၂၀၂၃ MFF ဖူဆယ်လိဂ် - ၁ ပြိုင်ပွဲ ယနေ့စတင်ကျင်းပမည်

 

ရန်ကုန်    ဖေဖော်ဝါရီ    ၂၅


၂၀၂၃ ရာသီ MFF ဖူဆယ်လိဂ် - ၁ ပြိုင်ပွဲကို  ဖေဖော်ဝါရီ  ၂၆  ရက် (ယနေ့)   နံနက်  ၈ နာရီမှစ၍  သုဝဏ္ဏဘောလုံးကွင်းအတွင်းရှိ MFF ဖူဆယ် အားကစားရုံ၌   ကျင်းပ သွားမည်ဖြစ်ပြီး အဖွင့်ပွဲအဖြစ် Generations  အသင်းနှင့် AMM Brothers အသင်း  ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

 


ယခုရာသီ ဖူဆယ်လိဂ် - ၁ ပြိုင်ပွဲကို အသင်းစုစုပေါင်း ၁၀ သင်း  ဝင်ရောက်ယှဉ်ပြိုင်  မည်ဖြစ်ပြီး  လက်ရှိချန်ပီယံ MIU အသင်းအပါအဝင် VUC အသင်း၊ MFF ယူ - ၁၈  အသင်း၊ Winner Soccer အသင်း၊  Dream Team FC၊  AMM Brothers အသင်း၊ Futsal Chit Thu အသင်း၊  AKG အသင်း၊ Futsal 19 အသင်းနှင့် Generations အသင်းတို့ ယှဉ်ပြိုင် မည်ဖြစ်သည်။ ပွဲစဉ် (၁)  အဖြစ်    ဖေဖော်ဝါရီ ၂၆ ရက်တွင် Generations အသင်းနှင့် AMM Brothers အသင်း၊   VUC  အသင်းနှင့်  Dream Team FC၊ MFF ယူ-၁၈ အသင်းနှင့် Winner Soccer အသင်း၊  လက်ရှိချန်ပီယံ MIU အသင်းနှင့် AKG အသင်း၊  Futsal 19 အသင်းနှင့် Futsal Chit Thu အသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ ပထမအကျော့ပွဲစဉ်များကို ဖေဖော်ဝါရီ ၂၆ ရက်မှ မတ် ၂၆ ရက်၊ ဒုတိယအကျော့ပွဲစဉ်များကို  ဧပြီ ၂၀ ရက်မှ မေ ၂၅ ရက်အထိ ကျင်းပမည်ဖြစ်သည်။


မြန်မာနိုင်ငံ   ဘောလုံးအဖွဲ့ချုပ်သည်   ယခုရာသီမှစတင်ကာ ဖူဆယ်လိဂ်ကို   တန်းတက်၊  တန်းဆင်းစနစ်ကျင့်သုံးနိုင်ရန်အတွက် လိဂ်-၂ ပြိုင်ပွဲကို စတင်ကျင်းပမည်ဖြစ်ပြီး   မတ် ၁ ရက်တွင်  အသင်း  ရှစ်သင်းဖြင့် စတင်ကျင်းပမည်ဖြစ်သည်။                        

ရဲရင့်လွင်