၂၀၂၃ ရာသီ MNL-2 (ပထမတန်း) ပြိုင်ပွဲ ကျင်းပမည်

 

ရန်ကုန်   မတ်    ၂၉


မြန်မာနေရှင်နယ်လိဂ်က    စီစဉ်ကျင်းပသည့် ၂၀၂၃ ရာသီ MNL-2 (ပထမတန်း) အမှတ် ပေးပြိုင်ပွဲကို ဧပြီ ၂၄ ရက်တွင် စတင်ကျင်းပ မည်ဖြစ်သည်။

 


တန်းတက်ခွင့်ရမည်


လာမည့်ရာသီ MNL-2 ပြိုင်ပွဲတွင် အသင်း ဟောင်းများဖြစ်သည့်   Junior  Lions  (ခ) မြန်မာ ယူ-၁၉ အသင်း၊  မောရဝတီအသင်းနှင့်  တက္ကသိုလ်အသင်းတို့   သုံးသင်း ဆက်လက်   ယှဉ်ပြိုင်မည်ဖြစ်ပြီး အသင်းသစ်များအဖြစ်       သစ္စာအားမာန်အသင်း၊ ငွေကြယ်ပွင့်အသင်း၊ ရက္ခပူရယူနိုက်တက်အသင်း၊ Port အသင်း၊  Glory Goal အသင်း၊ Golden Grit အသင်းနှင့်  ရွှေပြည်သာအသင်းတို့ ယှဉ်ပြိုင်မည်ဖြစ်သည်။  ယခုရာသီတွင်     အမှတ်အများဆုံးရရှိသည့် နှစ်သင်းမှာ MNL သို့ တန်းတက်ခွင့်ရမည်ဖြစ်ပြီး  အမှတ်အနည်းဆုံး နှစ်သင်းမှာမူ  အပျော်တမ်း လိဂ်သို့      တန်းဆင်း     ယှဉ်ပြိုင်ရမည်ဖြစ်သည်။ 

 


ယင်းပြိုင်ပွဲကို ဧပြီ ၂၄ ရက်မှ စက်တင် ဘာ ၁၆ ရက်အထိ ကျင်းပမည်ဖြစ်ပြီး ရန်ကုန် မြို့ရှိ ပဒုမ္မာကွင်းနှင့် စလင်းကွင်းတွင် ကျင်းပ မည်ဖြစ်သည်။ ပထမအကျော့ပွဲစဉ်များကို ဧပြီ  ၂၄ ရက်မှ ဇွန် ၂၅ ရက်အထိ ကျင်းပမည်ဖြစ်ပြီး ပွဲစဉ် (၁) အဖြစ် ဧပြီ ၂၄ ရက်တွင် စလင်းကွင်း၌ သစ္စာအားမာန်အသင်းနှင့်    Junior    Lions အသင်း၊ ပဒုမ္မာကွင်း၌ ငွေကြယ်ပွင့်အသင်းနှင့် ရက္ခပူရယူနိုက်တက်အသင်း၊ ဧပြီ ၂၅ ရက်တွင် စလင်းကွင်း၌    မောရဝတီအသင်းနှင့်     Port အသင်း၊ ပဒုမ္မာကွင်း၌ Glory Goal အသင်းနှင့် Golden  Grit  အသင်း၊  ဧပြီ  ၂၆  ရက်တွင် ပဒုမ္မာကွင်း၌     ရွှေပြည်သာအသင်းနှင့် တက္ကသိုလ်အသင်းတို့     ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။

 


တန်းတက်၊ တန်းဆင်းကျင့်သုံးရန် ကျင်းပ


MNL ပြိုင်ပွဲကို တန်းတက်၊ တန်းဆင်းစနစ် ကျင့်သုံးနိုင်ရန် MNL-2 ပြိုင်ပွဲကို ၂၀၁၃ ခုနှစ် တွင်    စတင်ကျင်းပခဲ့ပြီး  ၂၀၁၃  ရာသီတွင်  ချင်းယူနိုက်တက်အသင်း၊  ၂၀၁၄  ရာသီတွင် ဟံသာဝတီအသင်း၊၂၀၁၅ ရာသီတွင် Southern အသင်း၊ ၂၀၁၆ ရာသီတွင် မနောမြေအသင်း၊ ၂၀၁၇ ရာသီတွင် စီးတီးရန်ကုန်အသင်း၊ ၂၀၁၈ ရာသီတွင်  ရွိုင်ရယ်သန်လျင်အသင်း၊  ၂၀၁၉ ရာသီတွင် ချင်းယူနိုက်တက်အသင်း၊ ၂၀၂၂ ရာသီတွင် တက္ကသိုလ်အသင်းတို့ ချန်ပီယံဆု ရရှိခဲ့သည်။   ၂၀၂၀   ရာသီတွင်    ကိုဗစ်-၁၉ ကပ်ရောဂါကြောင့်  ပထမအကျော့အပြီး ပြိုင်ပွဲဖျက်သိမ်းခဲ့ရပြီး ၂၀၂၁ ခုနှစ်တွင် ပြိုင်ပွဲ ကျင်းပခဲ့ခြင်းမရှိပေ။

ရဲရင့်လွင်