါ်မှုမျိုးစုံကို ရင်ဆိုင် ကျော်လွှားနိုင်စွမ်းရှိသော်လည်း အသိ ပညာ၊ အတတ်ပညာပိုင်းဆိုင်ရာနိမ့်ပါးသည့် နိုင်ငံများအနေဖြင့် အခက်အခဲမျိုးစုံ ကို ရင်ဆိုင်ကြုံတွေ့နေရသည်ကို တွေ့မြင် ကြရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် လူတိုင်း အကျုံးဝင်သည့် ပညာရေးမှအစပြုပြီး ခေတ်မီထိရောက်သည့် ပညာရေးစနစ် တစ်ရပ် ဖြစ်ထွန်းအောင်မြင်လာသည် အထိ မိမိတို့အားလုံး စည်းလုံးညီညွတ်ပြီး ယုံကြည်ချက်၊ ခံယူချက်ခိုင်မာစွာဖြင့် တည်ဆောက်သွားကြရန်လိုကြောင်း။
ထို့ကြောင့် အခမ်းအနားကို တက်ရောက်လာကြသည့် လူငယ် မောင်မယ်တို့အနေဖြင့်လည်း ဗလငါးတန် ဖွံ့ဖြိုးပြီး နိုင်ငံတော်က အားကိုးအားထား ပြုရသည့် ထူးချွန်ထက်မြက်သည့် လူငယ် လူရွယ်များဖြစ်အောင် ကြိုးစားသွားကြ ရန် တိုက်တွန်းလိုကြောင်း ပြောကြား သည်။
ရှင်းလင်းတင်ပြ
ထို့နောက် စစ်ရေးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး စိုးမင်းဦးက ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ၌ ထူးချွန်စွာအောင်မြင်ခဲ့သည့် စစ်သည်များ၊ တပ်မတော်သားမိသားစုဝင် သားသမီး များ၊ စစ်မှုထမ်းဟောင်းမိသားစုဝင် သားသမီးများ၊ စစ်သည်အစားခန့် အရပ် သားဝန်ထမ်းများ၏ သားသမီးများမှ ဂုဏ်ထူးငါးဘာသာနှင့် အထက်အောင်မြင် ခဲ့သူများ၊ အောင်ချက်အကောင်းဆုံး ပထမ၊ ဒုတိယ၊ တတိယဆုရရှိသည့် တပ်မတော်ပညာရေး ကျောင်းများ၊ တပ်မတော်အခြေခံပညာ ကျောင်းများနှင့် လူရည်ချွန်ဆုရရှိသူ ကျောင်းသား ကျောင်းသူများ၏ ဆုရရှိမှုအခြေအနေများ ကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် ဆုချီးမြှင့်ခြင်းအခမ်း အနားကို ဆက်လက်ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင် ရေးညွှန်ကြားရေးမှူးရုံးကွပ်ကဲမှုအောက် တပ်မတော်အခြေခံပညာအထက်တန်း ကျောင်းများမှ ၂၀၂၃-၂၀၂၄ ပညာသင် နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲများတွင် အောင်ချက်အကောင်းဆုံး ပထမ၊ ဒုတိယ၊ တတိယဆုရရှိသည့် အခြေခံပညာအထက် တန်းကျောင်းများမှ ကျောင်းအုပ်ချုပ်မှုတာဝန်ခံအရာရှိများအား ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့် သည်။
ပေးအပ်ချီးမြှင့်
ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်က လူရည်ချွန်ဆုရရှိသူ ငါးဦး နှင့် ခြောက်ဘာသာဂုဏ်ထူးဖြင့် ထူးချွန် စွာအောင်မြင်ခဲ့သူ နှစ်ဦးတို့အား ဂုဏ်ပြု တံဆိပ်၊ ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်း လွှာများ ပေးအပ်ချီးမြှင့်သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ဇနီး ဒေါ်ကြူကြူလှက လူရည် ချွန်ဆုရရှိသူငါးဦးနှင့် ခြောက်ဘာသာ ဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သူ ငါးဦးတို့အား ဂုဏ်ပြုတံဆိပ်၊ ဂုဏ်ပြုဆု နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ် ချီးမြှင့်သည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် တပ်မတော်ပညာရေး ကျောင်းများမှ အောင်ချက်အကောင်းဆုံး ပထမ၊ ဒုတိယ၊ တတိယဆုရရှိသည့် ပညာရေးကျောင်းများမှ ကျောင်းအုပ်ကြီး များအား ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်း လွှာများ ပေးအပ်ချီးမြှင့်သည်။
ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)က လူရည် ချွန်ဆုရရှိသူငါးဦးနှင့် ခြောက်ဘာသာ ဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သူ နှစ်ဦးတို့အား ဂုဏ်ပြုတံဆိပ်၊ ဂုဏ်ပြု ဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ် ချီးမြှင့်သည်။
ထို့နောက် ကောင်စီအဖွဲ့ဝင် ညှိနှိုင်း ကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ) ဗိုလ်ချုပ် ကြီး မောင်မောင်အေးနှင့်ဇနီး၊ ကောင်စီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးနှင့်ဇနီး၊ ကောင်စီတွဲဖက် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်း ဦးနှင့်ဇနီး၊ ကောင်စီအဖွဲ့ဝင် ကာကွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ် ထိန်ဝင်းနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ် (လေ)ဗိုလ်ချုပ်ကြီးထွန်းအောင်၊ ကာကွယ် ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ် ကြီး သက်ပုံ၊ ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်၊ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့၊ ဗဟို အမှုဆောင်ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း(အငြိမ်းစား)၊ စစ်ရေးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး စိုးမင်းဦးတို့က လူရည်ချွန်ဆု နှင့် ထူးချွန်ဂုဏ်ထူးရကျောင်းသား ကျောင်းသူများ၊ စစ်သည်များအား ဂုဏ်ပြု တံဆိပ်၊ ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်း လွှာများ အသီးသီးပေးအပ်ချီးမြှင့်ကြ သည်။
စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်
ဆုများပေးအပ်အပြီးတွင် ထူးချွန် ဂုဏ်ထူးရ ကျောင်းသား ကျောင်းသူများ နှင့် စစ်သည်များကိုယ်စား ကျောင်းသူ တစ်ဦးက ကျေးဇူးတင်စကားပြန်လည် ပြောကြားသည်။ ထို့နောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များ သည် ထူးချွန်ဂုဏ်ထူးရ ကျောင်းသား ကျောင်းသူများ၊ စစ်သည်များနှင့်အတူ အမှတ်တရစုပေါင်းမှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကြသည်။
တည်ခင်းဧည့်ခံ
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်နှင့် ဇနီးတို့က အခမ်းအနား တက်ရောက်လာကြသူများ၊ ဆုရစစ်သည် များ၊ ကျောင်းသား ကျောင်းသူများ၊ မိဘ များနှင့် ဆရာ ဆရာမများအား စားသောက် ဖွယ်ရာများဖြင့် တည်ခင်းဧည့်ခံသည်။ စားသောက်ဖွယ်ရာများ သုံးဆောင်နေစဉ် အတွင်း ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင် ရေး ညွှန် ကြားရေးမှူးရုံးကွပ်ကဲမှုအောက် မြဝတီတေးဂီတအဖွဲ့မှ အနုပညာရှင်များ က လူငယ်ဂုဏ်ပြုတေးသီချင်းများဖြင့် သီဆိုဖျော်ဖြေကြသည်။
ဧည့်ခံဖျော်ဖြေပွဲအပြီးတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် ဇနီး၊ အဖွဲ့ဝင်များသည် ဆုရစစ်သည်များ၊ ကျောင်းသား ကျောင်းသူများနှင့် မိဘများ အား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ ကြောင်း သတင်းရရှိသည်။
သတင်းစဉ်